“သင်က ‘ဘုရားသခင်ထက် ငါဖြောင့်မတ်သည်’ဟု ဆိုသည်မှာ မှန်ကန်သည်ဟု သင်ထင်သလော။
ယေဇကျေလ 33:17 - မြန်မာ့စံမီသမ္မာကျမ်း သင့်အမျိုးသားချင်းတို့က ‘ဘုရားရှင်၏နည်းလမ်းတော်သည် တရားမျှတမှုမရှိ’ဟု ဆိုတတ်ကြ၏။ စင်စစ် သူတို့၏နည်းလမ်းကသာ တရားမျှတမှုမရှိ။ Common Language Bible ``သို့ရာတွင်သင်၏အမျိုးသားချင်းတို့က ထာဝရဘုရားသည် ဖြောင့်မတ်စွာမစီရင် ဟုဆိုကြ၏။ သူတို့သာလျှင်ဖြောင့်မတ် စွာမပြုကြ။- Garrad Bible သို့ ရာ တွင်၊ အ လေ့ အ လာ မ ဖြောင့် သော သင့် အ မျိုး သား ချင်း တို့ က၊ အ ရှင် ဘု ရား၏ တ ရား နည်း လမ်း တော် မ ဖြောင့် ဟု၊ ဆို လေ့ ရှိ ကြ သည် တ ကား။ Judson Bible သို့သော်လည်း၊ သင်၏အမျိုးသားချင်းတို့က၊ ထာဝရဘုရား စီရင်ချက်မဖြောင့်ဟု ဆိုကြသည်ဖြစ်၍၊ သူတို့စီရင်ချက် မဖြောင့်ပါတကား။ |
“သင်က ‘ဘုရားသခင်ထက် ငါဖြောင့်မတ်သည်’ဟု ဆိုသည်မှာ မှန်ကန်သည်ဟု သင်ထင်သလော။
သင်သည် ငါ၏စီရင်ထုံးဖွဲ့ချက်ကို ပယ်ဖျက်မည်လော။ သင့်ကိုယ်သင် ဖြောင့်မတ်ကြောင်းပြသရန် ငါ့ကို အပြစ်တင်မည်လော။
သင်တို့က ဘုရားရှင်၏နည်းလမ်းတော်သည် မတရားဟု ဆိုတတ်ကြပါသည်တကား။ အို အစ္စရေးအမျိုး၊ နားထောင်လော့။ ငါ့နည်းလမ်းက မတရားသလော။ သင်တို့နည်းလမ်းကသာ မတရားဖြစ်သည်မဟုတ်လော။
အစ္စရေးအမျိုးအနွယ်က ဘုရားရှင်၏နည်းလမ်းတော်သည် မတရားဟု ဆိုတတ်ကြပါသည်တကား။ အို အစ္စရေးအမျိုး၊ ငါ့နည်းလမ်းက မတရားသလော။ သင်တို့နည်းလမ်းကသာ မတရားဖြစ်သည်မဟုတ်လော။
သူကျူးလွန်ခဲ့သောအပြစ်အားလုံးကို အမှတ်ရတော့မည်မဟုတ်။ သူသည် တရားသောအမှု၊ ဖြောင့်မတ်သောအမှုတို့ကိုပြုသောကြောင့် စင်စစ်အသက်ရှင်ရမည်။
ဖြောင့်မတ်သောသူသည် ဖြောင့်မတ်ခြင်းလမ်းမှလွဲ၍ မကောင်းမှုကိုပြုလျှင် ထိုအမှုကြောင့် သူသေရမည်။
“အချင်းလူသား၊ သင့်အမျိုးသားတို့အား ဤသို့ဆင့်ဆိုလော့။ ထာဝရဘုရားက ‘ငါသည် ပြည်ပေါ်သို့ ဓားဘေးကျရောက်စေသောအခါ ပြည်သားတို့သည် သူတို့ထဲမှယောက်ျားတစ်ယောက်ကို ကင်းစောင့်အဖြစ် ရွေးချယ်ခန့်ထား၏။
သင်တို့က ‘ထာဝရဘုရား၏နည်းလမ်းတော်သည် မတရား’ဟု ဆိုတတ်ကြပါသည်တကား။ အို အစ္စရေးအမျိုးအနွယ်တို့၊ သင်တို့လျှောက်သည့်လမ်းများအတိုင်း သင်တို့အသီးသီးကို ငါစီရင်မည်”ဟု မိန့်ဆို၏။