ဖားသေကောင်တို့ကို အပုံလိုက် အပုံလိုက်စုပုံထားကြသဖြင့် တစ်ပြည်လုံး အပုပ်နံ့ထွက်လေ၏။
ယေဇကျေလ 39:11 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားရှင်ထာဝရဘုရားက ‘ထိုနေ့ရက်တွင် အစ္စရေးပြည်၊ ပင်လယ်အရှေ့ဘက်ခရီးသွားရာလွင်ပြင်တွင် ဂေါဂမင်းကြီးကို သင်္ဂြိုဟ်ရန် မြေနေရာပေးမည်။ ထိုနေရာတွင် ဂေါဂမင်းကြီးနှင့်သူ့လူအုပ်ကို သင်္ဂြိုဟ်ကြသဖြင့် ခရီးသွားလာသောသူတို့အတွက် လမ်းပိတ်လိမ့်မည်။ ထို့ကြောင့် ထိုနေရာကို ဟာမုန်ဂေါဂချိုင့်ဟု ခေါ်ဆိုကြလိမ့်မည်။ Common Language Bible ထာဝရဘုရားက``ဤအမှုအရာအပေါင်း ဖြစ်ပျက်လာသောအခါဂေါဂအား ဣသရေလ ပြည်ပင်လယ်သေအရှေ့ဘက်တွင်ရှိသော ခရီးသည် ချိုင့်ဝှမ်းတွင်သင်္ချိုင်းမြေယာ တစ်ကွက်ကိုငါပေးမည်။ ထိုအရပ်တွင် ဂေါဂနှင့်သူ၏တပ်မတော်တစ်ခုလုံးကို မြှုပ်နှံရသဖြင့် ခရီးသွားရန်လမ်းပိတ် နေလိမ့်မည်။ သို့ဖြစ်၍ထိုချိုင့်ဝှမ်းသည် ဂေါဂတပ်မတော်ချိုင့်ဝှမ်းဟုနာမည် တွင်လိမ့်မည်။- Garrad Bible ထို နေ့ ရက် ကာ လ၊ ငါ သည် ပင် လယ် အ ရှေ့ ဘက် ဖြတ် လမ်း ချိုင့် ကို၊ ဣ သ ရေ လ ပြည် တွင် သင်္ချိုင်း အ ဖြစ်၊ ဂေါ ဂ မင်း အ ဖို့ စီ ရင် လျက်၊ ဖြတ် သန်း သူ တို့ လမ်း ပိတ် အောင်၊ ဂေါ ဂ မင်း နှင့် အ လုံး အ ရင်း တို့ ကို သင်္ဂြိုဟ် ကြ မည့် အ တွက်၊ ဟာ မုန် ဂေါ ဂ ချိုင့် ဟု သ မုတ် ကြ ရ လ တ္တံ့။ Judson Bible ထိုကာလတွင် ဣသရေလပြည်၊ အိုင်အရှေ့၊ ခရီးသွားရာချိုင့်၌ ထင်ရှားသောသင်္ချိုင်းကို ဂေါဂအား ငါပေးမည်။ ခရီသွားသော သူတို့သည် နှာခေါင်းကို ပိတ်ရကြလိမ့်မည်။ ထိုအရပ်၌ ဂေါဂနှင့် သူ၏လူအလုံးအရင်းရှိသမျှကို မြေ၌မြှုပ်၍၊ ထိုချိုင့်သည် ဟာမုန်ဂေါဂချိုင့်အမည်ဖြင့် တွင်လိမ့်မည်။ |
ဖားသေကောင်တို့ကို အပုံလိုက် အပုံလိုက်စုပုံထားကြသဖြင့် တစ်ပြည်လုံး အပုပ်နံ့ထွက်လေ၏။
“အချင်းလူသား၊ မေရှက်အမျိုးသား၊ တုဗလအမျိုးသားတို့၏အကြီးအကဲခေါင်းဆောင်ဖြစ်သော မာဂေါဂဘုရင်ဂေါဂမင်းကြီးရှိရာသို့မျက်နှာမူပြီး သူ့ကိုဆန့်ကျင်၍ ပရောဖက်ပြုဟောပြောလော့။
ကွင်းပြင်မှထင်းများကို စုသိမ်းစရာမလို၊ တောထဲမှ ထင်းများကို ခုတ်ယူစရာမလို။ ထိုလက်နက်များကို လောင်စာအဖြစ် အသုံးပြုကြလိမ့်မည်။ သူတို့ထံ လုယူခဲ့သောအရာများကို သူတို့ပြန်လည်လုယူကြလိမ့်မည်။ သူတို့ထံ သိမ်းယူသွားသောအရာတို့ကို သူတို့ပြန်လည်သိမ်းယူကြလိမ့်မည်’ဟု မိန့်တော်မူ၏။
အစ္စရေးလူမျိုးတို့သည် ပြည်ကိုသန့်ရှင်းအောင် ခုနစ်လပတ်လုံး သူတို့ကို သင်္ဂြိုဟ်ရလိမ့်မည်။
ထိုသို့ တိုင်းပြည်အနှံ့သွားသောသူတို့သည် လူအရိုးကိုတွေ့လျှင် ထိုအရိုးကို ဟာမုန်ဂေါဂချိုင့်၌ မသင်္ဂြိုဟ်မီအထိ အရိုးနားတွင် အမှတ်အသားထားရမည်။
အရှေ့ဘက်ခြမ်းတွင် ဟောရန်မြို့နှင့်ဒမတ်စကပ်မြို့ကြား၊ ဂျော်ဒန်မြစ်တစ်လျှောက် ဂိလဒ်ပြည်နှင့်အစ္စရေးပြည်ကြားမှ မြေထဲပင်လယ်အရှေ့ဘက်နယ်နိမိတ်တိုင်အောင် တိုင်းတာရမည်။ ဤသည်ကား အရှေ့ဘက်နယ်နိမိတ်ဖြစ်၏။
ထိုအရပ်၌ အာသာဆန္ဒပြင်းပြသောလူတို့ကို သင်္ဂြိုဟ်ခဲ့ရသောကြောင့် ထိုအရပ်၏အမည်ကို ကိဗြုတ်ဟတ္တဝါ ဟုခေါ်ဆိုလေ၏။
နယ်နိမိတ်သည် ရှေဖံမှ အဣနအရှေ့ဘက် ရိဗလတိုင်အောင် ဆင်းလာရမည်။ ထိုမှ နယ်နိမိတ်သည် ဆက်သွား၍ အရှေ့ဘက်တွင်ဂင်နေသရက်အိုင်စပ်အထိ ရောက်ရမည်။
တစ်နေ့သ၌ ယေရှုသည် ဂင်နေသရက်အိုင်နားတွင် ရပ်လျက်နေတော်မူစဉ် လူထုပရိသတ်တို့သည် ဘုရားသခင်၏နှုတ်ကပတ်တရားကိုကြားနာရန် ကိုယ်တော်ထံသို့တိုးဝှေ့လာကြ၏။