ထိုအခါ ကိုယ်တော်က “သို့ဖြစ်လျှင် လူ့မစင်အစား နွားချေးကိုပေးမည်။ ထိုနွားချေးနှင့် မုန့်ကိုဖုတ်ရမည်”ဟု မိန့်တော်မူ၏။
သို့ဖြစ်၍ဘုရားသခင်က``လူ၏မစင် အစားနွားချေးကိုသုံးရန်သင့်အားငါ ခွင့်ပြုမည်။ သင်၏မုန့်ကိုနွားချေးနှင့်မွှေး သောမီးဖြင့်ဖုတ်နိုင်၏'' ဟုမိန့်တော်မူ၏။
မုန့် ကို သင် ပေါင်း ချက် ရန် မ စင် အ စား နွား ချေး ကို၊ ငါ ပေး ပြီ ဟု မိန့် တော် မူ၏။
လူ၏မစင်အရာ၌ နွားချေးကို ငါပေး၏။ နွားချေးနှင့် သင့်မုန့်ကိုဖုတ်ရမည်ဟု မိန့်တော်မူ၏။
သို့သော် ရာဗရှာခက “ငါ့သခင်သည် သင်တို့၏သခင်နှင့် သင်တို့ကိုသာ ဤစကားတို့ကိုပြောကြားရန် ငါ့ကိုစေလွှတ်သည်မဟုတ်။ သင်တို့နှင့်အတူ ကိုယ့်မစင်ကိုယ်စား၊ ကိုယ့်ဆီးကိုယ်သောက်ကြသည့် မြို့ရိုးပေါ်တွင်ထိုင်သောသူတို့ကိုလည်း ပြောကြားရန် စေလွှတ်သည်”ဟု ဆို၏။
သူ့လူအပေါင်းတို့သည် ညည်းတွားလျက် စားစရာကိုရှာဖွေနေကြရပြီ။ သူတို့သည် အသက်ရှင်သန်နိုင်ရန် သူတို့၏အဖိုးတန်ပစ္စည်းများကို စားစရာနှင့်လဲလှယ်ကြရပြီ။ အို ထာဝရဘုရား၊ အကျွန်ုပ် မထီမဲ့မြင်ပြုခြင်းခံရသည်ကို ကြည့်တော်မူပါ။ မြင်တော်မူပါ။
ငါကလည်း “အို ဘုရားရှင်ထာဝရဘုရား၊ အကျွန်ုပ်သည် ငယ်စဉ်မှစ၍ ယခုတိုင်အောင် အလိုလိုသေသောအကောင်၊ သားရဲကိုက်၍သေသောအကောင်တို့ကို မစားဖူးပါ။ ထိုအရာတို့ဖြင့် ကိုယ့်ကိုယ်ကိုယ် မညစ်ညူးစေဖူးပါ။ ထိုသို့ရွံရှာဖွယ်သောအကောင်၏အသားကို အကျွန်ုပ်ပါးစပ်ထဲသို့ မထည့်ဖူးပါ”ဟု ပြန်လျှောက်၏။
တစ်ဖန် ကိုယ်တော်က “အချင်းလူသား၊ ငါသည် ဂျေရုဆလင်မြို့၏စားနပ်ရိက္ခာကို ဖြတ်တောက်ပစ်မည်။ သူတို့သည် မုန့်ကိုချိန်လျက် စိုးရိမ်ပူပန်စိတ်ဖြင့် စားရလိမ့်မည်။ ရေကိုချင့်လျက် ထိတ်လန့်စွာ သောက်ရလိမ့်မည်။