အကြောင်းမူကား ကိုယ်တော်၏လက်တော်သည် အကျွန်ုပ်အပေါ်၌ နေ့ညမပြတ်လေးလံလျက်ရှိပါ၏။ အကျွန်ုပ်၏စိုပြည်လန်းဆန်းမှုသည် နွေကာလ၏အပူရှိန်၌ကဲ့သို့ ကုန်ခန်းပါပြီ။(စေလာ)
ယေဇကျေလ 39:21 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားရှင်ထာဝရဘုရားက ‘လူမျိုးတကာတို့အလယ်တွင် ငါ့ဘုန်းကို ငါထင်ရှားစေမည်။ တရားမျှတစွာစီရင်ခြင်း၊ သူတို့အပေါ်လက်တင်ခြင်းကို လူမျိုးတကာတို့ သိရလိမ့်မည်။ Common Language Bible ထာဝရဘုရားက``လူမျိုးတကာတို့သည် ငါ၏ဘုန်းအသရေတော်ကိုမြင်ရကြလိမ့် မည်။ ငါ၏တရားမျှတသောစီရင်ချက်များ ကိုအကောင်အထည်ဖော်ရာတွင် ငါသည် မိမိ၏တန်ခိုးတော်ကိုအဘယ်သို့အသုံး ပြုတော်မူကြောင်းသူတို့အားပြမည်။- Garrad Bible ငါ့ ဘုန်း တော် ကို လူ မျိုး ခြား တို့ တွင်၊ ထို သို့ ဖွင့် ပြ လျက်၊ ငါ စီ ရင် သော ဒဏ် ချက် နှင့် တင် ဖိ သော လက် ရုံး တော် ကို၊ ၎င်း တို့ ရှု မြင် သည့် ပြင်၊ ထို နေ့ ရက် မှ စ၍၊ Judson Bible ငါ့ဘုန်းကိုလည်း တစ်ပါးအမျိုးသားတို့တွင် ငါထင်ရှားစေ၍၊ ငါစီရင်သောတရားမှုနှင့်၊ သူတို့၌ ငါတင်သောလက်ကို တစ်ပါးအမျိုးသားအပေါင်းတို့သည် မြင်ရကြလိမ့်မည်။ |
အကြောင်းမူကား ကိုယ်တော်၏လက်တော်သည် အကျွန်ုပ်အပေါ်၌ နေ့ညမပြတ်လေးလံလျက်ရှိပါ၏။ အကျွန်ုပ်၏စိုပြည်လန်းဆန်းမှုသည် နွေကာလ၏အပူရှိန်၌ကဲ့သို့ ကုန်ခန်းပါပြီ။(စေလာ)
လူမျိုးတကာတို့ကို ပဲ့ပြင်သောအရှင်၊ လူကို အသိပညာသင်ကြားပေးသောအရှင်သည် မဆုံးမဘဲနေတော်မူမည်လော။
ငါသည် ဖာရောမင်းကြီး၏စိတ်နှလုံးကို မာကျောစေသဖြင့် သူသည် အစ္စရေးအမျိုးသားတို့နောက်သို့လိုက်လိမ့်မည်။ ဖာရောမင်းကြီးနှင့် သူ၏စစ်သည်အပေါင်းတို့အားဖြင့် ငါ၏ဘုန်းထင်ရှားလိမ့်မည်။ ထိုအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်း အီဂျစ်လူမျိုးတို့သည် သိမြင်ကြလိမ့်မည်”ဟု မိန့်ဆိုတော်မူ၏။ သူတို့သည်လည်း ထိုအတိုင်းပြုကြ၏။
သို့သော် ဖာရောမင်းကြီးသည် သင်တို့စကားကို နားထောင်လိမ့်မည်မဟုတ်။ အီဂျစ်ပြည်အပေါ် ငါ့လက်ကိုတင်၍ ကြီးလေးသောအပြစ်ဒဏ်ပေးခြင်းဖြင့် ငါ့လူစုဖြစ်သော ငါ့လူမျိုးတော် အစ္စရေးအမျိုးသားတို့ကို အီဂျစ်ပြည်မှ ငါထုတ်ဆောင်မည်။
