အမျက်တော်ထင်ရှားရာနေ့၌ စည်းစိမ်ဥစ္စာသည် အကျိုးမရှိ။ ဖြောင့်မတ်ခြင်းမူကား သေခြင်းမှကယ်နုတ်တတ်၏။
ယေဇကျေလ 27:27 - မြန်မာ့စံမီသမ္မာကျမ်း သင်ကျိုးပဲ့သွားသောနေ့တွင်ပင် သင်၏စည်းစိမ်များ၊ ကုန်စည်စလယ်များ၊ သင်္ဘောသားများ၊ မာလိန်မှူးများ၊ အပျက်အစီးပြုပြင်ဖာထေးပေးသူများ၊ ဖောက်သည်များ၊ စစ်သူရဲများနှင့်တကွ သင်၌ရှိသောလူအပေါင်းတို့သည် သမုဒ္ဒရာအောက်သို့ နစ်မြုပ်သွားကြလေပြီ။ Common Language Bible သင်ချမ်းသာသမျှကုန်စည်များ၊ သင်၏သင်္ဘောသားအားလုံး၊သင်္ဘောပြုပြင်သူ လက်သမားဆရာများနှင့်ကုန်သည်များ၊ သင်္ဘောပေါ်ရှိစစ်သူရဲများနှင့်ရှိရှိသမျှ သော လူတို့သည် သင်၏သင်္ဘောပျက်သောအခါပင်လယ်ထဲ တွင် နစ်မြုပ်သေဆုံးကြကုန်၏။ Garrad Bible သင့် အ တွင်း ပါ ရှိ သော ဥ စ္စာ၊ ဘ ဏ္ဍာ၊ ကုန် စည် မှ စ၍၊ သင်္ဘော သား၊ ပဲ့ နင်း သူ၊ ထေး ဖာ သူ၊ ကုန် သွယ် သူ၊ ရဲ မက် ဖြစ် သူ နှင့် စီး နင်း သူ အ ပေါင်း တို့ သည်၊ သင် မြုပ် သော နေ့ ရက်၌၊ သ မု ဒ္ဒ ရာ ဗ ဟို တွင် ပင် နစ် မွန်း ကြ သော်၊ Judson Bible သင်သည် လဲပျက်သောအခါ သင်၏ဥစ္စာ၊ ဝိုင်း၊ ကုန်၊ သင်္ဘောသား၊ လမ်းပြမာလိန်၊ ပြုပြင်သူ၊ ကုန်သည်၊ စစ်သူရဲအလုံးအရင်း ပါသမျှတို့သည် ပင်လယ်အလယ်၌ကျရကြလိမ့်မည်။ |
အမျက်တော်ထင်ရှားရာနေ့၌ စည်းစိမ်ဥစ္စာသည် အကျိုးမရှိ။ ဖြောင့်မတ်ခြင်းမူကား သေခြင်းမှကယ်နုတ်တတ်၏။
တိုင်ရာဘုရင်အားလုံး၊ ဆီဒုန်ဘုရင်အားလုံး၊ ပင်လယ်တစ်ဖက်ကမ်းရှိ ကမ်းရိုးတန်းဒေသများမှဘုရင်များ၊
တစ်ဆယ့်တစ်နှစ်မြောက်၊ ပထမလတွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၍
သင်၏ဥစ္စာပစ္စည်းများကိုလုယူမည်။ ကုန်ပစ္စည်းများကို သိမ်းယူမည်။ မြို့ရိုးတို့ကိုဖြိုဖျက်လိမ့်မည်။ အိမ်ကြီးအိမ်ကောင်းများကို ဖြိုဖျက်ပြီး ကျောက်များ၊ သစ်သားများကို အမှုန့်ပါမကျန် ပင်လယ်ထဲသို့ပစ်ချကြလိမ့်မည်’ဟု မိန့်တော်မူ၏။
