လူမျိုးတကာတို့သည်ကြား၍ ထိတ်လန့်တုန်လှုပ်ကြလိမ့်မည်။ ဖိလိတ္တိပြည်သားတို့သည် ဝေဒနာကိုမချိမဆံ့ ခံစားရလိမ့်မည်။
ယေဇကျေလ 32:9 - မြန်မာ့စံမီသမ္မာကျမ်း သင်မသိသောလူမျိုးတို့နေရာအရပ်ရပ်သို့ သင်ပျက်စီးသောသတင်းကို ငါလွှင့်သောအခါ လူအမြောက်အမြား စိတ်ပျက်အားလျော့ကြလိမ့်မည်။ Common Language Bible ``သင်အဘယ်အခါကမျှမကြားခဲ့ဘူး သည့်တိုင်းပြည်များသို့ သင်ပျက်စီးသည့် သတင်းကိုငါလွှင့်လိုက်သောအခါလူမျိုး တကာတို့သည်စိတ်ဒုက္ခရောက်ကြလိမ့်မည်။- Garrad Bible သင် မ သိ ဘူး သော လူ မျိုး တို့ နေ ရာ အ ပြည် ပြည် သို့၊ သင် ပျက် စီး ခြင်း ကူး စက် စေ သည့် ကာ လ၊ လူ အ မျိုး မျိုး တို့ စိတ် ညစ်၍၊ Judson Bible သင်မသိဖူးသော အတိုင်းတိုင်းအပြည်ပြည်တို့တွင် သင်ပျက်စီးခြင်းအကြောင်းကို ငါကြားစေသောအခါ၊ လူမျိုးများတို့ကို စိတ်ပူပန်စေမည်။ |
လူမျိုးတကာတို့သည်ကြား၍ ထိတ်လန့်တုန်လှုပ်ကြလိမ့်မည်။ ဖိလိတ္တိပြည်သားတို့သည် ဝေဒနာကိုမချိမဆံ့ ခံစားရလိမ့်မည်။
တက်ခတ်သမားများ၊ သင်္ဘောသားများ၊ မာလိန်မှူးများသည် သင်္ဘောကိုစွန့်ခွာ၍ ကမ်းပေါ်သို့ပြေးတက်ကြလေပြီ။
သင်နှင့်သိကျွမ်းခဲ့သောလူမျိုးအပေါင်းတို့သည် သင့်ကိုအံ့အားသင့်ကြလေပြီ။ သင်သည်လည်း ထိတ်လန့်ဖွယ်ဖြစ်ရပ်များနှင့်ကြုံရပြီးမှ လုံးဝပျောက်ကွယ်သွားလေပြီ’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
ငါသည် အီဂျစ်ပြည်ကို လူသူကင်းမဲ့သောပြည်တကာထက် လူသူအကင်းမဲ့ဆုံးပြည် ဖြစ်စေမည်။ ပြိုပျက်ရာမြို့များကြားတွင် အီဂျစ်မြို့များသည်လည်း အနှစ်လေးဆယ်ပတ်လုံး ပြိုပျက်နေလိမ့်မည်။ ငါသည် အီဂျစ်ပြည်သားတို့ကို လူမျိုးတကာတို့အလယ်သို့ ကွဲလွင့်စေမည်။ အတိုင်းတိုင်းအပြည်ပြည်သို့ တကွဲတပြားဖြစ်စေမည်’ဟု မိန့်တော်မူ၏။
အီဂျစ်ပြည်သားတို့ကို လူမျိုးတကာတို့အလယ် အတိုင်းတိုင်းအပြည်ပြည်သို့ ကွဲလွင့်ပျံ့နှံ့စေမည်။
အီဂျစ်ပြည်သားတို့ကို လူမျိုးတကာတို့အလယ် အတိုင်းတိုင်းအပြည်ပြည်သို့ ကွဲလွင့်ပျံ့နှံ့စေသောအခါမှ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
ထိုနေ့တွင် ငါသည် တမန်တို့ကို သင်္ဘောဖြင့်စေလွှတ်၍ သူတို့သည် စိတ်အေးလက်အေးနေသော အီသီယိုးပီးယားပြည်သားတို့အား ခြောက်လှန့်မည်။ အီဂျစ်ပြည်ကြောင့် ထိတ်ထိတ်ပျာပျာဖြစ်သောနေ့ကဲ့သို့ဖြစ်ရမည့်နေ့ အမှန်ရောက်လာမည်’ဟု မိန့်တော်မူ၏။
လူမျိုးတို့သည် အမျက်ထွက်ကြပါ၏။ သို့သော် ကိုယ်တော်၏အမျက်တော်သည် သက်ရောက်လာပါ၏။ သေလွန်သောသူတို့ကို တရားစီရင်ရန်လည်းကောင်း၊ ကိုယ်တော်၏အစေအပါးများ၊ ပရောဖက်များ၊ သန့်ရှင်းသူများနှင့် ကိုယ်တော်၏နာမတော်ကိုကြောက်ရွံ့ရိုသေသောသူအကြီးအငယ်တို့အား ဆုလာဘ်ပေးတော်မူရန်လည်းကောင်း၊ ကမ္ဘာမြေကြီးကိုဖျက်ဆီးသောသူတို့ကို ဖျက်ဆီးရန်လည်းကောင်း အချိန်ရောက်လာပါ၏”ဟု လျှောက်ကြ၏။