ထိုအခါ နတ်ဝိဇ္ဇာဆရာတို့က ဖာရောမင်းကြီးအား “ဤအမှုသည် ဘုရားသခင်ပြုတော်မူသောအမှုဖြစ်၏”ဟု လျှောက်ကြ၏။ သို့သော် ထာဝရဘုရားမိန့်ဆိုတော်မူခဲ့သည့်အတိုင်း ဖာရောမင်းကြီး၏စိတ်နှလုံးသည် မာကျောလျက် သူတို့၏စကားကိုနားမထောင်ဘဲနေ၏။
အကယ်စင်စစ် သင့်အား ငါ၏တန်ခိုးကိုပြသရန်နှင့် မြေတစ်ပြင်လုံး၌ ငါ၏နာမကို ကြေညာရန် ငါသည် သင့်ကို တည်နေစေခြင်းဖြစ်၏။
အို ထာဝရဘုရား၊ ကိုယ်တော်သည် လက်တော်ကိုမြှောက်သော်လည်း သူတို့မမြင်။ ကိုယ်တော်၏လူမျိုးတော်အတွက် ကိုယ်တော်စိတ်အားထက်သန်တော်မူသည်ကို သူတို့တွေ့မြင်၍ ရှက်ကြောက်ကြပါစေ။ ကိုယ်တော်၏ရန်သူတို့ကို လောင်ကျွမ်းမည့်မီးသည် သူတို့ကိုလောင်ကျွမ်းပါစေ။
အို အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်တစ်ပါးတည်းသာ ထာဝရဘုရားဖြစ်တော်မူကြောင်းကို မြေကြီးပေါ်ရှိတိုင်းနိုင်ငံအားလုံး သိမြင်စေရန် အကျွန်ုပ်တို့ကို ထိုဘုရင်၏လက်မှ ယခုကယ်နုတ်တော်မူပါ”ဟု ဆုတောင်းလေ၏။
ဘုရားရှင်ထာဝရဘုရားက ‘သင်တို့သည် လူမျိုးခြားတို့အလယ်တွင် ငါ့နာမကိုရှုတ်ချသဖြင့် လူမျိုးခြားတို့အလယ်တွင် အရှုတ်ချခံခဲ့ရသည့် ကြီးမြတ်သောငါ့နာမကို ငါသန့်ရှင်းစေမည်။ ထိုသို့ သင်တို့အားဖြင့် ထိုသူတို့ရှေ့တွင် ငါသန့်ရှင်းကြောင်း ထင်ရှားစေသောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို လူမျိုးတကာတို့ သိကြလိမ့်မည်’ဟု မိန့်တော်မူ၏။
မိုးတိမ်သည် မြေပြင်ကိုလွှမ်းမိုးသကဲ့သို့ သင်သည် ငါ့လူမျိုးတော်အစ္စရေးတို့ကိုတိုက်ခိုက်ရန် စစ်ချီလာမည်။ အို ဂေါဂမင်းကြီး၊ နောင်ကာလတွင် ငါ၏ပြည်တော်ကို တိုက်ခိုက်ရန် သင့်ကို ငါစစ်ချီစေ၍ ငါသန့်ရှင်းကြောင်းကို သင့်အားဖြင့် လူမျိုးတကာတို့ရှေ့တွင် ထင်ရှားစေသောအခါ သူတို့သည် ငါ့ကိုသိကြလိမ့်မည်’ဟု မိန့်တော်မူ၏။
လူမျိုးတကာတို့ရှေ့တွင် ငါသည် ကြီးမြတ်သောဘုရား၊ သန့်ရှင်းသောဘုရားဖြစ်ကြောင်း ထင်ရှားပြသောအခါမှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်’ဟု မိန့်တော်မူ၏။
