ငါ၏မျှော်လင့်ခြင်းကား အဘယ်မှာနည်း။ ငါ၏မျှော်လင့်ခြင်းကို အဘယ်သူမြင်ရမည်နည်း။
ယေဇကျေလ 37:11 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားရှင်ထာဝရဘုရားက “အချင်းလူသား၊ ဤအရိုးတို့သည် အစ္စရေးအမျိုးအနွယ် တစ်မျိုးနွယ်လုံးဖြစ်၏။ သူတို့က ‘ငါတို့၏အရိုးသည် ခြောက်သွေ့လျက်ရှိ၏။ ငါတို့၏မျှော်လင့်ချက် ကုန်ဆုံးပြီ။ ငါတို့သည် ဖယ်ထုတ်ခြင်းခံရလေပြီ’ဟု ပြောဆိုတတ်ကြ၏။ Common Language Bible ဘုရားသခင်က``အချင်းလူသား၊ ဣသရေလ အမျိုးသားတို့သည်ထိုအရိုးများနှင့်တူ ကြ၏။ သူတို့ကငါတို့သည်သွေ့ခြောက်လျက် သေ၍နေလေပြီ။ အနာဂတ်အတွက်မျှော် လင့်စရာမရှိတော့ဟုဆိုကြ၏။- Garrad Bible တစ် ဖန် ကိုယ် တော် က၊ အ ချင်း လူ့ သား၊ ဤ အ ရိုး များ ကား၊ ငါ တို့ သည် အ ရိုး သွေ့ ခြောက်၍၊ စောင့် မြော် ရာ အ ကြောင်း ပျက် လျက်၊ တိမ် ကော ခဲ့ လေ စွ ဟု၊ ဆို တတ် သော ဣ သ ရေ လ တစ် မျိုး လုံး ဖြစ် သည် ကို ထောက် ၍၊ သင် ဟော ပြော ဆင့် ဆို ရ မည် မှာ၊ Judson Bible ထာဝရဘုရားကလည်း၊ အချင်းလူသား၊ ဤအရိုးတို့သည် ဣသရေလအမျိုးအပေါင်းဖြစ်ကြ၏။ ငါတို့အရိုးများသည် သွေ့ခြောက်ကြ၏။ မျှော်လင့်စရာမရှိ။ ငါတို့သည် ဆုံးရှုံးကြပြီဟု သူတို့ဆိုတတ်ကြ၏။ |
ငါ၏မျှော်လင့်ခြင်းကား အဘယ်မှာနည်း။ ငါ၏မျှော်လင့်ခြင်းကို အဘယ်သူမြင်ရမည်နည်း။
မြေကိုတူး၍ခွဲခြေလိုက်သကဲ့သို့ အကျွန်ုပ်တို့၏အရိုးများသည် မရဏာနိုင်ငံအဝင်ဝတွင် ပြန့်ကျဲလျက်ရှိကြပါ၏။
ထာဝရဘုရား၏သန့်ရှင်းသူအပေါင်းတို့၊ ထာဝရဘုရားကို ချစ်ကြလော့။ ထာဝရဘုရားသည် သစ္စာစောင့်သောသူတို့ကို ကာကွယ်စောင့်ရှောက်တော်မူ၏။ မာန်မာနဖြင့်ပြုမူသောသူတို့ကိုမူကား မလျှော့မပေါ့အပြစ်ပေးတော်မူ၏။
ကိုယ်တော်၏ပြင်းထန်သောအမျက်တော်သည် အကျွန်ုပ်ကိုလွှမ်းမိုးသွား၍ ကိုယ်တော်၏ကြောက်မက်ဖွယ်ရာများသည် အကျွန်ုပ်ကို ဖယ်ရှားသုတ်သင်ကြပါ၏။
သတ်ဖြတ်ခြင်းခံရပြီး သင်္ချိုင်းတွင်း၌ လဲလျောင်းနေကြသူများတည်းဟူသော နောက်တစ်ဖန် ကိုယ်တော်၏အောက်မေ့ခြင်းကို မခံရဘဲ လက်တော်၏မစခြင်းမှ အဆက်ပြတ်နေသောသူများကဲ့သို့ သေသောသူတို့အလယ်တွင် ပစ်ထားခြင်းခံရပါ၏။
အို ယာကုပ်အမျိုး၊ အို အစ္စရေးလူမျိုး၊ “ထာဝရဘုရားသည် ငါ့လမ်းကို မမြင်။ ငါ၏ဘုရားသခင်သည် ငါ့အမှုကို ဂရုမစိုက်”ဟု အဘယ်ကြောင့်ပြောဆိုရသနည်း။
သို့သော် ဇိအုန်မြို့က “ထာဝရဘုရားသည် ငါ့ကိုစွန့်ပယ်တော်မူပြီ။ ဘုရားရှင်သည် ငါ့ကိုမေ့လျော့တော်မူပြီ”ဟု ဆိုလေပြီတကား။
‘ဖိနပ်မပါဘဲမသွားနှင့်၊ အာခေါင်မခြောက်စေနှင့်’ဟု သတိပေးသော်လည်း သင်က ‘မမျှော်လင့်နှင့်။ သူစိမ်းကို ငါတကယ်ချစ်မိပြီဖြစ်၍ သူတို့နောက်သို့လိုက်တော့မည်’ဟု ဆို၏။
