ဤသန့်ရှင်းမြင့်မြတ်သောအိမ်တော်အနားမှ ဖြတ်သွားသောသူတိုင်း အံ့အားသင့်လျက် ကဲ့ရဲ့ကြလိမ့်မည်။ ‘ဤပြည်နှင့် ဤအိမ်တော်ကို အဘယ်ကြောင့် ထာဝရဘုရား ဤသို့ပြုတော်မူသနည်း’ဟု ဆိုကြလိမ့်မည်။
ယေဇကျေလ 32:10 - မြန်မာ့စံမီသမ္မာကျမ်း သင့်ကြောင့် လူအမြောက်အမြား တုန်လှုပ်ချောက်ချားရလိမ့်မည်။ သူတို့၏ဘုရင်များရှေ့တွင် ဓားကိုရွယ်လိုက်သောအခါ ရှင်ဘုရင်တို့သည် ထိတ်လန့်ကြောက်ရွံ့ကြလိမ့်မည်။ သင်လဲကျသွားသောနေ့၌ လူတို့သည် တစ်ခဏချင်းတွင်ပင် သူတို့၏အသက်အန္တရာယ်အတွက် စိုးရိမ်ပူပန်ကြလိမ့်မည်။ Common Language Bible သင့်အားငါပြုသောအမှုကြောင့်သူတို့ သည်အံ့အားသင့်ကြလိမ့်မည်။ ငါသည်ဋ္ဌား ကိုဝှေ့ယမ်းလိုက်သောအခါရှင်ဘုရင် များသည်ထိတ်လန့်တုန်လှုပ်ကြလိမ့်မည်။ သင်ပြိုလဲသောနေ့၌သူတို့အားလုံးပင် မိမိတို့၏အသက်အန္တရာယ်အတွက်စိုး ရိမ်ပူပန်ကာ ထိတ်လန့်တုန်လှုပ်ကြလိမ့် မည်'' ဟုမိန့်တော်မူ၏။ Garrad Bible အံ့ အား သင့် သည့် ပြင်၊ ဓား တော် ကို ငါ ဝင့် သော ကြောင့်၊ ဆိုင် ရာ ဘု ရင် မင်း အ သီး အ သီး တို့ လည်း၊ ထိတ် လန့် ကြောက် ရွံ့၍၊ ကိုယ့် အ သက် ကို စိုး ရိမ် သ ဖြင့်၊ သင် ပြို လဲ ရာ နေ့ ရက်၌ အ လန့် တ ကြား မ ပြတ် နေ ကြ လိမ့် မည်။ Judson Bible အကယ်စင်စစ် သင့်အမှုကြောင့် လူမျိုးများတို့ကို ငါမိန်းမောတွေဝေစေမည်။ ငါသည် ရှင်ဘုရင်တို့ရှေ့မှာ ဓားနှင့်ရွယ်သောအခါ၊ သူတို့သည် သင့်အမှုကြောင့် အလွန်ထိတ်လန့်ကြလိမ့်မည်။ သင်ဆုံးရှုံးသောနေ့၌ သူတို့သည် အသီးအသီး မိမိတို့အသက်ကြောင့် ခဏခဏ စိုးရိမ်တုန်လှုပ်ကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။ |
ဤသန့်ရှင်းမြင့်မြတ်သောအိမ်တော်အနားမှ ဖြတ်သွားသောသူတိုင်း အံ့အားသင့်လျက် ကဲ့ရဲ့ကြလိမ့်မည်။ ‘ဤပြည်နှင့် ဤအိမ်တော်ကို အဘယ်ကြောင့် ထာဝရဘုရား ဤသို့ပြုတော်မူသနည်း’ဟု ဆိုကြလိမ့်မည်။
ထာဝရဘုရားက သူတို့ကို အပြစ်ဒဏ်ပေးသည့် တုတ်တော်၏ရိုက်ချက်တိုင်းမှာ ပတ်သာနှင့် စောင်းသံတို့ ထွက်ပေါ်လိမ့်မည်။ ကိုယ်တော်သည် လက်ကိုဝှေ့ယမ်းလျက် သူတို့ကို ပြင်းပြင်းထန်ထန်တိုက်ခိုက်တော်မူမည်။
