သူတို့သည် တိုင်းနိုင်ငံများကိုလက်တုံ့ပြန်ခြင်းနှင့် လူတို့ကိုဆုံးမခြင်းအမှုတို့ကိုပြုရန်လည်းကောင်း၊
ယေဇကျေလ 30:19 - မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ အီဂျစ်ပြည်ကို ဒဏ်ခတ်သောအခါမှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။ Common Language Bible ဤကဲ့သို့အီဂျစ်ပြည်အားအပြစ်ဒဏ် ခတ်သောအခါ ငါသည်ထာဝရဘုရား ဖြစ်တော်မူကြောင်းသူတို့သိရှိကြ လိမ့်မည်'' ဟုမိန့်တော်မူ၏။ Garrad Bible အိ ဂျစ် ပြည် ကို ထို သို့ စီ ရင် ဒဏ် ခတ် သော ငါ သည်၊ ထာ ဝ ရ ဘု ရား ဖြစ် ကြောင်း၊ သူ တို့ သိ ရ ကြ လ တ္တံ့ ဟု၊ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း များ ကို ဆင့် ဆို လော့ ဟူ ၍ တည်း။ Judson Bible ထိုသို့ အဲဂုတ္တုပြည်၌ ငါသည်အပြစ်ဒဏ်စီရင်၍၊ ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။ |
သူတို့သည် တိုင်းနိုင်ငံများကိုလက်တုံ့ပြန်ခြင်းနှင့် လူတို့ကိုဆုံးမခြင်းအမှုတို့ကိုပြုရန်လည်းကောင်း၊
ထာဝရဘုရားသည် တရားစီရင်တော်မူခြင်းအားဖြင့် မိမိအကြောင်းကိုထင်ရှားစေတော်မူပြီ။ ဆိုးယုတ်သောသူသည် မိမိလက်ဖြင့်ပြုလုပ်ထားသောအရာ၌ ကျော့မိလေပြီ။(ဟိဂ္ဂယွန်။စေလာ)
မောဘပြည်ကိုလည်း ဒဏ်ခတ်မည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်’ဟု မိန့်တော်မူ၏။
ဘုရားရှင်ထာဝရဘုရားက ‘အို ဆီဒုန်မြို့၊ ကြည့်ရှုလော့။ သင့်ကိုငါဆန့်ကျင်၍ မြို့ထဲတွင် ငါ့ဘုန်းကို ငါထင်ရှားစေမည်။ သင့်ကို ငါဒဏ်ခတ်၍ ငါသန့်ရှင်းကြောင်းကို မြို့ထဲတွင် ပြမည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်။
ပါသရုမြို့ကို ငါခြောက်ကပ်စေမည်။ ဇောနမြို့ကို မီးရှို့ပစ်မည်။ နောမြို့ကို ဒဏ်ခတ်မည်။
‘ငါသည် အီဂျစ်ပြည်တစ်ပြည်လုံးကို သုတ်သင်ရှင်းလင်းပစ်မည်၊ လူသူကင်းမဲ့ရာဖြစ်စေမည်၊ သက်ရှိမှန်သမျှကို ဒဏ်ခတ်မည်။ ထိုအခါမှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်။
ဘုရားရှင်ထာဝရဘုရားက ‘လူမျိုးတကာတို့အလယ်တွင် ငါ့ဘုန်းကို ငါထင်ရှားစေမည်။ တရားမျှတစွာစီရင်ခြင်း၊ သူတို့အပေါ်လက်တင်ခြင်းကို လူမျိုးတကာတို့ သိရလိမ့်မည်။
ငါသည် အမျက်ဒေါသပြင်းစွာဖြင့် သင့်ကိုဆုံးမ၍ အပြစ်ဒဏ်ပေးသောအခါ သင့်ဝန်းကျင်ရှိ လူမျိုးတကာတို့တွင် သင်သည် ကဲ့ရဲ့စရာ၊ ပုတ်ခတ်စရာ၊ ခိုင်းနှိုင်းစရာ၊ လူသူကင်းမဲ့ရာ ဖြစ်လိမ့်မည်ဟု ငါထာဝရဘုရား မိန့်တော်မူပြီ။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘ငါကိုယ်တိုင် သင့်ကိုစီရင်မည်။ လူမျိုးတကာတို့ရှေ့တွင် သင့်ကိုစီရင်မည်။
ထိုအချိန်၌ အီဂျစ်လူမျိုးတို့သည် ထာဝရဘုရားဒဏ်ခတ်တော်မူသော သူတို့၏သားဦးအပေါင်းတို့ကို သင်္ဂြိုဟ်နေကြ၏။ ထာဝရဘုရားသည် သူတို့၏ဘုရားများကို အပြစ်ဒဏ်ပေးတော်မူ၏။
သို့သော် သင်၏မာကျောခက်ထန်မှုနှင့်နောင်တမရသောစိတ်နှလုံးတို့ကြောင့် သင်သည် အမျက်တော်နေ့တည်းဟူသော ဘုရားသခင်၏ဖြောင့်မတ်သည့် တရားစီရင်ခြင်းထင်ရှားရာနေ့အတွက် အမျက်တော်ကို မိမိအဖို့သိုမှီးလျက်ရှိ၏။
ထို့နောက် ဖလားခုနစ်လုံးရှိသော ကောင်းကင်တမန်ခုနစ်ပါးထဲမှ တစ်ပါးသည်လာ၍ ငါနှင့်စကားပြောလျက် “လာပါ။ များစွာသောရေတို့အပေါ်ထိုင်နေသော ပြည့်တန်ဆာမကြီးခံရမည့် တရားစီရင်ခြင်းကို သင့်အား ငါပြမည်။