ထာဝရဘုရားက “ထိုကာလ၌ ငါသည် အစ္စရေးမျိုးနွယ်စုအပေါင်းတို့၏ဘုရားဖြစ်မည်။ သူတို့သည် ငါ၏လူမျိုးတော်ဖြစ်မည်”ဟု မိန့်တော်မူ၏။
လူမရှိ၊ တိရစ္ဆာန်မရှိ ဆိတ်ညံသောပြည်၊ ခါလဒဲတပ်၏လက်သို့ ရောက်သွားသောပြည်ဖြစ်၏ဟု သင်တို့ပြောသော ထိုပြည်မှလယ်ကို ဝယ်ယူကြလိမ့်မည်’ဟု မိန့်တော်မူ၏။
သို့ဖြစ်၍ “ငါ့ခွန်အား ကုန်ခန်းပြီ။ ထာဝရဘုရားထံတော်မှ ငါ့မျှော်လင့်ခြင်း ကုန်ဆုံးပြီ”ဟု ငါဆိုရ၏။
ရေသည် ငါ့ဦးခေါင်းအထိ လွှမ်းမိုးလာသဖြင့် “ငါသေရတော့မည်”ဟု ငါဆိုမိပြီ။
အချင်းလူသား၊ အစ္စရေးအမျိုးအနွယ်တို့အား ‘သင်တို့က ငါတို့လွန်ကျူးသောအပြစ်ဒုစရိုက်များကြောင့် ဝန်ပိလျက်၊ ခွန်အားယုတ်လျော့လျက်နေသည်ဖြစ်၍ မည်သို့အသက်ရှင်နိုင်မည်နည်းဟူ၍ ဆိုတတ်ကြသည်’ဟု ဆင့်ဆိုလော့။
သင်တို့ပေါ်တွင် အစ္စရေးတစ်မျိုးနွယ်လုံးကို တိုးပွားများပြားစေမည်။ သူတို့သည် မြို့များ၌ နေထိုင်ကြလိမ့်မည်။ ပြိုပျက်ရာတို့ကို ပြုပြင်ကြလိမ့်မည်။
“အချင်းလူသား၊ တုတ်တစ်ချောင်းကိုယူ၍ ထိုတုတ်ပေါ်တွင် ‘ယုဒအမျိုးနှင့် ယုဒအမျိုး၏အပေါင်းအဖော် အစ္စရေးအမျိုးသားတို့အတွက်’ဟု ရေးထားလော့။ နောက်တုတ်တစ်ချောင်းကိုယူ၍ ‘ယောသပ်အမျိုးအတွက် ဧဖရိမ်တုတ်နှင့် ယောသပ်အမျိုး၏အပေါင်းအဖော် အစ္စရေးအမျိုးသားအပေါင်းတို့အတွက်’ဟု ရေးထားလော့။
သူတို့အား ‘ဘုရားရှင်ထာဝရဘုရားက ဧဖရိမ်ကိုင်ထားသော ယောသပ်နှင့် ယောသပ်၏အပေါင်းအဖော် အစ္စရေးအမျိုးအနွယ်တို့၏တုတ်ကိုယူ၍ ယုဒ၏တုတ်နှင့် ပူးကိုင်ထားပြီး တစ်ချောင်းတည်းဖြစ်စေမည်။ ငါ့လက်ထဲတွင် တစ်ချောင်းတည်းဖြစ်မည်ဟူ၍ မိန့်တော်မူသည်’ဟု ပြောလော့။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘ဖမ်းခေါ်သွားခြင်းခံရသောယာကုပ်အမျိုးကို ယခု ငါပြန်ခေါ်လာမည်။ အစ္စရေးတစ်မျိုးနွယ်လုံးကို သနားစုံမက်မည်။ သန့်ရှင်းသောငါ့နာမအတွက် ငါသဝန်တိုမည်။
ထိုအခါ ယုဒအမျိုးသားနှင့် အစ္စရေးအမျိုးသားတို့သည် အတူတကွစုရုံးလျက် ခေါင်းဆောင်တစ်ဦးကို ရွေးချယ်တင်မြှောက်ပြီး ထိုပြည်မှထွက်လာကြလိမ့်မည်။ ထိုနေ့သည် ယေဇရေလမြို့အဖို့ နေ့ထူးနေ့မြတ် ဖြစ်လိမ့်မည်။
ဤသို့ဖြင့် အစ္စရေးလူမျိုးတစ်မျိုးလုံးသည် ကယ်တင်ခြင်းခံရမည်ဟူ၍ဖြစ်၏။ “ကယ်နုတ်သောအရှင်သည် ဇိအုန်မှကြွလာပြီး ယာကုပ်၏အမျိုးအနွယ်ထဲမှ ဘုရားတရားမဲ့ခြင်းများကို ဖယ်ရှားတော်မူလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ခရစ်တော်၏ချစ်ခြင်းမေတ္တာတော်သည် ငါတို့ကိုလွှမ်းမိုးလျက်ရှိ၏။ ငါတို့သည် ဤသို့ယူဆကြ၏။ တစ်ယောက်သောသူသည် လူအပေါင်းတို့အတွက် အသေခံသည်ဖြစ်၍ လူအပေါင်းတို့သည် သေဆုံးခဲ့ကြပြီ။
တစ်ချိန်က သင်တို့သည် မိမိတို့၏အပြစ်နှင့်ကျူးလွန်သောအပြစ်များ၌သေနေကြ၍