အို ဘုရားရှင်၊ အကျွန်ုပ်တို့၏အိမ်နီးချင်းတို့သည် ကိုယ်တော်ကိုကဲ့ရဲ့ပြစ်တင်ကြသည်ဖြစ်၍ သူတို့၏ကဲ့ရဲ့ပြစ်တင်ခြင်းကို သူတို့ရင်ခွင်ထဲသို့ ခုနစ်ဆပြန်ပေးတော်မူပါ။
ယေဇကျေလ 35:12 - မြန်မာ့စံမီသမ္မာကျမ်း သင်သည် အစ္စရေးတောင်တန်းကို အရှက်ခွဲလျက် ထိုတောင်တန်းပျက်စီးပြီ၊ ငါတို့အစာဖြစ်လေပြီဟု ပြောဆိုသောစကားအလုံးစုံကို ငါကြားကြောင်း သင်သိရလိမ့်မည်။ Common Language Bible ထိုအခါဣသရေလတောင်များသည်လူ သူဆိတ်ငြိမ်ရာ၊ သင်တိုက်ခိုက်လုယူရာ အရပ်များဖြစ်သည်ဟုသင်ကဲ့ရဲ့ပြော ဆိုသည့်စကားများကို ငါထာဝရ ဘုရားကြားတော်မူကြောင်းကိုသင်သိရှိ ရလိမ့်မည်။- Garrad Bible ဤ ခင် တန်း သည် ဆိတ် ညံ ရာ ရောက် လျက်၊ ငါ တို့ မျို စား ခွင့် ရ ကြ ပြီ ဟု ဣ သ ရေ လ ခင် တန်း ကို ရည် လျက်၊ သင် ကြိမ်း ပ ချက် ဟူ သ မျှ ကို၊ ငါ ထာ ဝ ရ ဘု ရား ကြား ခဲ့ ကြောင်း သိ ရ လ တ္တံ့။ Judson Bible သင်က၊ ဣသရေလတောင်တို့သည် ပျက်စီး၍ ငါတို့စားစရာဖို့ ဖြစ်ကြ၏ဟု ကဲ့ရဲ့၍ပြောဆိုသော စကားအလုံးစုံတို့ကို ငါထာဝရဘုရားကြားကြောင်းကို သင်သိရလိမ့်မည်။ |
အို ဘုရားရှင်၊ အကျွန်ုပ်တို့၏အိမ်နီးချင်းတို့သည် ကိုယ်တော်ကိုကဲ့ရဲ့ပြစ်တင်ကြသည်ဖြစ်၍ သူတို့၏ကဲ့ရဲ့ပြစ်တင်ခြင်းကို သူတို့ရင်ခွင်ထဲသို့ ခုနစ်ဆပြန်ပေးတော်မူပါ။
ထိုသူတို့က “ဘုရားသခင်ပိုင်သောစားကျက်များကို ငါတို့အတွက်သိမ်းယူကြကုန်စို့”ဟု ဆိုကြပါ၏။
သူတို့ကိုတွေ့သူတိုင်း သူတို့ကိုဝါးမျိုကြပြီ။ သူတို့၏ရန်သူတို့က ‘ငါတို့၌အပြစ်မရှိ။ အကြောင်းမူကား သူတို့၏စစ်မှန်သောခိုလှုံရာထာဝရဘုရား၊ သူတို့ဘိုးဘေးတို့၏မျှော်လင့်ရာထာဝရဘုရားကို သူတို့ပြစ်မှားကြပြီ’ဟု ဆိုကြလေပြီ။
သင့်နှုတ်ဖြင့် ငါ့အား ဆန့်ကျင်ပုတ်ခတ်သောစကား၊ မောက်မောက်မာမာပြောဆိုခဲ့သောစကားအလုံးစုံကို ငါကြား၏’ဟု မိန့်တော်မူ၏။
လူသူကင်းမဲ့ရာ အစဉ်ဖြစ်စေမည်။ မြို့တို့တွင် နေထိုင်မည့်သူ ရှိတော့မည်မဟုတ်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိကြလိမ့်မည်။
သင်တို့၏ရန်သူက ရှေးကရှိခဲ့သော အထွတ်အမြတ်ထားရာကုန်းမြင့်တို့ကို ငါတို့ပိုင်ပြီဟေ့ဟူ၍ ဆိုလေပြီ’ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။
သင်တို့တွင် လူတို့ လဲကျသေဆုံးကြလိမ့်မည်။ ထိုအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိကြလိမ့်မည်။
သင့်ညီ ဘေးဆိုးကြုံရသောနေ့တွင် သင်ကြည့်မနေသင့်။ ယုဒအမျိုးသားတို့ ဖျက်ဆီးခံရသောနေ့တွင် သင်ဝမ်းမမြောက်သင့်။ ဆင်းရဲဒုက္ခရောက်သောနေ့တွင် သင်လှောင်ပြောင်မပြောဆိုသင့်။
“မောဘပြည်သားတို့၏ကဲ့ရဲ့သံ၊ အမ္မုန်အမျိုးသားတို့၏စော်ကားသံကိုငါကြားပြီ။ သူတို့သည် ငါ့လူမျိုးတော်ကိုကဲ့ရဲ့ကြ၏။ ငါ့လူမျိုးတော်၏ပြည်ကိုလည်း ဆန့်ကျင်ပုန်ကန်ကြ၏။