အိမ်တော်အခန်းငယ်များထဲသို့ဝင်ရန် မြောက်ဘက်မြေကွက်လပ်သို့ မျက်နှာမူသော တံခါးပေါက်တစ်ပေါက်၊ တောင်ဘက်မြေကွက်လပ်သို့ မျက်နှာမူသော တံခါးပေါက်တစ်ပေါက်ရှိ၏။ အခန်းပတ်ပတ်လည်ရှိ စင်္ကြံ၏အကျယ်မှာ ငါးတောင်ရှိ၏။
ယေဇကျေလ 41:5 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် အိမ်တော်နံရံကိုတိုင်းရာထုမှာ ခြောက်တောင်ရှိ၏။ အိမ်တော်နှင့်ကပ်လျက် အိမ်တော်ပတ်ပတ်လည်ရှိ အခန်းငယ်များမှာ တစ်ခန်းလျှင်လေးတောင်စီ အကျယ်ရှိ၏။ Common Language Bible ထိုလူသည်ဗိမာန်တော်အဆောက်အအုံ အတွင်းနံရံ၏ထုကိုတိုင်း၍ကြည့်ရာ ဆယ်ပေရှိ၏။ ထိုနံရံကိုကပ်၍ဗိမာန် တော်ပတ်လည်၌အကျယ်ခုနစ်ပေရှိ အခန်းငယ်များရှိ၏။- Garrad Bible ဗိ မာန် တော် နံ ရံ ထု ကို ခြောက် တောင်၊ ဗိ မာန် တော် ပတ် လည်၊ အောက် ခန်း ငယ် တိုင်း အ နံ ကို လေး တောင် စီ တိုင်း ၏။ Judson Bible ထိုနောက်၊ အိမ်တော်ထရံကိုတိုင်း၍ အထုခြောက်တောင်ရှိ၏။ အိမ်တော်ပတ်လည် ထရံအခန်းတို့သည် အနံ လေးတောင်စီရှိ၏။ |
အိမ်တော်အခန်းငယ်များထဲသို့ဝင်ရန် မြောက်ဘက်မြေကွက်လပ်သို့ မျက်နှာမူသော တံခါးပေါက်တစ်ပေါက်၊ တောင်ဘက်မြေကွက်လပ်သို့ မျက်နှာမူသော တံခါးပေါက်တစ်ပေါက်ရှိ၏။ အခန်းပတ်ပတ်လည်ရှိ စင်္ကြံ၏အကျယ်မှာ ငါးတောင်ရှိ၏။
ဆင်ဝင်ရှိနံရံများတွင်လည်းကောင်း၊ အိမ်တော်အခန်းငယ်များတွင်လည်းကောင်း၊ အမိုးများတွင်လည်းကောင်း ပြတင်းပေါက်ငယ်များနှင့် စွန်ပလွံပင်ပုံများပါရှိ၏။