ငါတို့သည် ဘေဘီလုံမြို့ကို ကုသပေးသော်လည်း ကုသ၍မရ။ သူ့ကိုထားခဲ့ပြီး ကိုယ့်ပြည်ကိုယ်ပြန်ကြစို့။ အကြောင်းမူကား သူခံရသောစီရင်ခြင်းသည် မိုးထိတိုင် ရောက်လေပြီ။ မိုးတိမ်ထိတိုင် မြင့်လေပြီ။
ထိုအခါ ပင်လယ်မင်းအပေါင်းတို့သည် ရာဇပလ္လင်ပေါ်မှဆင်း၍ ဝတ်လုံများ၊ ပိုးဖဲကတ္တီပါအဝတ်များကို ချွတ်ပစ်ကြလိမ့်မည်။ ကြောက်ရွံ့ခြင်းတန်ဆာကို ဝတ်ဆင်ကြလိမ့်မည်။ မြေပေါ်မှာထိုင်လျက်၊ တုန်လှုပ်လျက် သင့်ကို အံ့ဩကြလိမ့်မည်။
ကမ်းရိုးတန်းသားအပေါင်းတို့သည် သင့်ကိုအံ့အားသင့်လျက် သူတို့၏ဘုရင်တို့သည်လည်း ကြောက်လန့်အားကြီး၍ မျက်နှာဖြူဖပ်ဖြူရော်ဖြစ်လေပြီ။
ထိုနေ့တွင် ငါသည် တမန်တို့ကို သင်္ဘောဖြင့်စေလွှတ်၍ သူတို့သည် စိတ်အေးလက်အေးနေသော အီသီယိုးပီးယားပြည်သားတို့အား ခြောက်လှန့်မည်။ အီဂျစ်ပြည်ကြောင့် ထိတ်ထိတ်ပျာပျာဖြစ်သောနေ့ကဲ့သို့ဖြစ်ရမည့်နေ့ အမှန်ရောက်လာမည်’ဟု မိန့်တော်မူ၏။
အို ထင်းရှူးပင်၊ ညည်းတွားလော့။ အကြောင်းမူကား သစ်ကတိုးပင် လဲကျ၍ ကျက်သရေဆောင်သစ်ပင်တို့ ပျက်စီးကုန်ပြီ။ အို ဗာရှန်ဝက်သစ်ချပင်တို့၊ ညည်းတွားကြလော့။ အကြောင်းမူကား ထူထပ်သောသစ်တောကြီး ပြုန်းတီးသွားလေပြီ။
လူမျိုးအပေါင်းတို့ကလည်း ‘ထာဝရဘုရားသည် ဤပြည်ကို အဘယ်ကြောင့် ဤသို့ပြုတော်မူရသနည်း။ အဘယ်ကြောင့် အမျက်တော်မီး ကြီးစွာတောက်လောင်တော်မူရသနည်း’ဟု မေးမြန်းကြလိမ့်မည်။
လင်းလက်သောငါ့ဓားကို ငါသွေးမည်။ ထိုဓားကိုကိုင်၍ တရားစီရင်မည်။ ငါ့ကိုရန်ပြုသောသူတို့ကိုလက်စားချေမည်။ ငါ့ကိုမုန်းတီးသောသူတို့ကို လက်တုံ့ပြန်မည်။
ထိုသူတို့သည် သူခံရသည့်ညှဉ်းဆဲခြင်းကိုကြောက်ကြသောကြောင့် အဝေးမှရပ်လျက် ‘ကြီးမားသောမြို့၊ အားကြီးသောဘေဘီလုံမြို့၊ သင်သည် စိတ်မချမ်းမြေ့ဖွယ်၊ စိတ်မချမ်းမြေ့ဖွယ်ဖြစ်ပါသည်တကား။ အဘယ်ကြောင့်ဆိုသော် သင်ခံရသည့်တရားစီရင်ခြင်းသည် တိုတောင်းသောအချိန်တစ်ခုအတွင်း၌ ကျရောက်လေပြီ’ဟု ဆိုကြလိမ့်မည်။