သူတို့အပြစ်ပြုခဲ့သောနှစ်နှင့်အညီ သင်အပြစ်ခံယူရမည့်နေ့ရက်အရေအတွက်မှာ ရက်ပေါင်းသုံးရာ့ကိုးဆယ်ဟု ငါသတ်မှတ်၏။ ဤသည်မှာ အစ္စရေးအမျိုးအနွယ်တို့၏အပြစ်ကို သင်ခံယူရမည့်ရက်ဖြစ်၏။
ယေဇကျေလ 4:4 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် သင်သည် လက်ဝဲဘက်သို့စောင်းအိပ်ပြီး အစ္စရေးအမျိုးအနွယ်၏အပြစ်ကို ခံယူလော့။ သင်စောင်းအိပ်သည့်နေ့ရက်ပေါင်းသည် သူတို့၏အပြစ်ကို သင်ခံယူသောနေ့ရက်ဖြစ်၏။ Common Language Bible ``သင်သည်လက်ဝဲဘက်သို့စောင်း၍အိပ်လော့။ Garrad Bible ၎င်း ပြင်၊ သင် သည် ဝဲ ဘက် သို့ စောင်း အိပ် လျက်၊ ဣ သ ရေ လ အ မျိုး သား တို့၏ ဒု စ ရိုက် ဝန် ကို နံ ပေါ် တွင် တင် လျက်၊ စောင်း အိပ် ရ သော နေ့ ရက် နှင့် အ မျှ၊ ချင်း တို့ ဒု စ ရိုက် ဝန် ကို ဆောင် လော့။ Judson Bible ထိုမှတစ်ပါး၊ သင်သည် လက်ဝဲနံစောင်းဖြင့် အိပ်၍၊ ဣသရေလအမျိုး၏အပြစ်ကို ထိုနံစောင်း၌ တင်ထားလော့။ ထိုသို့အိပ်ရသော နေ့ရက်အရေအတွက်အတိုင်း သူတို့အပြစ်ကိုခံရမည်။ |
သူတို့အပြစ်ပြုခဲ့သောနှစ်နှင့်အညီ သင်အပြစ်ခံယူရမည့်နေ့ရက်အရေအတွက်မှာ ရက်ပေါင်းသုံးရာ့ကိုးဆယ်ဟု ငါသတ်မှတ်၏။ ဤသည်မှာ အစ္စရေးအမျိုးအနွယ်တို့၏အပြစ်ကို သင်ခံယူရမည့်ရက်ဖြစ်၏။
သင်မြို့ကိုဝိုင်းထားရမည့်နေ့ရက်မပြီးဆုံးမီ ဟိုဘက်သည်ဘက်လှည့်၍မရအောင် ငါသည် သင့်ကို ကြိုးဖြင့်ချည်ထားမည်။
“အပြစ်ဖြေရာယဇ်၏အသားသည် အထူးသန့်ရှင်း၏။ လူထုတို့၏ဒုစရိုက်ကိုယူဆောင်သွားရန်နှင့် ထာဝရဘုရားရှေ့တော်၌ သူတို့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုရန် ထိုအသားကို သင်တို့အားပေးထားတော်မူပြီ။ သို့ဖြစ်၍ သင်တို့သည် အဘယ်ကြောင့် သန့်ရှင်းရာဌာနတော်၌ မစားကြသနည်း။
ဆိတ်သငယ်သည် သူတို့၏အပြစ်ရှိသမျှကို လူသူကင်းဝေးရာအရပ်သို့ ယူဆောင်သွားမည်။ တာဝန်ရှိသူသည် ဆိတ်သငယ်ကို တောကန္တာရထဲသို့ လွှတ်လိုက်ရမည်။
သင်တို့သည် ထိုပြည်ကိုရက်ပေါင်းလေးဆယ်စူးစမ်းခဲ့သည်ဖြစ်၍ ထိုရက်များ၏အရေအတွက်အတိုင်း တစ်ရက်ကို တစ်နှစ်ကျဖြင့် သင်တို့၏ဒုစရိုက်ဝန်ကို နှစ်ပေါင်းလေးဆယ်ဆောင်ရမည်။ ဤသို့ ငါဆန့်ကျင်သည်ကို သင်တို့သိရလိမ့်မည်’ဟူ၍ ထာဝရဘုရားမိန့်တော်မူသည်ဟု ဆင့်ဆိုလော့။
ထာဝရဘုရားက အာရုန်အား “သန့်ရှင်းရာဌာနနှင့်ပတ်သက်၍ ပြစ်မှားမိသောအပြစ်ကို သင်နှင့်သင်၏သားများ၊ သင့်ဘိုးဘေး၏အမျိုးအနွယ်များ ခံကြရမည်။ ယဇ်ပုရောဟိတ်အရိုက်အရာနှင့်ပတ်သက်၍ ပြစ်မှားမိသောအပြစ်ကို သင်နှင့်သင်၏သားများ ခံကြရမည်။
ဤသည်ကား “ကိုယ်တော်သည် အကျွန်ုပ်တို့၏အားနည်းခြင်းများကို ယူဆောင်၍ အကျွန်ုပ်တို့၏ရောဂါများကို သယ်ဆောင်သွားတော်မူ၏”ဟု ပရောဖက်ဟေရှာယအားဖြင့် မိန့်တော်မူသောအရာ ပြည့်စုံခြင်းသို့ရောက်မည့်အကြောင်းတည်း။
ခရစ်တော်သည်လည်း များစွာသောလူတို့၏အပြစ်များကိုဆောင်ယူသွားရန် မိမိကိုယ်ကိုတစ်ကြိမ်တည်းပူဇော်ပြီးမှ ဒုတိယအကြိမ်၌ကား အပြစ်အတွက်မဟုတ်ဘဲ မိမိကိုစောင့်မျှော်နေသောသူတို့အား ကယ်တင်ရန်အတွက် ပေါ်ထွန်းတော်မူလိမ့်မည်။
ငါတို့သည် အပြစ်အရာ၌ သေဆုံး၍ ဖြောင့်မတ်ခြင်းအရာ၌ အသက်ရှင်မည့်အကြောင်း ကိုယ်တော်သည် သစ်တိုင်ပေါ်တွင် ငါတို့အပြစ်များကို မိမိ၏ကိုယ်ခန္ဓာ၌ ကိုယ်တော်တိုင်ဆောင်ယူတော်မူ၏။ သင်တို့သည် ကိုယ်တော်၏ဒဏ်ချက်တော်အားဖြင့် အနာရောဂါပျောက်ကင်းခြင်းအခွင့်ကိုရရှိကြ၏။