ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ငါကြံရွယ်သည့်အတိုင်း ဖြစ်လာမည်။ ငါကြံစည်သည့်အတိုင်း ဖြစ်ပျက်မည်။
ယေဇကျေလ 39:4 - မြန်မာ့စံမီသမ္မာကျမ်း သင်နှင့်သင်၏စစ်သည်အားလုံးအပါအဝင် သင်၌ရှိသောလူတို့သည် အစ္စရေးတောင်များပေါ်တွင် ကျဆုံးကြလိမ့်မည်။ သင့်ကို အသားစားငှက်အမျိုးမျိုးနှင့် တောရိုင်းတိရစ္ဆာန်တို့၏အစာ ဖြစ်စေမည်။ Common Language Bible ဂေါဂနှင့်စစ်သည်အလုံးအရင်းတို့သည် လည်းကောင်း၊ သူ၏မဟာမိတ်တို့သည်လည်း ကောင်းဣသရေလတောင်များပေါ်တွင်ကျ ဆုံးကြလိမ့်မည်။ ငါသည်သင့်အားငှက်ရဲ များနှင့်တောတိရစ္ဆာန်တို့၏အစာဖြစ်စေ မည်။- Garrad Bible ဣ သ ရေ လ တောင် တန်း ပေါ် တွင် ကျ ဆုံး အံ့ သော သင် မှ စ ၍၊ တပ် သား များ၊ အ ပေါင်း ပါ လူ မျိုး များ ကို၊ ငှက် ရဲ အ မျိုး မျိုး နှင့် တော သား ရဲ တို့ အား၊ အ စာ အ ဖြစ် အပ် ပေး မည်။ Judson Bible သင်နှင့် သင်၌ပါသော တပ်သားအပေါင်းတို့သည် ဣသရေလတောင်တို့အပေါ်မှာ လဲ၍သေကြလိမ့်မည်။ သင့်ကို အမျိုးမျိုးသော ငှက်ရဲ၊ သားရဲတို့ ကိုက်စားစရာဖို့ ငါအပ်မည်။ |
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ငါကြံရွယ်သည့်အတိုင်း ဖြစ်လာမည်။ ငါကြံစည်သည့်အတိုင်း ဖြစ်ပျက်မည်။
အဆီးရီးယားလူမျိုးကို ငါ့ပြည်တွင် ချိုးဖဲ့မည်။ ငါ့တောင်များပေါ်တွင် ငါနင်းချေမည်။ သူ၏ထမ်းပိုးကို အစ္စရေးလူမျိုးတို့အပေါ်မှ ဖယ်ရှားမည်။ သူ၏ဝန်ကို အစ္စရေးလူမျိုးတို့၏ပခုံးပေါ်မှဖယ်ရှားမည်”ဟု ကျိန်ဆိုတော်မူ၏။
တစ်ဖန် ထာဝရဘုရားက “သတ်ဖြတ်မည့်ဓား၊ ကိုက်ဆွဲသွားမည့်ခွေး၊ ဝါးမျိုဖျက်ဆီးမည့် ကောင်းကင်ငှက်နှင့်မြေတိရစ္ဆာန် စသည့်ဘေးလေးမျိုးကို သူတို့ထံ ငါစေလွှတ်မည်။
ထိုနေ့ရက်၌ ထာဝရဘုရားကွပ်မျက်တော်မူခြင်းကိုခံရသောသူတို့သည် မြေကြီးတစ်ဖက်စွန်းမှ အခြားတစ်ဖက်စွန်းတိုင်အောင် အနှံ့ရှိကြလိမ့်မည်။ မြည်တမ်းပေးမည့်သူမရှိ။ စုပုံထားပေးမည့်သူမရှိ။ သင်္ဂြိုဟ်ပေးမည့်သူမရှိ။ မြေပေါ်၌ နောက်ချေးကဲ့သို့ ဖြစ်ကြလိမ့်မည်။
သင်နှင့်တကွ မြစ်ချောင်းထဲရှိငါးများကို တောကန္တာရတွင် ပစ်ထားမည်။ ကွင်းပြင်မှာကျသွားသောသင့်ကို ကောက်ယူမည့်သူရှိမည်မဟုတ်။ ငါသည် သင့်ကို တောရိုင်းတိရစ္ဆာန်၊ မိုးကောင်းကင်ငှက်တို့အဖို့ အစာဖြစ်စေမည်။
ထို့ကြောင့် သူတို့အား ‘ဘုရားရှင်ထာဝရဘုရားက ငါအသက်ရှင်သည်နှင့်အညီ စင်စစ် မြို့ပျက်များ၌နေသောသူတို့သည် ဓားဖြင့် လဲကျသေဆုံးရလိမ့်မည်။ မြို့ပြင်၌နေသောသူတို့သည် သားရဲတိရစ္ဆာန်၏ဝါးမျိုခြင်းကို ခံရမည်။ ရဲတိုက်များ၊ လိုဏ်ဂူများ၌ခိုလှုံသောသူတို့သည် ကပ်ရောဂါဘေးဖြင့် သေရလိမ့်မည်။
တောင်တန်းများပေါ်တွင် အသေကောင်များဖြင့် ပြည့်စေမည်။ တောင်ကုန်း၊ ချိုင့်ဝှမ်း၊ မြစ်ချောင်းများတွင်လည်း ဓားဖြင့်သေသောသူတို့ ပုံလျက်နေလိမ့်မည်။
ဘုရားရှင်ထာဝရဘုရားက ‘ငါ၏တောင်ရှိသမျှတို့မှ ဓားကိုဆင့်ခေါ်၍ ဂေါဂမင်းကြီးကို တိုက်ခိုက်မည်။ လူတို့သည် တစ်ဦးကိုတစ်ဦး ဓားဖြင့်ခုတ်သတ်ကြလိမ့်မည်။
ငါမိန့်ဆိုထားသည့်အတိုင်း သင်သည် ကွင်းပြင်တွင် လဲကျသေဆုံးရလိမ့်မည်’ဟု မိန့်တော်မူ၏။
တောက်ပြောင်သောဓားကိုဝင့်လျက်၊ လင်းလက်သောလှံကိုမြှောက်လျက် မြင်းစီးသူရဲတို့ ချီလာကြပြီ။ လူအမြောက်အမြား အသတ်ခံရသဖြင့် အလောင်းကောင်များ စုပုံနေပြီ။ အလောင်းကောင်တို့သည်လည်း အတိုင်းမသိများပြားကြ၏။ ထိုအလောင်းများကိုပင် ခလုတ်တိုက်လဲကျကြလေပြီ။