Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 4:15 - Common Language Bible

15 သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​က``လူ​၏​မ​စင် အ​စား​နွား​ချေး​ကို​သုံး​ရန်​သင့်​အား​ငါ ခွင့်​ပြု​မည်။ သင်​၏​မုန့်​ကို​နွား​ချေး​နှင့်​မွှေး သော​မီး​ဖြင့်​ဖုတ်​နိုင်​၏'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 မုန့် ကို သင် ပေါင်း ချက် ရန် မ စင် အ စား နွား ချေး ကို၊ ငါ ပေး ပြီ ဟု မိန့် တော် မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 လူ၏​မ​စင်​အ​ရာ၌ နွား​ချေး​ကို ငါ​ပေး၏။ နွား​ချေး​နှင့် သင့်​မုန့်​ကို​ဖုတ်​ရ​မည်​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 ထိုအခါ ကိုယ်တော်​က “​သို့ဖြစ်လျှင် လူ့​မစင်​အစား နွား​ချေး​ကို​ပေး​မည်​။ ထို​နွားချေး​နှင့် မုန့်​ကို​ဖုတ်​ရ​မည်”​ဟု မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 4:15
4 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​က``ဧ​က​ရာဇ်​ဘု​ရင်​သည်​သင်​တို့​နှင့်​သင်​တို့ ဘု​ရင်​အား ဤ​စ​ကား​များ​ကို​ပြော​ကြား​ရန်​ငါ့ အား​စေ​လွှတ်​တော်​မူ​လိုက်​သည်​ဟု​မ​ထင်​ကြ​နှင့်။ ငါ​သည်​မြို့​ရိုး​ပေါ်​တွင်​ထိုင်​နေ​ကြ​သူ​တို့​အား​လည်း ပြော​ကြား​ပါ​၏။ သင်​တို့​နည်း​တူ​သူ​တို့​သည်​လည်း မိ​မိ​တို့​၏​ကျင်​ကြီး​ကျင်​ငယ်​ကို​ပြန်​၍​စား​သောက် ကြ​ရ​လိမ့်​မည်'' ဟု​ပြန်​ပြော​၏။


သူ​၏​မြို့​သူ​မြို့​သား​တို့​သည်​အ​စား​အ​စာ ရှာ​ဖွေ​လျက် နေ​စဉ်​ညည်း​တွား​ကြ​၏။ သူ​တို့​သည်​အ​သက်​ဆက်​လက်​ရှင်​နိုင်​ရေး​အ​တွက် မိ​မိ​တို့​ဥစ္စာ​ဘဏ္ဍာ​များ​ကို​အ​စား​အ​စာ​နှင့် လဲ​လှယ်​ရ​ကြ​၏။ ထို​မြို့​က``အို ထာ​ဝ​ရ​ဘု​ရား​ကျွန်​တော်​မျိုး​ကို ကြည့်​ရှု​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​စိတ်​ဆင်း​ရဲ​ခြင်း​ခံ​နေ​ရ​သည်​ကို ကြည့်​ရှု​တော်​မူ​ပါ'' ဟု​အော်​ဟစ်​တောင်း​ပန်​၏။


သို့​ရာ​တွင်``အ​ရှင်​ထာ​ဝရ​ဘု​ရား၊ ကျွန်​တော် မျိုး​သည်​အ​ဘယ်​အ​ခါ​၌​မျှ မိ​မိ​ကိုယ်​ကို မ​ညစ်​ညမ်း​စေ​ခဲ့​ဘူး​ပါ။ က​လေး​အ​ရွယ်​မှ စ​၍​အ​ဘယ်​အ​ခါ​၌​မျှ အ​လို​အ​လျောက် သေ​သော​တိ​ရစ္ဆာန်​၏​အ​သား​ကို​သော်​လည်း ကောင်း၊ သား​ရဲ​များ​ကိုက်​၍​သေ​သည့်​တိ​ရစ္ဆာန် ၏​အ​သား​ကို​သော်​လည်း​ကောင်း မ​စား​ခဲ့ ဘူး​ပါ။ ကျွန်​တော်​မျိုး​သည်​မ​သန့်​စင်​ဟု ယူ​ဆ​သည့်​အ​စား​အ​စာ​ကို​အ​ဘယ်​အ​ခါ ၌​မျှ​မ​စား​ခဲ့​ဘူး​ပါ'' ဟု​လျှောက်​၏။


ထို​နောက်​ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ငါ​သည်​ယေ​ရု​ရှ​လင်​မြို့​တွင်​ရိက္ခာ​ပြတ် စေ​မည်။ ထို​မြို့​မှ​လူ​တို့​သည်​စိုး​ရိမ်​ပူ​ပန် ကြ​လျက်​မိ​မိ​တို့​၏​အ​စာ​ရေ​စာ​တို့​ကို ချိန်​တွယ်​၍​စား​သောက်​ရ​ကြ​လိမ့်​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