သူတို့ထဲမှ အသတ်ခံရသူတို့ကို အပြင်သို့ပစ်လိုက်၍ သူတို့အလောင်းများမှ အပုပ်နံ့များထွက်လာမည်။ တောင်များပေါ်၌ သွေးချောင်းစီးမည်။
ယေဇကျေလ 35:6 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ငါဘုရားရှင်ထာဝရဘုရား အသက်ရှင်သည်နှင့်အညီ အသက်သတ်ခြင်းအမှုကို သင်၌အပ်သဖြင့် သွေးကြွေးသည် သင့်ကိုလိုက်လိမ့်မည်။ လူအသက်သတ်ခြင်းကို သင်မြတ်နိုးသောကြောင့် သွေးကြွေးသည် သင့်နောက်သို့လိုက်လိမ့်မည်။ Common Language Bible သို့ဖြစ်၍ငါအရှင်ထာဝရဘုရားသည် အသက်ရှင်တော်မူသောဘုရားဖြစ်သော ကြောင့်သင်သည်သေရလိမ့်မည်။ အသက် ချမ်းသာရနိုင်မည်မဟုတ်။ သင်သည်လူ သတ်သမားဖြစ်သဖြင့်သင်ကိုယ်တိုင် အသတ်ခံရလိမ့်မည်။- Garrad Bible ငါ သည် သင့် ကို သွေး အိုင် ဖြစ် စေ မည့် အ လျောက်၊ သွေး သွန်း ဘေး ထက် ကြပ် လိုက် မည်။ သွေး သွန်း မှု ကို နှစ် သက် သော သင့် ကို၊ သွေး သွန်း ဘေး ထပ် ကြပ် လိုက် မည် ဟု၊ အ သက် တော် ကို တိုင် တည်၍၊ ငါ အ ရှင် ထာ ဝ ရ ဘု ရား မိန့် ဆို ၏။ Judson Bible အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါအသက်ရှင်သည်အတိုင်း၊ အသက်သတ်ခြင်းအမှုကို သင်၌ငါပြု၍၊ ထိုအမှုသည် သင့်ကိုလိုက်မည်။ အသက်သတ်ခြင်းအမှုကို သင်မမုန်းသောကြောင့်၊ ထိုအမှုသည် သင့်ကိုလိုက်ရလိမ့်မည်။ |
သူတို့ထဲမှ အသတ်ခံရသူတို့ကို အပြင်သို့ပစ်လိုက်၍ သူတို့အလောင်းများမှ အပုပ်နံ့များထွက်လာမည်။ တောင်များပေါ်၌ သွေးချောင်းစီးမည်။
အိမ်ထောင်ရေးဖောက်ပြန်သောမိန်းမ၊ လူသတ်သောမိန်းမတို့ကို တရားစီရင်သကဲ့သို့ သင့်ကိုငါတရားစီရင်မည်။ မနာလိုစိတ်၊ ဒေါသစိတ်တို့ဖြင့် သင့်ကို သေဒဏ်ပေးမည်။
‘သင့်ကိုယ်မှစီးကျသောသွေးများဖြင့် တောင်များပါမကျန် မြေကိုစိုစွတ်စေမည်။ မြစ်များသည်လည်း သင်၏သွေးများနှင့် ပြည့်နေလိမ့်မည်။
ငါသည် စိရတောင်ကို ဆိတ်ညံရာ၊ လူသူကင်းမဲ့ရာ ဖြစ်စေမည်။ ထိုတောင်သို့ ဝင်ထွက်သွားလာသူမရှိအောင် ငါလုပ်မည်။
အကယ်စင်စစ် လူမျိုးတကာတို့ကို စီရင်မည့် ထာဝရဘုရားနေ့တော်သည် ရောက်လုနီးပြီ။ ထိုနေ့တွင်သင်ပြုခဲ့သည့်အတိုင်း သင်ပြန်ခံရမည်။ သင်ပြုသမျှ သင့်ခေါင်းပေါ်ပြန်ရောက်လိမ့်မည်။
အကြောင်းမူကား သင်တို့စီရင်သည့်နည်းလမ်းအတိုင်း သင်တို့သည် စီရင်ခြင်းခံရ၍ သင်တို့တိုင်းတာခြင်တွယ်သည့်စံနှုန်းအတိုင်း သင်တို့အတွက် တိုင်းတာခြင်တွယ်ပေးလိမ့်မည်။
ပရောဖက်များ၊ သန့်ရှင်းသူများနှင့် ကမ္ဘာမြေကြီးပေါ်တွင် အသေသတ်ခြင်းခံခဲ့ရသောသူအပေါင်းတို့၏သွေးကိုလည်း ထိုမြို့၌တွေ့ရ၏”ဟု ဆိုလေ၏။
သူပေးခဲ့သည့်အတိုင်း သူ့အားပြန်ပေးကြလော့။ သူပြုသောအမှုများအပေါ် နှစ်ဆတိုး၍တုံ့ပြန်ကြလော့။ သူရောစပ်ခဲ့သောခွက်၌ သူ့အတွက်နှစ်ဆရောစပ်ပေးကြလော့။