အတွင်းတံတိုင်းကိုလည်း ဆစ်ထားသောကျောက်သုံးဆင့်၊ သစ်ကတိုးသားရက်မတစ်ဆင့်တို့ဖြင့် ဆောက်လုပ်ထား၏။
ယေဇကျေလ 40:28 - မြန်မာ့စံမီသမ္မာကျမ်း တောင်မုခ်ဆောင်ကိုဖြတ်၍ အတွင်းဝင်းသို့ ငါ့ကိုခေါ်ဆောင်သွားပြီး အတွင်းဝင်းရှိ တောင်မုခ်ဆောင်ကိုတိုင်းရာ အခြားမုခ်ဆောင်တို့နှင့် အတိုင်းအတာ အတူတူဖြစ်၏။ Common Language Bible ထိုသူသည်တောင်မုခ်ပေါက်ကိုဖြတ်၍ ငါ့အားတံတိုင်းအတွင်းဝင်းထဲသို့ခေါ်ဆောင်သွား၏။ သူသည်မုခ်ပေါက်ကိုတိုင်းတာကြည့်ရာအခြားမုခ်ပေါက်များ၏ပမာဏအတိုင်းပင်တွေ့ရ၏။- Garrad Bible ထို့ နောက် တောင် တံ ခါး ဖြင့်၊ အ တွင်း တံ တိုင်း သို့၊ ငါ့ ကို ခေါ် သွား သော် တောင် တံ ခါး ကို၊ Judson Bible တစ်ဖန် အတွင်းတံတိုင်းထဲသို့ တောင်တံခါးဖြင့်သွင်း၍၊ အရင် ပမာဏနှင့်အညီ ထိုတံခါးကို တိုင်းလေ၏။ |
အတွင်းတံတိုင်းကိုလည်း ဆစ်ထားသောကျောက်သုံးဆင့်၊ သစ်ကတိုးသားရက်မတစ်ဆင့်တို့ဖြင့် ဆောက်လုပ်ထား၏။
ကိန်းဝပ်တော်မူရာတဲတော်၏ဝင်းကိုလည်း လုပ်ရမည်။ ထိုဝင်း၏တောင်ဘက်ခြမ်းတစ်ခြမ်းအတွက် အလျားအတောင်တစ်ရာရှိသောအကာကို ရက်လုပ်ထားသောပိတ်ချောထည်ဖြင့်လုပ်ရမည်။
ထို့နောက် ငါ့ကို အတွင်းဝင်း၏အရှေ့ဘက်သို့ ခေါ်ဆောင်သွားပြီး မုခ်ဆောင်ကိုတိုင်းရာ အခြားမုခ်ဆောင်များနှင့် အတိုင်းအတာ အတူတူပင်ဖြစ်၏။
တစ်ဖန် ငါ့ကို မြောက်ဘက်မုခ်ဆောင်သို့ ခေါ်ဆောင်သွားပြီး တိုင်းရာ အခြားမုခ်ဆောင်များနှင့် အတိုင်းအတာ အတူတူဖြစ်၏။
ထို့နောက် ငါ့အား မြောက်ဘက်ထွက်ပေါက်လမ်းမှ အပြင်ဝင်းသို့ ခေါ်ဆောင်သွားပြီး မြေကွက်လပ်ဘက် မျက်နှာမူထားသော မြောက်ဘက်အဆောက်အအုံနှင့်မျက်နှာချင်းဆိုင် အခန်းများသို့ ခေါ်ဆောင်သွား၏။