ကိုယ်ရံတော်မှူးနှင့်ပါလာသော ခါလဒဲစစ်သည်အပေါင်းတို့သည် ဂျေရုဆလင်မြို့ပတ်ပတ်လည်ရှိ မြို့ရိုးကို ဖြိုဖျက်ကြ၏။
ယေဇကျေလ 33:21 - မြန်မာ့စံမီသမ္မာကျမ်း ငါတို့ဖမ်းခေါ်သွားခြင်းခံရပြီး တစ်ဆယ့်နှစ်နှစ်မြောက်၊ ဒသမလ၊ ငါးရက်နေ့တွင် ဂျေရုဆလင်မြို့မှ ထွတ်ပြေးလွတ်မြောက်လာသူတစ်ဦး ငါ့ထံသို့ရောက်လာ၍ “မြို့တော်ကြီးတိုက်ခိုက်ခံရလေပြီ”ဟု ကြားပြောလေ၏။ Common Language Bible ငါတို့ပြည်နှင်ဒဏ်ခံသောတစ်ဆယ့်နှစ်နှစ် မြောက်၊ ဒသမလ၊ လဆန်းငါးရက်နေ့၌ ယေရုရှလင်မြို့မှလွတ်မြောက်လာသူတစ် ယောက်သည်လာ၍ငါ့အားယေရုရှလင် မြို့ရန်သူလက်သို့ကျရောက်သွားသည့် အကြောင်းကိုပြောပြ၏။- Garrad Bible တစ် ဖန်၊ ငါ တို့ သိမ်း သွား ခံ ရ သော ဆယ့် နှစ် နှစ်၊ ဒ သ မ လ၊ ငါး ရက် တွင်၊ ယေ ရု ရှ လင် မြို့ မှ ပြေး လွတ် သူ သည်၊ ငါ ထံ ရောက် လာ လျက် မြို့ တော် ပေါက် ပါ ပြီ ဟု ပြန် ကြား လေ၏။ ထို ပြေး လွတ် သူ မ ရောက် မီ၊ ညဉ့် ဦး က စ၍ နောက် နံ နက် ထို သူ မ ရောက် မီ အ တွင်း၊ Judson Bible သိမ်းသွားရာ သက္ကရာဇ်တစ်ဆယ်နှစ်ခု၊ ဒသမလ ငါးရက်နေ့တွင်၊ ယေရုရှလင်မြို့မှ ပြေး၍လွတ်သော သူတစ်ယောက်သည် ငါ့ထံသို့ရောက်လာ၍၊ မြို့ကိုလုပ်ကြံပြီဟု သတင်းကြားပြော၏။ |
ကိုယ်ရံတော်မှူးနှင့်ပါလာသော ခါလဒဲစစ်သည်အပေါင်းတို့သည် ဂျေရုဆလင်မြို့ပတ်ပတ်လည်ရှိ မြို့ရိုးကို ဖြိုဖျက်ကြ၏။
နောက်ဆုံး၌ မြို့ရိုးကျိုးပေါက်သွားပြီး ခါလဒဲစစ်သည်တို့က မြို့ကိုဝိုင်းရံထားကြသော်လည်း ရှင်ဘုရင်နှင့်တကွ စစ်သူရဲအပေါင်းတို့သည် ညအချိန်တွင် ဘုရင့်ဥယျာဉ်တော်အနီး မြို့ရိုးနှစ်ခုကြားရှိတံခါးမှထွက်၍ အရာဗလွင်ပြင်သွားရာလမ်းအတိုင်း ထွက်ပြေးကြ၏။
ဘေဘီလုံမြို့သို့ ဖမ်းခေါ်သွားခြင်းခံရသော ယုဒပြည်သူဂျေရုဆလင်မြို့သားတို့နှင့်အတူ ယေရမိလည်း ကြိုးနှင့်ချည်နှောင်ခံရလျက် ဖမ်းခေါ်သွားခြင်းခံရ၍ ရာမမြို့သို့ရောက်သောအခါ ကိုယ်ရံတော်မှူးနေဗုဇာရဒန်က သူ့ကိုပြန်လွှတ်ပေးပြီးနောက် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိထံသို့ရောက်လာ၏။
နဝမနှစ်၊ ဒသမလ၊ ဆယ်ရက်နေ့တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၍
“အချင်းလူသား၊ ဤနေ့၊ ဤရက်ကို အမည်နှင့်တကွ ရေးမှတ်လော့။ ဤနေ့ရက်သည် ဂျေရုဆလင်မြို့ကို ဘေဘီလုံဘုရင်ဝိုင်းရံထားသောနေ့ဖြစ်၏။
တစ်ဆယ့်တစ်နှစ်မြောက်၊ တတိယလ၊ ပထမနေ့တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၍
တစ်ဆယ့်နှစ်နှစ်မြောက်၊ တစ်ဆယ့်နှစ်လပိုင်း၊ ပထမနေ့တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၍
တစ်ဆယ့်နှစ်နှစ်မြောက်၊ ပထမလ၊ တစ်ဆယ့်ငါးရက်နေ့တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၍
ငါတို့ဖမ်းခေါ်သွားခြင်းခံရပြီး နှစ်ဆယ့်ငါးနှစ်မြောက်နှစ်ဦးပိုင်း၊ ဂျေရုဆလင်မြို့တိုက်ခိုက်ခံရပြီး တစ်ဆယ့်လေးနှစ်မြောက်၊ လဆန်းဆယ်ရက်နေ့၊ ထိုနေ့တွင်ပင် ထာဝရဘုရား၏လက်တော်သည် ငါ့အပေါ်ရောက်လာ၍ ငါ့အား ထိုမြို့သို့ ဆောင်သွားတော်မူ၏။