မြို့ရိုးဆောက်လုပ်သူတိုင်း ခါး၌ဓားချိတ်ဆွဲ၍ အလုပ်လုပ်ကြရ၏။ တံပိုးမှုတ်သောသူသည် ငါ့အနား၌ ရပ်နေ၏။
ယေဇကျေလ 33:3 - မြန်မာ့စံမီသမ္မာကျမ်း ထိုသူသည် ပြည်သို့ ဓားဘေးကျရောက်သည်ကို သိမြင်ပြီး တံပိုးမှုတ်လျက် ပြည်သားတို့ကို သတိပေးသောအခါ Common Language Bible သူသည်ရန်သူချဉ်းကပ်လာသည်ကိုမြင် လျှင် လူအပေါင်းတို့အားတံပိုးခရာမှုတ် ၍အချက်ပေးရ၏။- Garrad Bible ဓား ဘေး သင့် ကြောင်း သိ မြင် လျက်၊ သ တိ ပေး ရန် တံ ပိုး မှုတ် လျှင်၊ Judson Bible ထိုသူသည် ဓားဘေးရောက်သည်ကို မြင်လျက် တံပိုးမှုတ်၍ သတိပေးသော်လည်း၊ |
မြို့ရိုးဆောက်လုပ်သူတိုင်း ခါး၌ဓားချိတ်ဆွဲ၍ အလုပ်လုပ်ကြရ၏။ တံပိုးမှုတ်သောသူသည် ငါ့အနား၌ ရပ်နေ၏။
ထို့ကြောင့် တံပိုးမှုတ်သံကိုကြားလျှင် ရှိသည့်နေရာမှ ငါ့ထံသို့စုရုံးလာကြလော့။ ငါတို့၏ဘုရားသခင်သည် ငါတို့အတွက် စစ်တိုက်တော်မူမည်”ဟု မှာကြား၏။
ကျယ်လောင်စွာဟစ်ကြော်လော့။ ထိန်းချုပ်မထားနှင့်။ တံပိုးမှုတ်သံကဲ့သို့ သင်၏အသံကိုလွှင့်၍ ငါ့လူမျိုးတော်တို့အား သူတို့ကျူးလွန်သောအပြစ်ကိုလည်းကောင်း၊ ယာကုပ်အမျိုးအနွယ်အား သူတို့၏အပြစ်များကိုလည်းကောင်း ဖော်ပြလော့။
ယုဒပြည်၌ ဟောပြောလော့။ ဂျေရုဆလင်မြို့ကို ကြားသိစေလော့။ ပြည်တစ်လျှောက်လုံး တံပိုးမှုတ်ကြလော့။ ‘စုဝေးကြစို့။ ခံတပ်မြို့များအတွင်းသို့ဝင်ကြစို့’ဟု ကြွေးကြော်ကြလော့။
ထိုပြည်၌ အချက်ပြအလံကိုလွှင့်ထူကြ။ လူမျိုးတကာတို့ကို တံပိုးမှုတ်သံပေးကြ။ ထိုပြည်ကိုတိုက်ခိုက်ရန် လူမျိုးတကာတို့ကို အသင့်ပြင်ဆင်စေကြ။ အာရရတ်၊ မိန္နိနှင့် အာရှကေနတ် စသော တိုင်းနိုင်ငံတို့ကို ဆင့်ခေါ်ကြ။ စစ်ဦးစီးကိုခန့်ထားကြ။ မြင်းတို့ကို ကျိုင်းကောင်အုပ်ကဲ့သို့ ချီတက်စေကြ။
အို ဗင်္ယာမိန်အမျိုးသားတို့၊ ဂျေရုဆလင်မြို့မှထွက်၍ လုံခြုံရာသို့ပြေးကြလော့။ တေကောရွာ၌ တံပိုးမှုတ်ကြလော့။ ဗေသက္ကရင်ရွာ၌ အချက်ပြမီးကို မြှောက်ပြကြလော့။ ပျက်စီးခြင်းဘေးအန္တရာယ်ကြီးသည် မြောက်ဘက်အရပ်မှ ထွက်ပေါ်လာပြီ။
အကယ်၍ ဆိုးယုတ်သောသူကို သင်သတိပေးသော်လည်း သူသည် ဆိုးယုတ်သောအပြစ်လမ်းမှ ပြန်မလှည့်လျှင် သူ့အပြစ်အတွက် သူသေရမည်။ သင်မူကား အသက်ချမ်းသာရာရလိမ့်မည်။
တံပိုးမှုတ်၍ သတိပေးကြလော့။ သူတို့သည် ငါ့ပဋိညာဉ်ကို ချိုးဖောက်ပြီး ပညတ်တရားကို ပုန်ကန်ကြသောကြောင့် ရန်သူသည် လင်းယုန်ငှက်ကဲ့သို့ ထာဝရဘုရား၏အိမ်တော်ကို လာတိုက်ခိုက်မည်။
ဇိအုန်တောင်ပေါ်တွင် တံပိုးမှုတ်ကြလော့။ ငါ၏သန့်ရှင်းရာတောင်တော်ပေါ်တွင် သတိပေးသံပြုကြလော့။ ထာဝရဘုရား၏နေ့ရက်သည် လာနေပြီ၊ အမှန်ပင် ရောက်လုနီးပြီဖြစ်သောကြောင့် ပြည်သူပြည်သားအပေါင်းတို့၊ ထိတ်လန့်တုန်လှုပ်ကြလော့။
မြို့ထဲတွင် တံပိုးမှုတ်သံကြားသောအခါ လူတို့ မထိတ်လန့်ဘဲ နေမည်လော။ ထာဝရဘုရားပြုတော်မမူဘဲ မြို့ထဲတွင် ဘေးအန္တရာယ်ကျရောက်နိုင်မည်လော။
တံပိုးခရာသည်လည်း မသေချာသောအသံကိုပေးလျှင် မည်သူသည် တိုက်ပွဲအတွက် ပြင်ဆင်လိမ့်မည်နည်း။