ဟေရှာယ 28:25 - မြန်မာ့စံမီသမ္မာကျမ်း25 လယ်မျက်နှာပြင်ကိုညှိပြီးသောအခါ စမုန်နက်ကိုမကြဲဘဲနေမည်လော။ ဇီရာကို မပျိုးဘဲနေမည်လော။ ဂျုံကိုလည်း အတန်းလိုက်မစိုက်၊ မုယောစပါးကိုလည်း သတ်မှတ်ထားသောနေရာ၌မစိုက်၊ ပန်းဂျုံကိုလည်း လယ်အစပ်၌ မစိုက်ဘဲနေမည်လော။ အခန်းကိုကြည့်ပါ။Common Language Bible25 မြေကိုပြုပြင်ပြီးလျှင်သူသည်စမုန်နက်၊ ဇီယာအစရှိသည့်မျိုးစေ့များကိုစိုက် ပျိုးတတ်၏။ ဂျုံစပါးနှင့်မုယောစပါးကို အတန်းလိုက်စိုက်ပျိုးကာ၊ လယ်အနားစွန်း တို့တွင်အခြားသောသီးနှံများကိုစိုက် ပျိုးတတ်လေသည်။- အခန်းကိုကြည့်ပါ။Garrad Bible25 လယ် မျက် နှာ ပြင် ကို ညီ ညွတ် စေ ပြီး လျှင်၊ စ မုန် မျိုး၊ ဇီ ယာ မျိုး ပက် ကြဲ ခြင်း၊ အ ငန်း ငန်း၌ ဂျုံ မျိုး၊ ကန့် သတ် ရာ မု ယော မျိုး၊ လယ်စွန်၌ ပြောင်း မျိုး စိုက် ခြင်း များ ကို ပြု လုပ် လေ့ ရှိ သည် မ ဟုတ် လော။ အခန်းကိုကြည့်ပါ။Judson Bible25 လယ်မျက်နှာကို ညှိပြီးမှ စမုန်နက်မျိုးစေ့၊ ဇီယာမျိုးစေ့ကို ကြဲသည်မဟုတ်လော။ ဂျုံစပါးမျိုးစေ့ကို အတန်းတန်းစိုက်၍၊ မုယောစပါးနှင့် ကောက်စပါးမျိုးစေ့ အသီးအသီးတို့ကို သူတို့အရပ်၌ ကြဲသည်မဟုတ်လော။ အခန်းကိုကြည့်ပါ။ |
သူတော်ကောင်းယောင်ဆောင်သော ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ပင်စိမ်း၊ စမုန်စပါးနှင့် ဇီရာတို့ကို ဆယ်ဖို့တစ်ဖို့ပေးလှူကြ၏။ သို့သော် ပညတ်တရားထဲမှ ပို၍အရေးကြီးသော တရားမျှတခြင်း၊ ကရုဏာထားခြင်းနှင့် သစ္စာစောင့်ခြင်းတို့ကို ချန်လှပ်ထားကြ၏။ ဤအရာများကို ပြုရမည်ဖြစ်ပြီး အထက်တွင်ဆိုသောအရာများကိုလည်း ချန်လှပ်မထားရ။