ခါလဒဲပြည်၊ ခေဗာမြစ်နားတွင်ရှိစဉ် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဗုဇိ၏သား၊ ယဇ်ပုရောဟိတ် ယေဇကျေလထံသို့ ရောက်လာ၏။ ထိုအရပ်၌ ထာဝရဘုရားသည် လက်တော်ကို သူ့အပေါ်တင်လျက်ရှိ၏။
ယေဇကျေလ 3:22 - မြန်မာ့စံမီသမ္မာကျမ်း ထိုအရပ်တွင် ထာဝရဘုရား၏လက်တော်သည် ငါ့အပေါ်၌တည်၍ “လွင်ပြင်သို့ ထသွားလော့။ ထိုနေရာတွင် သင့်ကို ငါစကားပြောမည်”ဟု မိန့်တော်မူ၏။ Common Language Bible ငါသည်ထာဝရဘုရား၏တန်ခိုးတော်အရှိန် ကိုတွေ့ထိခံစားရ၍ကိုယ်တော်ကငါ့ အား``ထ၍ချိုင့်ဝှမ်းထဲသို့သွားလော့။ ထို အရပ်တွင်သင့်အားငါမိန့်ကြားမည်'' ဟု မိန့်တော်မူသောအသံကိုကြားရ၏။ Garrad Bible ထို အ ရပ်၌ ငါ့ အ ပေါ် တွင် ထာ ဝ ရ ဘု ရား၏ လက် တော် သည် နေ ရာ၊ မြေ ပြင် သို့ ထ သွား လော့။ သင့် အား၊ ငါ မြွက် ဆို မည် ဟု မိန့် တော် မူ သည့် အ တိုင်း၊ Judson Bible တစ်ဖန် ထာဝရဘုရား၏လက်တော်သည် ငါ့အပေါ်မှာတင်ပြီးလျှင်၊ သင်ထ၍ လွင်ပြင်သို့ သွားလော့။ ထိုအရပ်၌ ငါပြောမည်ဟု မိန့်တော်မူသည်အတိုင်း၊ |
ခါလဒဲပြည်၊ ခေဗာမြစ်နားတွင်ရှိစဉ် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဗုဇိ၏သား၊ ယဇ်ပုရောဟိတ် ယေဇကျေလထံသို့ ရောက်လာ၏။ ထိုအရပ်၌ ထာဝရဘုရားသည် လက်တော်ကို သူ့အပေါ်တင်လျက်ရှိ၏။
ထိုသို့ ဝိညာဉ်တော်က ငါ့ကိုချီဆောင်သွားသောအခါ ငါသည် ပူပန်စိတ်လောင်မြိုက်လျက် လိုက်ပါသွား၏။ ထာဝရဘုရား၏လက်တော်သည် ငါ့အပေါ်အားကြီးစွာတည်လျက်ရှိ၏။
ထာဝရဘုရား၏လက်တော်သည် ငါ့အပေါ်သက်ရောက်၍ ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့ကိုခေါ်ဆောင်သွားပြီး အရိုးများနှင့်ပြည့်သော ချိုင့်ဝှမ်းတစ်ခုအလယ်တွင် ချထား၏။
ငါတို့ဖမ်းခေါ်သွားခြင်းခံရပြီး နှစ်ဆယ့်ငါးနှစ်မြောက်နှစ်ဦးပိုင်း၊ ဂျေရုဆလင်မြို့တိုက်ခိုက်ခံရပြီး တစ်ဆယ့်လေးနှစ်မြောက်၊ လဆန်းဆယ်ရက်နေ့၊ ထိုနေ့တွင်ပင် ထာဝရဘုရား၏လက်တော်သည် ငါ့အပေါ်ရောက်လာ၍ ငါ့အား ထိုမြို့သို့ ဆောင်သွားတော်မူ၏။
လွင်ပြင်၌ ငါမြင်ရသော ဗျာဒိတ်အာရုံကဲ့သို့ပင် ထိုနေရာ၌ အစ္စရေးလူမျိုး၏ဘုရားသခင်ဘုန်းအသရေတော်ကို မြင်ရ၏။
သင်သည် ထ၍ မြို့ထဲသို့ဝင်သွားလော့။ ထိုအခါ သင်ပြုရမည့်အမှုကို သင့်အား ပြောကြားလိမ့်မည်”ဟု မိန့်တော်မူ၏။