ယေဇကျေလ 31:15 - မြန်မာ့စံမီသမ္မာကျမ်း
ဘုရားရှင်ထာဝရဘုရားက ‘မရဏာနိုင်ငံသို့ ကျသွားသောနေ့တွင် သူ့အတွက် ငိုကြွေးမြည်တမ်းကြမည်။ နက်ရှိုင်းရာအရပ်၌ သူ့ကို ငါပိတ်ထားမည်။ မြစ်များကို တားဆီးထားသဖြင့် ရေများ ရပ်တန့်နေမည်။ သူ့ကြောင့် လက်ဘနွန်တောင်ကြီး ဝမ်းနည်းပူဆွေးရလိမ့်မည်။ တောထဲရှိသစ်ပင်အားလုံး အားလျော့ကြလိမ့်မည်။
အခန်းကိုကြည့်ပါ။
အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား``မရ ဏာနိုင်ငံသို့အာရစ်ပင်သက်ဆင်းသောနေ့၌ ငါသည်မြေအောက်ရှိမြစ်များကိုငိုကြွေး မြည်တမ်းသည့်လက္ခဏာဖြင့်ဖုံးလွှမ်းစေမည်။ ငါသည်မြစ်များကိုရပ်တန့်စေ၍ချောင်း များကိုရေမစီးစေဘဲထားမည်။ ထိုအာရစ် ပင်သေပြီဖြစ်သောကြောင့် ငါသည်လေဗနုန် တောင်တွင်မှောင်မိုက်ကျစေ၍ တောအတွင်း ရှိသစ်ပင်အပေါင်းကိုညှိုးနွမ်းခြောက်သွေ့ သွားစေမည်။-
အခန်းကိုကြည့်ပါ။
ငါ အ ရှင် ထာ ဝ ရ ဘု ရား က လည်း၊ မ ရ ဏာ့ နိုင် ငံ သို့ ထို သစ် ပင် ဆင်း ရ သော နေ့ ရက်၌၊ မြစ် ကြီး ရေ ပိတ် ခြင်း၊ ချောင်း ရေ တန့် ခြင်း၊ လက် ကြား ရေ ရပ် ခြင်း၊ လေ ဗ နုန် တော ညှိုး နွမ်း ခြင်း များ ကို ငါ ပြု သည့် အ လျောက်၊ တော ပင် ရှိ သ မျှ မူး မော် ကြ ရ မည်။
အခန်းကိုကြည့်ပါ။
အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သူသည် မရဏနိုင်ငံထဲသို့ဆင်းသွားသောနေ့၌ နက်နဲသောအရပ်ကို သူ့အဖို့ မသာအဝတ်နှင့် ငါဖုံးလွှမ်း၏။ လှိုင်းတံပိုးတို့ကို ငါကန့်ကွက်၍ ကြီးစွာသောရေကို ချုပ်ထား၏။ လေဗနုန်တောင်ကို သူ့အဖို့ မသာအဝတ်ကို ဝတ်စေ၍၊ တောသစ်ပင်အပေါင်းတို့သည် စိတ်ပျက်ကြ၏။
အခန်းကိုကြည့်ပါ။