Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 24:1 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 နဝမ​နှစ်​၊ ဒသမ​လ​၊ ဆယ်​ရက်​နေ့​တွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

1 ငါ​တို့​ပြည်​နှင်​ဒဏ်​ခံ​စဉ်​ကိုး​နှစ်​မြောက်​ဒ​သ​မ လ၊ လ​ဆန်း​ဆယ်​ရက်​နေ့​၌​ထာ​ဝ​ရ​ဘု​ရား​၏ နှုတ်​က​ပတ်​တော်​သည်​ငါ့​ထံ​သို့​ရောက်​လာ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 တစ် ဖန် တုံ၊ ကိုး နှစ် ဒ သ မ လ၊ ဆယ် ရက် တွင်၊ ငါ သို့ ရောက် လာ သော ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ကား၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 သ​က္က​ရာဇ်​ကိုး​ခု၊ ဒ​သ​မ​လ​ဆယ်​ရက်​နေ့​တွင်၊ တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့ ရောက်​လာ၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 24:1
17 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ယုဒ​ဘုရင်​ယောယခိမ်​မင်းကြီး​သည် မယ်တော်​မှစ၍ မင်းမှုထမ်း​များ​၊ မှူးမတ်​များ​နှင့် မိန်းမစိုး​များ​ပါ​လျက် ဘေဘီလုံ​ဘုရင်​ထံ အညံ့ခံ​လေ​၏​။ ထို့ကြောင့် ဘေဘီလုံ​ဘုရင်​သည် နန်းစံ​ရှစ်​နှစ်​တွင် ယောယခိမ်​မင်းကြီး​ကို ဖမ်းခေါ်​သွား​၏​။


ယုဒ​ဘုရင်​ဇေဒကိ​မင်းကြီး​နန်းစံ ကိုး​နှစ်​၊ ဒသမ​လ​တွင် ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​နှင့် သူ​၏​စစ်သည်​အပေါင်း​တို့​သည် ချီတက်​လာ​၍ ဂျေရုဆလင်​မြို့​ကို ဝိုင်းရံ​ထား​လေ​၏​။


ဇေဒကိ​မင်းကြီး​နန်းစံ​ကိုး​နှစ်​၊ ဒသမ​လ​၊ ဆယ်​ရက်​နေ့​တွင် ဘေဘီလုံ​ဘုရင် နေဗုခဒ်နေဇာ​မင်းကြီး​သည် မိမိ​စစ်သည်​အပေါင်း​တို့​နှင့်တကွ ဂျေရုဆလင်​မြို့​သို့ စစ်ချီ​လာ​၍ မြို့​ပြင်​၌ စခန်းချ​ကြ​၏​။ မြို့​ပတ်ပတ်လည်​၌ မြေကတုတ်​ကို​ဆောက်​ကြ​၏​။


ယောယခိမ်​မင်းကြီး ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော ပဉ္စမ​နှစ်​၊ ထို​လ ငါး​ရက်​နေ့​တွင်


သတ္တမ​နှစ်​၊ ပဉ္စမ​လ​၊ ဆယ်​ရက်​နေ့​၌ အစ္စရေး​တို့​၏​သက်ကြီးဝါကြီး​အချို့​တို့​သည် ထာဝရဘုရား​ထံ မေးလျှောက်​ရန် ရောက်လာ​ပြီး ငါ​ရှေ့​၌​ထိုင်​နေ​ကြ​စဉ်


သူ​တို့​သည် သင်​ပြု​ခဲ့​သော​ညစ်ညမ်းမှု​အပြစ်​ကို ပြန်​ခံ​စေ​မည်။ ရုပ်တု​နောက်​လိုက်​သည့်​အပြစ်​တို့​ကို သင်​ပြန်​ခံရ​မည်​။ သို့မှ ငါ​သည် ဘုရားရှင်​ထာဝရဘုရား​ဖြစ်ကြောင်း သင်​တို့​သိ​ကြ​လိမ့်မည်’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု မိန့်ဆို​၏​။