သင့်ကို ကျောက်တလင်းပြင်ဖြစ်စေမည်။ ပိုက်ကွန်လှန်းစရာနေရာဖြစ်စေမည်။ သင့်ကို ပြန်လည်တည်ဆောက်တော့မည်မဟုတ်။ ငါထာဝရဘုရားမိန့်ဆိုပြီ’ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။
‘သင်သည် ထိတ်လန့်ဖွယ်အဆုံးသတ်ရမည်။ သင်ရှိရတော့မည်မဟုတ်။ သင့်ကို ရှာသော်လည်း တွေ့ရတော့မည်မဟုတ်’ဟူ၍ ဘုရားရှင်ထာဝရဘုရားမိန့်တော်မူသည်”ဟု မိန့်ဆိုလေ၏။
တာရှုမြို့သားတို့သည် ကုန်စည်မျိုးစုံပေါများသောသင်နှင့် ကုန်သွယ်ကြ၏။ ထိုကုန်စည်များကို ငွေ၊ သံ၊ သံဖြူ၊ ခဲတို့နှင့် လဲလှယ်ကြ၏။
ရှေဘပြည်၊ ရာဂမပြည်မှ ကုန်သည်တို့သည်လည်း သင်နှင့်ကုန်သွယ်ကြ၏။ သင့်ကုန်ပစ္စည်းများကို အကောင်းစားအမွှေးနံ့သာအမျိုးမျိုး၊ အဖိုးတန်ကျောက်အမျိုးမျိုး၊ ရွှေ စသည်တို့နှင့် လဲလှယ်ကြ၏။
သူတို့သည် လှပသောအဝတ်အစားများ၊ အပြာရောင်အထည်အလိပ်များ၊ ဇာပန်းထိုးထည်များ၊ ရောင်စုံကော်ဇောများ၊ ခိုင်ခံ့သောကျစ်ကြိုးများကို သင်၏ဈေးထဲတွင် လာရောက်ရောင်းဝယ်ဖောက်ကားကြ၏။
တက်ခတ်သမားများသည် သင့်ကို ကျယ်ပြန့်သောသမုဒ္ဒရာထဲသို့ ဆောင်ယူသွား၍ အရှေ့လေသည် သင့်ကို သမုဒ္ဒရာအလယ်၌ ရိုက်ချိုးပစ်လေပြီ။
မာလိန်မှူးတို့အော်ဟစ်သံကြောင့် သင်ကျင်လည်ကျက်စားခဲ့သောနယ်မြေများ တုန်လှုပ်လေပြီ။
ယခုတွင် သမုဒ္ဒရာသည် သင့်ကိုရိုက်ချိုးလေပြီ။ သင်၏ကုန်စည်နှင့် သင်၌ရှိသောလူအပေါင်းတို့သည် နက်ရှိုင်းသောသမုဒ္ဒရာထဲတွင် နစ်မြုပ်သွားကြလေပြီ။
သင့်ကို တွင်းထဲသို့ ဆွဲချပစ်မည်။ သင်သည် ပင်လယ်ပြင်တွင် အသေဆိုးနှင့်သေရမည်’ဟု ဘုရားရှင်ထာဝရဘုရားမိန့်တော်မူ၏။
တစ်ဖန် ထာဝရဘုရားက “တိုင်ရာမြို့သည် အပြစ်သုံးလေးမျိုးမက ကျူးလွန်သောကြောင့် ငါအပြစ်မပေးဘဲမနေ။ အကြောင်းမူကား သူတို့သည် ညီအစ်ကိုချင်းဖွဲ့သောပဋိညာဉ်ကို မအောက်မေ့ဘဲ ပြည်သူတစ်ရပ်လုံးကို ဧဒုံပြည်သို့ အပ်လိုက်လေပြီ။
တိုင်ရာမြို့သည် ခံတပ်ကိုတည်၍ ငွေတို့ကိုမြေမှုန့်ကဲ့သို့လည်းကောင်း၊ ရွှေတို့ကိုလမ်းပေါ်မှရွှံ့ကဲ့သို့လည်းကောင်း စုပုံထားကြ၏။