စကာကို ယဇ်ပလ္လင်၏အလယ်အထိရောက်အောင် ယဇ်ပလ္လင်၏အစွန်းထွက်နေသောနေရာမှ အောက်သို့ချရမည်။
ယေဇကျေလ 43:14 - မြန်မာ့စံမီသမ္မာကျမ်း မြေပေါ်ရှိ အောက်ခြေအဆင့်မှ နောက်အဆင့်ငယ်တစ်ဆင့်မှာ နှစ်တောင်မြင့်၍ တစ်တောင်ကျယ်ရမည်။ ထိုအဆင့်ငယ်မှ ပို၍မြင့်သောအဆင့်မှာ လေးတောင်မြင့်၍ တစ်တောင်ကျယ်ရမည်။ Common Language Bible ယဇ်ပလ္လင်၏အနိမ့်ဆုံးအဆင့်သည်လေးပေ မြင့်၏။ နောက်တစ်ဆင့်မှာပထမဆင့်၏အနား လေးဘက်စလုံးမှလက်မနှစ်ဆယ်ခွာ၍ထား ပြီးလျှင်အမြင့်ခုနစ်ပေရှိလေသည်။ နောက် တစ်ဆင့်သည်လည်းထိုနည်းတူဒုတိယ အဆင့်အနားလေးဘက်စလုံးမှလက်မ နှစ်ဆယ်ခွာ၍ထားလေ၏။- Garrad Bible မြေ ပေါ် ရှိ ထို တ လင်း ထက် အ မြင့် နှစ် တောင်၊ ကွက် လပ် အ နံ တစ် တောင် ရှိ သော ဒု တိ ယ ဆင့်၊ ထို အ ဆင့် ငယ် အ ထက် အ မြင့် လေး တောင်၊ ကွက် လပ် အ နံ တစ် တောင် ရှိ သော အ ဆင့် ကြီး၊ Judson Bible အောက်အထစ်သည် မြေနှင့်နှစ်တောင်ကွာ၍ အကျယ်တစ်တောင်ရှိရမည်။ ငယ်သောအထစ်နှင့် ကြီးသောအထစ်သည် လေးတောင်ကွာ၍ အကျယ်တစ်တောင် ရှိရမည်။ |
စကာကို ယဇ်ပလ္လင်၏အလယ်အထိရောက်အောင် ယဇ်ပလ္လင်၏အစွန်းထွက်နေသောနေရာမှ အောက်သို့ချရမည်။
ကိုယ်ထည်၏အောက်ခြေသည် စတုရန်းပုံဖြစ်၍ အလျားတစ်ဆယ့်လေးတောင်၊ အနံတစ်ဆယ့်လေးတောင် ရှိရမည်။ အနားကွပ်မှာ တစ်ထွာရှိရမည်။ အောက်ခြေပတ်ပတ်လည်မှာ တစ်တောင်ကျယ်ရမည်။ ယဇ်ပလ္လင်လှေကားထစ်များသည် အရှေ့ဘက်သို့မျက်နှာမူရမည်”ဟု မိန့်တော်မူ၏။
‘နွားထီးပျို၏သွေးအချို့ကိုယူ၍ ယဇ်ပလ္လင်၏ချိုလေးခု၊ အဆင့်၏ထောင့်လေးထောင့်နှင့် အကွပ်ပတ်လည်တို့၌ သုတ်လိမ်းရမည်။ ဤသို့ဖြင့် ယဇ်ပလ္လင်ကို စင်ကြယ်စေရမည်။ ယဇ်ပလ္လင်အဖို့ အပြစ်ဖြေလွှတ်ခြင်းကို ပြုရမည်။
ယဇ်ပုရောဟိတ်သည် အပြစ်ဖြေရာယဇ်၏သွေးအချို့ကိုယူ၍ အိမ်တော်၏တံခါးတိုင်၊ ယဇ်ပလ္လင်၏ထောင့်လေးထောင့်နှင့် အတွင်းဝင်းတံခါးတိုင်တွင် သုတ်ရမည်။
‘အို အစ္စရေးမင်းသားတို့၊ တော်သင့်ပြီ။ ရက်စက်ကြမ်းကြုတ်ခြင်း၊ ဖိနှိပ်ညှဉ်းဆဲခြင်းအမှုတို့ကိုရှောင်၍ တရားမျှတစွာ၊ ဖြောင့်မတ်စွာ ပြုကျင့်ကြလော့။ ငါ့လူမျိုးတို့ထံမှ လုယူသိမ်းပိုက်ခြင်းအမှုကို ရပ်တန်းကရပ်ကြလော့’ဟု ဘုရားရှင်ထာဝရဘုရားမိန့်တော်မူ၏။