“​အချင်း​လူသား​၊ ဤ​နေ့​၊ ဤ​ရက်​ကို အမည်​နှင့်တကွ ရေးမှတ်​လော့​။ ဤ​နေ့ရက်​သည် ဂျေရုဆလင်​မြို့​ကို ဘေဘီလုံ​ဘုရင်​ဝိုင်းရံ​ထား​သော​နေ့​ဖြစ်​၏​။


တစ်ဆယ့်တစ်​နှစ်​မြောက်​၊ ပထမ​လ​တွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍


ဒသမ​နှစ်​၊ ဒသမ​လ​၊ တစ်ဆယ့်​နှစ်​ရက်​တွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍


အနှစ်​နှစ်ဆယ့်​ခုနစ်​နှစ်​မြောက်​၊ ပထမ​လ​၊ ပထမ​နေ့​တွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍


တစ်ဆယ့်​တစ်​နှစ်​မြောက်​၊ တတိယ​လ​၊ ပထမ​နေ့​တွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍


တစ်ဆယ့်​နှစ်​နှစ်​မြောက်​၊ တစ်ဆယ့်​နှစ်​လ​ပိုင်း​၊ ပထမ​နေ့​တွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍


တစ်ဆယ့်​နှစ်​နှစ်​မြောက်​၊ ပထမ​လ​၊ တစ်ဆယ့်​ငါး​ရက်​နေ့​တွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍


ငါ​တို့​ဖမ်းခေါ်​သွား​ခြင်း​ခံရ​ပြီး တစ်ဆယ့်​နှစ်​နှစ်​မြောက်​၊ ဒသမ​လ​၊ ငါး​ရက်​နေ့​တွင် ဂျေရုဆလင်​မြို့​မှ ထွတ်ပြေး​လွတ်မြောက်​လာ​သူ​တစ်ဦး ငါ့​ထံသို့​ရောက်လာ​၍ “မြို့​တော်​ကြီး​တိုက်ခိုက်​ခံရ​လေ​ပြီ”​ဟု ကြားပြော​လေ​၏​။


ငါ​တို့​ဖမ်းခေါ်​သွား​ခြင်း​ခံရ​ပြီး နှစ်ဆယ့်​ငါး​နှစ်​မြောက်​နှစ်​ဦး​ပိုင်း​၊ ဂျေရုဆလင်​မြို့​တိုက်ခိုက်​ခံရ​ပြီး တစ်ဆယ့်​လေး​နှစ်​မြောက်​၊ လဆန်း​ဆယ်​ရက်​နေ့​၊ ထို​နေ့​တွင်​ပင် ထာဝရဘုရား​၏​လက်​တော်​သည် ငါ့​အပေါ်​ရောက်လာ​၍ ငါ့​အား ထို​မြို့​သို့ ဆောင်သွား​တော်မူ​၏​။


ဆဋ္ဌမ​နှစ်​၊ ဆဋ္ဌမ​လ​၊ ငါး​ရက်​နေ့​တွင် ငါ​သည် အိမ်​၌​ထိုင်​နေ​၍ ယုဒ​လူ​သက်ကြီးဝါကြီး​တို့​သည်​လည်း ငါ့​ရှေ့​၌​ထိုင်​နေ​ကြ​စဉ် ဘုရားရှင်​ထာဝရဘုရား​၏​လက်​တော်​သည် ငါ့​အပေါ် သက်ရောက်​လာ​၏​။


ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “စတုတ္ထ​လ​အစာရှောင်​ခြင်း​၊ ပဉ္စမ​လ​အစာရှောင်​ခြင်း​၊ သတ္တမ​လ​အစာရှောင်​ခြင်း​၊ ဒသမ​လ​အစာရှောင်​ခြင်း​တို့​သည် ယုဒ​အမျိုးအနွယ်​အဖို့ ရွှင်လန်း​ဝမ်းမြောက်​ဖွယ်​ရာ​၊ ပျော်ရွှင်​ဖွယ်​ရာ​ပွဲတော်​များ ဖြစ်​လိမ့်မည်​။ ထို့ကြောင့် သစ္စာရှိ​ခြင်း​၊ ငြိမ်းချမ်း​ခြင်း​တို့​ကို မြတ်နိုး​ကြ​လော့”​ဟု မိန့်​တော်မူ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