ထိုအခါ ဝိညာဉ်တော်သည် ငါ့အထဲသို့ဝင်ရောက်၍ ငါ့ကို မတ်တတ်ရပ်စေပြီး “သင့်အိမ်သို့ပြန်သွား၍ ပုန်းနေလော့။
သို့ရာတွင်ဘုရားသခင်၏ဝိညာဉ်တော်သည် ငါ၏အတွင်းသို့ဝင်၍ငါ့အားမတ်တပ်ရပ် စေတော်မူ၏။ ထာဝရဘုရားက``သင်သည် မိမိအိမ်သို့ပြန်ပြီးလျှင်အိမ်တွင်ပိတ်နေလော့။-
ဝိ ညာဉ် တော် သည် ငါ့ အ တွင်း သို့ ဝင် ရောက်၍ ခြေ စုံ ရပ် စေ ပြီး လျှင်၊ မိန့် တော် မူ သည် ကား အိမ် သို့ သွား၍ မ ထွက် ဘဲ နေ လော့။
ဝိညာဉ်တော်သည် ငါ့အထဲသို့ဝင်၍ မတ်တတ်နေစေလျက်၊ သင်သွားလော့။ ကိုယ်အိမ်၌ ပုန်းရှောင်၍ နေလော့။
အပျော်အပါးလိုက်စားသောသူတို့၏အစည်းအဝေး၌ အကျွန်ုပ်မထိုင်ပါ။ ပျော်ပါး၍လည်း မနေပါ။ အကျွန်ုပ်အပေါ်၌ ကိုယ်တော်၏လက်တော်သက်ရောက်သောကြောင့် အကျွန်ုပ်တစ်ယောက်တည်းနေပါ၏။ ကိုယ်တော်သည် အကျွန်ုပ်ကို အမျက်ဒေါသနှင့်ပြည့်စေတော်မူပါ၏။
ထိုသို့မိန့်တော်မူစဉ် ဝိညာဉ်တော်သည် ငါ့အထဲသို့ဝင်ရောက်ပြီး ငါ့ကို မတ်တတ်ရပ်စေသောအခါ ငါနှင့်စကားပြောသောသူ၏အသံကို ငါကြားရ၏။
ငါကလည်း ကိုယ်တော်မိန့်မှာတော်မူသည့်အတိုင်း ပရောဖက်ပြုဟောပြောရာ အသက်လေသည် သူတို့အထဲသို့ဝင်၍ သူတို့သည် အသက်ရှင်လာကာ မတ်တတ်ရပ်ကြလျက် အလွန်များပြားသောစစ်သည်အလုံးအရင်း ဖြစ်လေ၏။
သူက ငါ့အား “အို နှစ်သက်မြတ်နိုးခြင်းခံရသူ၊ မကြောက်နှင့်။ ငြိမ်သက်ခြင်းရှိပါစေ။ အားယူလော့၊ အားယူလော့”ဟု ဆိုလျှင် ငါသည် ခွန်အားပြည့်လာ၍ “အကျွန်ုပ်၏သခင်၊ အမိန့်ရှိတော်မူပါ။ သခင့်စကားကြောင့် အကျွန်ုပ်အားရှိသွားပါပြီ”ဟု ပြန်လျှောက်၏။