အိမ်တော်အတွင်းနံရံကို သစ်ကတိုးပြားများဖြင့် တည်ဆောက်၏။ အိမ်တော်ကြမ်းပြင်မှ မျက်နှာကြက်အထိ အတွင်းနံရံများကို သစ်သားများဖြင့် အုပ်ထား၏။ အိမ်တော်ကြမ်းခင်းကိုမူ ထင်းရှူးပြားများဖြင့် ခင်းထား၏။
ယေဇကျေလ 41:16 - မြန်မာ့စံမီသမ္မာကျမ်း တံခါးခုံများ၊ ရာဇမတ်ကွက်ပြတင်းပေါက်ငယ်များနှင့် တံခါးခုံရှေ့ရှိ သုံးဘက်သုံးတန်မှလျှောက်လမ်းများကို သစ်သားဖြင့် အလှဆင်ထား၏။ ကြမ်းပြင်မှပြတင်းပေါက်အထိနံရံများ၊ ပြတင်းပေါက်များကိုလည်း သစ်သားဖြင့် အလှဆင်ထား၏။ Common Language Bible ကြမ်းပြင်မှပြူတင်းပေါက်များအထိ သစ် သားမှန်ကွက်ပုံများဖြင့်တပ်ဆင်ထား၏။ ဤပြူတင်းပေါက်များကိုလည်း ဖုံးအုပ်၍ ထားနိုင်၏။- Garrad Bible တံ ခါး ခုံ များ၊ ရာ ဇ မတ် ပေါက် များ၊ တံ ခါး ခုံ များ ကို လှည့် သော စင်္ကြံ သုံး ရပ် များ သည်၊ ပျဉ် နှင့် ကာ ရံ လျက် ရှိ၏။ အ တွင်း ခန်း၊ အ ပြင် ခန်း နံ ရံ များ ကား၊ ကြမ်း မှ စ၍၊ ရာ ဇ မတ် ပေါက် နှင့်၊ တံ ခါး အ ထက် တိုင် အောင်၊ Judson Bible အတွင်းဗိမာန်နှင့် တံတိုင်းမုခ်များ၊ တံခါးခုံများ၊ ကျဉ်းသောပြတင်းပေါက်များ၊ တံခါးခုံရှိသမျှ တစ်ဖက်တစ်ချက်သုံးဆင့်ရှိသော ထရံအခန်းနံရံများတို့သည် မြေမှပြတင်းပေါက်တိုင်အောင် ပျဉ်ပြားနှင့် ဖုံးအုပ်လျက်ရှိ၏။ ပြတင်းပေါက်တို့သည်လည်း ကွယ်ကာလျက် ရှိကြ၏။ |
အိမ်တော်အတွင်းနံရံကို သစ်ကတိုးပြားများဖြင့် တည်ဆောက်၏။ အိမ်တော်ကြမ်းပြင်မှ မျက်နှာကြက်အထိ အတွင်းနံရံများကို သစ်သားများဖြင့် အုပ်ထား၏။ အိမ်တော်ကြမ်းခင်းကိုမူ ထင်းရှူးပြားများဖြင့် ခင်းထား၏။
အိမ်တော်ထဲတွင် အလင်းဝင်ပေါက်ဖြစ်သော ပြတင်းပေါက်ငယ်များကိုလည်း ဆောက်လုပ်၏။
ပင်မဆောင်ကို ထင်းရှူးသားဖြင့်ကာပြီး ရွှေစင်နှင့်မွမ်းမံထား၏။ နံရံပေါ်တွင် စွန်ပလွံပင်ပုံများ၊ ကြိုးများနှင့် အလှဆင်ထား၏။
ထိုကြွေးကြော်သံကြောင့် တံခါးတိုင်တို့သည်ခါယမ်း၍ အိမ်တော်သည် မီးခိုးနှင့်ပြည့်လေ၏။
တစ်ဖန် ထာဝရဘုရား၏ဘုန်းအသရေတော်သည် အိမ်တော်တံခါးခုံမှခွာသွား၍ ခေရုဗိမ်အထက်၌ တည်နေ၏။
မုခ်ဆောင်အတွင်းပတ်ပတ်လည်တွင် ပြတင်းပေါက်ငယ်များပါရှိ၏။ မုခ်ဆောင်အတွင်းဘက်ရှိ အခန်းငယ်များ၊ တိုင်များနှင့် ဆင်ဝင်တို့တွင် ပြတင်းပေါက်ငယ်များပါရှိ၏။ တိုင်များတွင် စွန်ပလွံပင်ပုံ ဖော်ထား၏။
ထိုမုခ်ဆောင်နှင့် ဆင်ဝင်ပတ်ပတ်လည်တွင် ပြတင်းပေါက်တို့ ပါရှိ၏။ ထိုပြတင်းပေါက်တို့သည် အခြားပြတင်းပေါက်တို့နှင့်တူ၏။ မုခ်ဆောင်သည် အလျားအတောင်ငါးဆယ်၊ အနံနှစ်ဆယ့်ငါးတောင်ရှိ၏။
ထို့နောက် အရှေ့မုခ်ဆောင်တံခါးဝသို့သွား၍ လှေကားကိုတက်ပြီးမှ တံခါးဝရှိ တံခါးခုံကိုတိုင်းရာ အနံကျူချောင်းတစ်ပြန်စာရှိ၏။ နောက်တံခါးခုံတစ်ခုမှာလည်း အနံကျူချောင်းတစ်ပြန်စာရှိ၏။
အိမ်တော်၏အနောက်ဘက် မြေကွက်လပ်ကို မျက်နှာမူထားသော အဆောက်အအုံ၏အလျားနှင့် အိမ်တော်တစ်ဖက်တစ်ချက်ရှိ လျှောက်လမ်းကိုတိုင်းရာ အတောင်တစ်ရာစီရှိ၏။ ဗိမာန်တော်အပြင်ခန်း၊ အတွင်းခန်းနှင့် ဗိမာန်တော်ဆင်ဝင်တို့ကိုလည်း တိုင်း၏။
တံခါးဝ၏အပေါ်ဘက်၊ အိမ်တော်၏အတွင်းခန်း၊ အပြင်ခန်းအပေါ်ဘက်နှင့် အတွင်းခန်း၊ အပြင်ခန်းပတ်ပတ်လည်ရှိနံရံတို့တွင်
အတွင်းဝင်းရှိ အတောင်နှစ်ဆယ်ကျယ်သောမြေကွက်လပ်နားရှိ သုံးထပ်ဆောင်နှင့် အပြင်ဝင်းရှိ ကျောက်ခင်းစင်္ကြံနှင့်မျက်နှာချင်းဆိုင် သုံးထပ်ဆောင်တို့၏လျှောက်လမ်းတို့သည် မျက်နှာချင်းဆိုင်လျက်ရှိ၏။
“ဤအိမ်တော် ပျက်စီးနေချိန်တွင် သင်တို့ကိုယ်တိုင် အိမ်ကြီးအိမ်ကောင်းများနှင့် နေထိုင်ရသလော။
ယခု ငါတို့သည် မှန်အားဖြင့် မှုန်ဝါးဝါးသာမြင်ရကြ၏။ ထိုအခါ၌မူကား မျက်ဝါးထင်ထင်မြင်ရကြလိမ့်မည်။ ယခု ငါသည် တစ်စိတ်တစ်ဒေသမျှသာသိ၏။ သို့သော် ငါ့ကိုစုံလင်စွာသိတော်မူသကဲ့သို့ ထိုအခါ၌မူကား ငါသည်လည်း စုံလင်စွာသိရလိမ့်မည်။