ထိုအခါ ယာကုပ်သည် မုန့်နှင့်ပဲနီဟင်းကို ဧသောအားပေးသဖြင့် သူသည် စားသောက်ပြီးမှ ထ၍ ထွက်သွားလေ၏။ ထိုသို့ ဧသောသည် သားဦးအရိုက်အရာကို မထီမဲ့မြင်ပြု၏။
ယေဇကျေလ 4:9 - မြန်မာ့စံမီသမ္မာကျမ်း ဂျုံဆန်၊ မုယောဆန်၊ ပဲကြီး၊ ပဲနီ၊ ဆပ်၊ ပန်းဂျုံတို့ကိုယူ၍ အိုးတစ်လုံးတွင်ထည့်ထား၍ မုန့်လုပ်ရမည်။ သင်စောင်းအိပ်ရသောရက်ပေါင်း သုံးရာ့ကိုးဆယ်တွင် ထိုမုန့်ကို စားရမည်။ Common Language Bible ``ယခုသင်သည်ဂျုံဆန်နှစ်မျိုး၊ ပဲနှစ်မျိုး နှင့်ပြောင်းဆန်ကိုယူ၍ အိုးထဲတွင်ရောနှော ပြီးလျှင်မုန့်ကိုလုပ်လော့။ ထိုမုန့်ကားရက် ပေါင်းသုံးရာ့ကိုးဆယ်ပတ်လုံးဝဲဘက်သို့ စောင်း၍အိပ်နေချိန်၌သင်စားရန်ဖြစ်၏။- Garrad Bible ဂျုံ၊ မု ယော၊ ပဲ ကြီး၊ ပဲ ကြား၊ ဆတ်၊ ပြောင်း များ ကို ယူ၍၊ အိုး တစ် လုံး တွင် ရော ထား လျက် ပေါင်း လုပ် ပြီး လျှင်၊ စောင်း အိပ် ရ သော ရက် ပေါင်း သုံး ရာ့ ကိုး ဆယ် ပတ် လုံး၊ Judson Bible ထိုမှတစ်ပါး၊ ဂျုံဆန်၊ မုယောဆန်၊ ပဲဆန်နှစ်မျိုးနှင့် ပြောင်းဆန်၊ ကောက်ဆန်တို့ကို ယူ၍ အိုးတစ်လုံး၌ ရောနှောလျက်ထားရမည်။ နံစောင်းတစ်ဖက်ဖြင့် အိပ်ရသောနေ့ရက် သုံးရာကိုးဆယ်ပတ်လုံး၊ ထိုရောနှောသော ဆန်ကို မုန့်လုပ်၍ စားရမည်။ |
ထိုအခါ ယာကုပ်သည် မုန့်နှင့်ပဲနီဟင်းကို ဧသောအားပေးသဖြင့် သူသည် စားသောက်ပြီးမှ ထ၍ ထွက်သွားလေ၏။ ထိုသို့ ဧသောသည် သားဦးအရိုက်အရာကို မထီမဲ့မြင်ပြု၏။
လယ်မျက်နှာပြင်ကိုညှိပြီးသောအခါ စမုန်နက်ကိုမကြဲဘဲနေမည်လော။ ဇီရာကို မပျိုးဘဲနေမည်လော။ ဂျုံကိုလည်း အတန်းလိုက်မစိုက်၊ မုယောစပါးကိုလည်း သတ်မှတ်ထားသောနေရာ၌မစိုက်၊ ပန်းဂျုံကိုလည်း လယ်အစပ်၌ မစိုက်ဘဲနေမည်လော။
ထာဝရဘုရားက “အစ္စရေးအမျိုးသားတို့ကို ငါနှင်ထုတ်၍ သူတို့ရောက်ရှိရာ လူမျိုးခြားတို့အလယ်တွင် သူတို့သည် မစင်ကြယ်သောအစာကို စားရမည်”ဟု မိန့်တော်မူ၏။
တစ်ဖန် ကိုယ်တော်က “အချင်းလူသား၊ ငါသည် ဂျေရုဆလင်မြို့၏စားနပ်ရိက္ခာကို ဖြတ်တောက်ပစ်မည်။ သူတို့သည် မုန့်ကိုချိန်လျက် စိုးရိမ်ပူပန်စိတ်ဖြင့် စားရလိမ့်မည်။ ရေကိုချင့်လျက် ထိတ်လန့်စွာ သောက်ရလိမ့်မည်။