ငါတို့အပေါ် ဝိညာဉ်တော်ကို အထက်အရပ်မှသွန်းလောင်း၍ တောကန္တာရသည် သီးနှံဖြစ်ထွန်းသောမြေဖြစ်ပြီး သီးနှံဖြစ်ထွန်းသောမြေကို တောအုပ်ဟုထင်မှတ်ရသည့်အချိန်အထိ ထိုသို့ဖြစ်လိမ့်မည်။
ယေဇကျေလ 39:29 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားရှင်ထာဝရဘုရားက ‘အစ္စရေးအမျိုးတို့အပေါ် ငါ့ဝိညာဉ်ကို သွန်းလောင်းမည်။ သူတို့ကို မျက်နှာလွှဲတော့မည်မဟုတ်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။ Common Language Bible ငါသည်မိမိ၏လူမျိုးတော်ဣသရေလအမျိုး သားတို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကိုသွန်း လောင်းမည်။ သူတို့အားနောင်အဘယ်အခါ ၌မျှငါကျောခိုင်းမည်မဟုတ်။ ဤကားငါ အရှင်ထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏'' ဟုမိန့်တော်မူ၏။ Judson Bible ငါသည် ကိုယ်ဝိညာဉ်ကို ဣသရေလအမျိုးသားအပေါ်သို့သွန်းလောင်းသောအခါ၊ သူတို့တွင် တစ်ယောက်ကိုမျှ နောက်တစ်ဖန် ငါမစွန့်ပစ်၊ ငါ့မျက်နှာကိုလည်းမလွှဲဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။ |
ငါတို့အပေါ် ဝိညာဉ်တော်ကို အထက်အရပ်မှသွန်းလောင်း၍ တောကန္တာရသည် သီးနှံဖြစ်ထွန်းသောမြေဖြစ်ပြီး သီးနှံဖြစ်ထွန်းသောမြေကို တောအုပ်ဟုထင်မှတ်ရသည့်အချိန်အထိ ထိုသို့ဖြစ်လိမ့်မည်။
အစ္စရေးလူမျိုးသည် ထာဝရဘုရားအားဖြင့် ထာဝရတည်သောကယ်တင်ခြင်းကိုရရှိမည်။ သင်တို့သည် ကာလအစဉ်အဆက် အရှက်ကွဲရမည်မဟုတ်။ အသရေပျက်ရမည်မဟုတ်။
သူတို့ကို မစွန့်ပစ်ဘဲ အစဉ်ကောင်းစားစေမည့်အကြောင်း ငါသည် သူတို့နှင့် ထာဝရပဋိညာဉ်ဖွဲ့မည်။ သူတို့သည် ငါ့ထံမှ မထွက်သွားမည့်အကြောင်း ငါ့ကိုကြောက်ရွံ့ရိုသေခြင်းသဘောကို သူတို့စိတ်နှလုံးထဲသို့ သွင်းပေးမည်။
သို့မှ ငါအမျက်ပြေမည်။ သံသယစိတ်ကင်းမည်။ အမျက်မထွက်တော့သဖြင့် ငြိမ်းချမ်းလိမ့်မည်’ဟု မိန့်တော်မူ၏။
ငါ့ဝိညာဉ်ကို သင်တို့အထဲသို့ သွင်းပေးမည်ဖြစ်၍ သင်တို့သည် အသက်ရှင်လိမ့်မည်။ သင်တို့ကို သင်တို့၏နေရင်းပြည်၌ နေရာချထားမည်။ ထိုအခါ ငါထာဝရဘုရားသည် ပြောလျှင်ပြောသည့်အတိုင်း ပြုတတ်သည်ကို သင်တို့သိရကြလိမ့်မည်ဟု မိန့်တော်မူ၏’ဟူ၍ ပရောဖက်ပြုဟောပြောလော့”ဟု မိန့်ဆို၏။
သူတို့ကို လူမျိုးတကာတို့ထံသို့ ကွဲလွင့်သွားစေခဲ့သော်လည်း သူတို့၏နေရင်းပြည်သို့ တစ်ယောက်မကျန် ပြန်လည်စုဝေးလာစေသောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်’ဟု မိန့်တော်မူ၏။
သို့မှ ငါသည် အစ္စရေးလူမျိုးတို့တွင် စံမြန်းတော်မူကြောင်းကိုလည်းကောင်း၊ ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်ကြောင်းကိုလည်းကောင်း၊ ငါမှတစ်ပါးအခြားသောဘုရားမရှိကြောင်းကိုလည်းကောင်း သင်တို့သိရကြလိမ့်မည်။ ငါ၏လူမျိုးတော်သည်လည်း ဘယ်သောအခါမျှ အရှက်ကွဲရတော့မည်မဟုတ်။
ထို့နောက်မှ လူအပေါင်းတို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကို သွန်းလောင်းမည်။ သင်တို့၏သားသမီးတို့သည် ပရောဖက်ပြုဟောပြောကြလိမ့်မည်။ သက်ကြီးဝါကြီးတို့သည် အိပ်မက်ကို မြင်ရလိမ့်မည်။ လူပျိုတို့သည်လည်း စိတ်အာရုံကို မြင်ရကြလိမ့်မည်။
ကြည့်ရှုလော့။ ဖမ်းခေါ်သွားခြင်းခံရသောယုဒပြည်သူ၊ ဂျေရုဆလင်မြို့သားတို့ကို ငါပြန်လာစေသော ထိုကာလ၊ ထိုအချိန်တွင်
ကိုယ်တော်သည် အကျွန်ုပ်တို့ကို သနားစုံမက်တော်မူ၍ အကျွန်ုပ်တို့၏ဒုစရိုက်များကို နင်းချေတော်မူမည်။ အပြစ်ရှိသမျှကိုလည်း ပင်လယ်ရေနက်ရာထဲသို့ ပစ်ချတော်မူမည်။
ငါသည် ဒါဝိဒ်အမျိုးအနွယ်မှစ၍ ဂျေရုဆလင်မြို့သူမြို့သားတို့အား သနားကြင်နာတတ်သောစိတ်သဘော၊ ဆုတောင်းပတ္ထနာပြုတတ်သောစိတ်သဘောကို သွန်းလောင်းပေးမည်။ သူတို့သည် မိမိတို့ထိုးဖောက်ခဲ့သောငါ့ကို မြင်ရသောအခါ တစ်ဦးတည်းသောသားအတွက် မြည်တမ်းသကဲ့သို့ မြည်တမ်းရလိမ့်မည်၊ သားဦးအတွက် ခါးသီးစွာခံစားရသကဲ့သို့ ခါးသီးစွာခံစားရလိမ့်မည်။
ထိုသို့ယေရှုသည် ဘုရားသခင်၏လက်ယာတော်ဘက်၌ ချီးမြှောက်ခြင်းကိုခံရပြီးနောက် ကတိထားတော်မူသည့်သန့်ရှင်းသောဝိညာဉ်တော်ကို ခမည်းတော်ထံမှခံယူရရှိလျက် သင်တို့တွေ့မြင်ကြားသိသည့်အတိုင်း ထိုဝိညာဉ်တော်ကိုသွန်းလောင်းတော်မူ၏။
ဘုရားသခင်၏ပညတ်တော်တို့ကိုစောင့်ထိန်းသောသူသည် ဘုရားသခင်၌တည်၍ ဘုရားသခင်သည်လည်း ထိုသူ၌တည်၏။ ဘုရားသခင်သည် ငါတို့၌တည်တော်မူကြောင်းကို ငါတို့အား ပေးတော်မူသောဝိညာဉ်တော်အားဖြင့် ငါတို့သိကြ၏။