မုခ်ဆောင်အတွင်းပတ်ပတ်လည်တွင် ပြတင်းပေါက်ငယ်များပါရှိ၏။ မုခ်ဆောင်အတွင်းဘက်ရှိ အခန်းငယ်များ၊ တိုင်များနှင့် ဆင်ဝင်တို့တွင် ပြတင်းပေါက်ငယ်များပါရှိ၏။ တိုင်များတွင် စွန်ပလွံပင်ပုံ ဖော်ထား၏။
ယေဇကျေလ 41:3 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် အတွင်းခန်းသို့ဝင်၍ တံခါးအဝင်ဝတိုင်ကိုတိုင်းရာ ထုနှစ်တောင်ရှိ၏။ တံခါးပေါက်အကျယ်မှာ ခြောက်တောင်ရှိ၏။ အဝင်ဝတစ်ဖက်တစ်ချက်ရှိ နံရံအကျယ်မှာ ခုနစ်တောင်စီရှိ၏။ Common Language Bible ထိုနောက်သူသည်အတွင်းဆုံးအခန်းသို့ ဝင်၏။ ထိုအခန်းအဝင်လမ်းကိုတိုင်းတာ ကြည့်ရာထုသုံးပေ၊ အနံဆယ်ပေရှိလေ သည်။ ဝဲယာရှိနံရံများမှာထုတစ်ဆယ့် နှစ်ပေရှိသတည်း။- Garrad Bible ထို သူ သည် အ တွင်း ခန်း သို့ ဝင်၍၊ တံ ခါး တိုင် နံ ရံ ကို ထု နှစ် တောင်၊ အ နံ ခု နစ် တောင်၊ အ ပေါက် ဝ ကို ခြောက် တောင်၊ Judson Bible ထိုနောက်၊ အထဲသို့ဝင်၍ အရာရာတို့ကိုတိုင်းလျှင်၊ တံခါးတိုင် နှစ်တောင်၊ တံခါးဝခြောက်တောင်၊ တံခါးဝ တစ်ဖက်တစ်ချက် ခုနစ်တောင်စီရှိ၏။ |
မုခ်ဆောင်အတွင်းပတ်ပတ်လည်တွင် ပြတင်းပေါက်ငယ်များပါရှိ၏။ မုခ်ဆောင်အတွင်းဘက်ရှိ အခန်းငယ်များ၊ တိုင်များနှင့် ဆင်ဝင်တို့တွင် ပြတင်းပေါက်ငယ်များပါရှိ၏။ တိုင်များတွင် စွန်ပလွံပင်ပုံ ဖော်ထား၏။
ထို့နောက် ငါ့အား အိမ်တော်၏ဆင်ဝင်သို့ခေါ်ဆောင်သွားပြီး ဆင်ဝင်တိုင်ကိုတိုင်းရာ ဆင်ဝင်တစ်ဖက်တွင် ထုငါးတောင်၊ အခြားတစ်ဖက်တွင် ထုငါးတောင်ရှိ၏။ တံခါးပေါက်တစ်ဖက်တွင် ထုသုံးတောင်၊ အခြားတစ်ဖက်တွင် ထုသုံးတောင်ရှိ၏။
ထို့နောက် ငါ့ကို ဗိမာန်တော်သို့ ခေါ်ဆောင်သွား၍ ကိန်းဝပ်တော်မူရာဌာနအဝင်ဝ တစ်ဖက်တစ်ချက်ရှိ တံခါးတိုင်များကိုတိုင်းရာ ထုခြောက်တောင်ရှိ၏။