ယေဇကျေလ 3:10 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ထိုသူက “အချင်းလူသား၊ ငါပြောသောစကားအလုံးစုံကို နားထောင်၍ နှလုံးသွင်းလော့။ Common Language Bible ကိုယ်တော်ကဆက်လက်၍``အချင်းလူသား၊ ငါပြောသမျှသောစကားတို့ကိုသေချာ စွာနားထောင်မှတ်သားလော့။- Garrad Bible အ ချင်း လူ့ သား ငါ့ မိန့် သ မျှ သော အ ချက် များ ကို နား ထောင် ခြင်း၊ နှ လုံး သွင်း ခြင်း ပြု လျက်၊ Judson Bible တစ်ဖန်၊ အချင်းလူသား၊ သင့်အားငါပြောလတ္တံ့သမျှသောစကားတို့ကို နားထောင်၍ နှလုံးသွင်းလော့။ |
ကိုယ်တော်ကိုမပြစ်မှားမိစေရန် ကိုယ်တော်၏မိန့်တော်မူချက်ကို အကျွန်ုပ်၏စိတ်နှလုံးထဲ၌ သိုမှီးထားပါပြီ။
ငါတို့ပြည်၌ ဘုန်းအသရေတည်စေရန် ကိုယ်တော်၏ကယ်တင်ခြင်းသည် ကိုယ်တော်ကိုကြောက်ရွံ့သောသူတို့၏အနီး၌ အမှန်ပင်ရှိလေပြီ။
အကြံဉာဏ်ကိုနားထောင်၍ ဆုံးမပဲ့ပြင်ခြင်းကိုလက်ခံလော့။ သို့ပြုလျှင် နောက်ဆုံး၌ သင်သည် ဉာဏ်ပညာကိုရရှိလိမ့်မည်။
ငွေအစား ငါ၏ဆုံးမပဲ့ပြင်ခြင်းကိုရယူကြလော့။ ရွှေစင်အစား အသိပညာကို ရယူကြလော့။
သူတို့သည် ပုန်ကန်တတ်သောအမျိုးဖြစ်သောကြောင့် သူတို့နားထောင်သည်ဖြစ်စေ၊ နားမထောင်သည်ဖြစ်စေ ငါ့စကားကို သူတို့အား ပြောပြရမည်။
အချင်းလူသား၊ ငါ့စကားကို နားထောင်လော့။ ပုန်ကန်တတ်သောအမျိုးကဲ့သို့ မပုန်ကန်နှင့်။ သင့်နှုတ်ကိုဖွင့်ပြီး ငါပေးသောအရာကို စားလော့”ဟု မိန့်ဆို၏။
ဖမ်းခေါ်သွားခြင်းခံရသော သင့်အမျိုးသားချင်းတို့ထံသို့သွား၍ သူတို့နားထောင်သည်ဖြစ်စေ၊ နားမထောင်သည်ဖြစ်စေ ‘ဘုရားရှင်ထာဝရဘုရား ဤသို့မိန့်တော်မူသည်’ဟူ၍ သူတို့အား ဆင့်ဆိုရမည်”ဟု ဆို၏။
ကျောက်ချွန်ထက်မာသောစိန်ကဲ့သို့ သင့်ကို ခေါင်းမာစေမည်။ သူတို့သည် ပုန်ကန်တတ်သောအမျိုးဖြစ်သော်လည်း သူတို့ကို မကြောက်နှင့်။ သူတို့မျက်နှာထားကြောင့် မထိတ်လန့်နှင့်”ဟု ငါ့အား မိန့်ဆို၏။
ကောင်းသောမြေ၌ကျသည်ဆိုသည်မှာ ကြည်လင်ကောင်းမြတ်သောစိတ်နှလုံးဖြင့် တရားစကားကိုကြား၍ ၎င်းကိုစွဲကိုင်ထားကာ သည်းခံသောအားဖြင့် အသီးသီးသောသူတို့ကိုဆိုလို၏။
သင်တို့သည် ငါတို့ထံမှကြားနာသော ဘုရားသခင်၏နှုတ်ကပတ်တရားကို လက်ခံကြသောအခါ လူတို့၏စကားအဖြစ်မဟုတ်ဘဲ ၎င်း၏စစ်မှန်သည့်အဖြစ်အတိုင်း တစ်နည်းဆိုသော် ယုံကြည်သောသင်တို့အထဲ၌ သက်ဝင်လှုပ်ရှားနေသော ဘုရားသခင်၏နှုတ်ကပတ်တရားအဖြစ် လက်ခံကြသောကြောင့် ငါတို့သည် ဘုရားသခင်ကို အမြဲမပြတ်ကျေးဇူးတင်ကြ၏။
နောက်ဆုံးအနေဖြင့်ဆိုရလျှင် ညီအစ်ကိုတို့၊ သင်တို့သည် ဘုရားသခင်ကိုနှစ်သက်စေရန် မည်ကဲ့သို့အသက်ရှင်လျှောက်လှမ်းရမည်ကို ငါတို့ထံမှနည်းခံကြပြီး ထိုအတိုင်းအသက်ရှင်လျှောက်လှမ်းကြသည့်နည်းတူ ပို၍ပြည့်စုံစွာ ကြိုးစားအားထုတ်ကြရန် သင်တို့အား သခင်ယေရှု၏နာမတော်၌ ငါတို့တိုက်တွန်းနှိုးဆော်လျက် တောင်းပန်ကြ၏။