ဆိုးယုတ်သောသူသည်လည်း ဆိုးယုတ်မှုမှပြန်လှည့်၍ တရားသောအမှု၊ ဖြောင့်မတ်သောအမှုကိုပြုလျှင် ထိုအမှုကြောင့် သူအသက်ရှင်ရမည်။
ဆိုးယုတ်သူသည်အပြစ်ဒုစရိုက်ကိုစွန့် လွှတ်၍မှန်ရာကောင်းရာကိုပြုကျင့်သော အခါ အသက်ရှင်ခွင့်ကိုရရှိလိမ့်မည်။-
တစ် နည်း၊ လူ ဆိုး သည်၊ ကိုယ့် ဆိုး သွမ်း မှု မှ ကြဉ် ရှောင် လျက်၊ တ ရား သ ဖြင့်၊ ဖြောင့် မတ် စွာ ဆောင် ရွက် လျှင်၊ အ သက် ချမ်း သာ ရ လိမ့် မည်။
ဆိုးသောသူမူကား၊ မိမိဒုစရိုက်ကို ရှောင်၍ တရားသောအမှု၊ ဖြောင့်မတ်သောအမှုကို ပြုလျှင်၊ ထိုအမှုကြောင့် အသက်ရှင်ရလိမ့်မည်။
သို့သော် ဆိုးယုတ်သောသူသည် မိမိပြုခဲ့သောအပြစ်ရှိသမျှတို့ကို စွန့်လွှတ်လျှင်၊ ငါ၏ပြဋ္ဌာန်းချက်ရှိသမျှတို့ကို စောင့်ထိန်းလျှင်၊ တရားမျှတ၍ ဖြောင့်မတ်သောအမှုတို့ကိုပြုလျှင် သူသည် အမှန်ပင် အသက်ချမ်းသာရာရလိမ့်မည်၊ သေရမည်မဟုတ်။
အချင်းလူသား၊ သင်၏အမျိုးသားချင်းတို့အား ‘ဖြောင့်မတ်သောသူသည် သူအပြစ်ကျူးလွန်မိသောအခါ သူ၏ဖြောင့်မတ်ခြင်းသည် သူ့ကို ကယ်တင်မည်မဟုတ်။ ဆိုးယုတ်သောသူသည်လည်း သူ၏ဆိုးယုတ်ခြင်းလမ်းမှ ပြန်လှည့်သောအခါ သူပြုခဲ့သောဆိုးယုတ်မှုသည် သူ့အား ပြိုလဲစေမည်မဟုတ်။ ဖြောင့်မတ်သောသူ အပြစ်ပြုသောအခါ အသက်ရှင်ခွင့်ရမည်မဟုတ်’ဟု ပြောကြားလော့။
ဆိုးယုတ်သောသူအားလည်း ‘သင်မုချသေရမည်’ဟု ငါဆိုသော်လည်း သူသည် အပြစ်ကိုစွန့်၍ တရားသောအမှု၊ ဖြောင့်မတ်သောအမှုကိုပြုလျှင်၊
ဖြောင့်မတ်သောသူသည် ဖြောင့်မတ်ခြင်းလမ်းမှလွဲ၍ မကောင်းမှုကိုပြုလျှင် ထိုအမှုကြောင့် သူသေရမည်။
သင်တို့က ‘ထာဝရဘုရား၏နည်းလမ်းတော်သည် မတရား’ဟု ဆိုတတ်ကြပါသည်တကား။ အို အစ္စရေးအမျိုးအနွယ်တို့၊ သင်တို့လျှောက်သည့်လမ်းများအတိုင်း သင်တို့အသီးသီးကို ငါစီရင်မည်”ဟု မိန့်ဆို၏။