ပြည်သူပြည်သားအားလုံး ဝိုင်းဝန်းသင်္ဂြိုဟ်ကြလိမ့်မည်။ ဤသို့ဖြင့် ငါ့ဘုန်းထင်ရှားရာနေ့တွင် သူတို့သည်လည်း ထင်ပေါ်ကျော်ကြားကြလိမ့်မည်’ဟု မိန့်တော်မူ၏။
သင်တို့သည် ငါ့လူမျိုးတော်တို့၏မိန်းမတို့ကို သူတို့မွေ့လျော်ရာအိမ်မှ နှင်ထုတ်ပစ်၏။ သူတို့၏သားသမီးများထံမှ ငါ၏ဘုန်းကို အပြီးအပိုင်နုတ်ယူကြပြီ။
“အကယ်စင်စစ် နေထွက်ရာအရပ်မှ နေဝင်ရာအရပ်တိုင်အောင် လူမျိုးတကာတို့တွင် ငါ့နာမသည် ဘုန်းကြီးလိမ့်မည်။ ငါ့နာမသည် လူမျိုးတကာတို့တွင် ဘုန်းကြီးသောကြောင့်ငါ့နာမအဖို့ အရပ်ရပ်မှ နံ့သာပေါင်းများ၊ သန့်ရှင်းသောပူဇော်သက္ကာများကို ယူဆောင်လာကြလိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
သင်တို့သည် ကိုယ့်မျက်စိနှင့်မြင်၍ ‘ထာဝရဘုရားသည် အစ္စရေးပြည်ပြင်ပအထိပင် တန်ခိုးကြီးသောဘုရားဖြစ်တော်မူ၏’ဟု ဆိုကြလိမ့်မည်။
ထို့ကြောင့် သူတို့သည် လူလွှတ်၍ ဖိလိတ္တိမင်းအပေါင်းတို့ကို ခေါ်ယူစုဝေးစေပြီးလျှင် “အစ္စရေးလူမျိုးတို့၏ဘုရားသခင့်သေတ္တာတော်ကို အဝေးသို့ပို့လိုက်ပါလော့။ သူ့နေရာ သူပြန်ရောက်ပါစေ။ သို့မဟုတ်လျှင် ငါတို့နှင့် ငါတို့လူမျိုးကိုသတ်ဖြတ်လိမ့်မည်”ဟု ဆိုကြ၏။ အကြောင်းမူကား ဘုရားသခင်လက်တော်သည် ထိုမြို့ကို ပြင်းထန်စွာဒဏ်ခတ်သဖြင့် တစ်မြို့လုံးသည် သေရမည်ကို ကြောက်လန့်နေကြ၏။
ထိုအခြင်းအရာကိုမြင်လျှင် အာဇုတ်မြို့သားတို့က “အစ္စရေးလူမျိုးတို့၏ဘုရားသခင့်လက်တော်သည် ငါတို့နှင့် ငါတို့၏ဘုရားဒါဂုန်ကို ပြင်းထန်စွာဒဏ်ခတ်တော်မူပြီ။ ထိုဘုရား၏သေတ္တာတော်ကို ငါတို့နှင့်အတူ မထားသင့်”ဟု ဆိုကြ၏။
သို့သော် လှည်းကို စောင့်ကြည့်ပါ။ သေတ္တာတော်ရှိခဲ့ရာနယ်သို့သွားသောလမ်းဖြစ်သည့် ဗက်ရှေမက်မြို့သို့ တက်သွားမည်ဆိုလျှင် ကိုယ်တော်သည် ငါတို့အပေါ် ဤဘေးဆိုးကြီး ကျရောက်စေသည်မှာ မှန်၏။ ထိုလမ်းသို့မတက်လျှင်မူကား ကိုယ်တော်၏လက်တော်သည် ငါတို့ကို ဒဏ်ခတ်တော်မူသည်မဟုတ်ဘဲ တိုက်ဆိုင်မှုသာဖြစ်ကြောင်း သိရကြမည်”ဟု ဆိုကြ၏။