Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 35:12 - Common Language Bible

12 ထို​အ​ခါ​ဣ​သ​ရေ​လ​တောင်​များ​သည်​လူ သူ​ဆိတ်​ငြိမ်​ရာ၊ သင်​တိုက်​ခိုက်​လု​ယူ​ရာ အ​ရပ်​များ​ဖြစ်​သည်​ဟု​သင်​ကဲ့​ရဲ့​ပြော ဆို​သည့်​စ​ကား​များ​ကို ငါ​ထာ​ဝ​ရ ဘု​ရား​ကြား​တော်​မူ​ကြောင်း​ကို​သင်​သိ​ရှိ ရ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 ဤ ခင် တန်း သည် ဆိတ် ညံ ရာ ရောက် လျက်၊ ငါ တို့ မျို စား ခွင့် ရ ကြ ပြီ ဟု ဣ သ ရေ လ ခင် တန်း ကို ရည် လျက်၊ သင် ကြိမ်း ပ ချက် ဟူ သ မျှ ကို၊ ငါ ထာ ဝ ရ ဘု ရား ကြား ခဲ့ ကြောင်း သိ ရ လ တ္တံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 သင်​က၊ ဣ​သ​ရေ​လ​တောင်​တို့​သည် ပျက်​စီး၍ ငါ​တို့​စား​စ​ရာ​ဖို့ ဖြစ်​ကြ၏​ဟု ကဲ့​ရဲ့၍​ပြော​ဆို​သော စ​ကား​အ​လုံး​စုံ​တို့​ကို ငါ​ထာ​ဝ​ရ​ဘု​ရား​ကြား​ကြောင်း​ကို သင်​သိ​ရ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 သင်​သည် အစ္စရေး​တောင်တန်း​ကို အရှက်ခွဲ​လျက် ထို​တောင်တန်း​ပျက်စီး​ပြီ​၊ ငါ​တို့​အစာ​ဖြစ်​လေ​ပြီ​ဟု ပြောဆို​သော​စကား​အလုံးစုံ​ကို ငါ​ကြား​ကြောင်း သင်​သိ​ရ​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 35:12
10 ပူးပေါင်းရင်းမြစ်များ  

ဇေ​ဘ​မင်း​နှင့်​ဇာ​လ​မုန္န​မင်း​တို့​က``ငါ​တို့​သည် ဘု​ရား​သ​ခင်​ပိုင်​တော်​မူ​သော​ပြည်​ကို သိမ်း​ယူ​ကြ​ကုန်​အံ့'' ဟု​ဆို​ကြ​ပါ​၏။


ငါ​သည်​သင့်​အား​အ​စဉ်​လူ​သူ​ဆိတ်​ငြိမ်​ရာ အ​ရပ်​ဖြစ်​စေ​မည်။ သင်​၏​မြို့​တို့​တွင်​နောက် တစ်​ဖန်​အ​ဘယ်​သူ​မျှ​နေ​ထိုင်​လိမ့်​မည်​မ ဟုတ်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝရ​ဘု​ရား ဖြစ်​တော်​မူ​ကြောင်း​သင်​သိ​လိမ့်​မည်။


နေ​ရာ​တ​ကာ​တွင်​လူ​တို့​သည်​အ​သတ်​ခံ​ရ ကြ​လိမ့်​မည်။ ဤ​သည်​ကား​ငါ​သည်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​ကြောင်း​သိ​ရ​ကြ​လိမ့်​မည်။


သူ​တို့​သည်​မိ​မိ​တို့​နှင့်​ကြုံ​တွေ့​ရ​သူ​လူ အ​ပေါင်း​တို့​၏​တိုက်​ခိုက်​မှု​ကို​ခံ​ရ​ကြ​၏။ သူ​တို့​၏​ရန်​သူ​များ​က`ထို​သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ပြစ်​မှား​ကြ​သည်​ဖြစ်​၍ သူ​တို့​အား​ငါ​တို့​ပြု​သည့်​အ​မှု​သည်​မ​မှား။ သူ​တို့​၏​ဘိုး​ဘေး​များ​သည်​ထာ​ဝ​ရ​ဘု​ရား ကို​ယုံ​ကြည်​ကိုး​စား​ခဲ့​သူ​များ​ဖြစ်​သ​ဖြင့် သူ​တို့​ကိုယ်​တိုင်​သည်​လည်း​ကိုယ်​တော်​အား သစ္စာ​စောင့်​သင့်​ကြ​ပေ​သည်' ဟု​ဆို​ကြ​၏။


သင်​သည်​ယု​ဒ​ပြည်​ရှိ​မိ​မိ​၏​ညီ​အစ်​ကို​များ၊ ကံ​ကြမ္မာ​ဆိုး​နှင့်​ကြုံ​တွေ့​ရ​သည်​ကို​ကျိတ်​၍၊ နှစ်​ထောင်း​အား​ရ​မ​ဖြစ်​သင့်။ သူ​တို့​ဆုံး​ပါး​ပျက်​စီး​ချိန်​၌​ဝမ်း​မြောက် ဝမ်း​သာ​မ​ဖြစ်​သင့်။ သူ​တို့​စိတ်​ဒုက္ခ​ရောက်​ကြ​သော​အ​ခါ၊ သင်​သည်​မ​ဝါ​ကြွား​သင့်။


အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​အား​စော်​ကား​ပြော​ဆို ကြ​သည့် တိုင်း​နိုင်​ငံ​တို့​သည်​ခု​နစ်​ဆ​မျှ​ပို​၍ အ​စော်​ကား​ခံ​စေ​တော်​မူ​ပါ။


သင်​သည်​ငါ့​အား​ဆန့်​ကျင်​ဘက်​ပြု​၍ အ​ရမ်း​ကာ​ရော​ကြွား​ဝါ​ပြော​ဆို​သည် ကို​ငါ​ကြား​တော်​မူ​ပြီ'' ဟု​မိန့်​တော်​မူ​၏။


အ​န​န္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား က ``မော​ဘ​ပြည်​သား​များ​နှင့်​အမ္မုန်​ပြည် သား​များ​သည်​ငါ​၏​လူ​မျိုး​တော်​ကို​စော် ကား​ရန်​စ​ကြ​သည်​ကို​လည်း​ကောင်း၊ သူ တို့​၏​ပြည်​ကို​ဝင်​ရောက်​သိမ်း​ယူ​ရန်​ကြွား ဝါ​လျက်​နေ​သည်​ကို​လည်း​ကောင်း​ငါ ကြား​သိ​တော်​မူ​လေ​ပြီ။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