ထို့နောက် ဧလိယသည် မိမိအဝတ်ကိုယူ၍ လိပ်ပြီးမှ ဂျော်ဒန်မြစ်ရေကို ရိုက်လေ၏။ ထိုအခါ ရေသည် ထက်ခြမ်းကွဲသွား၍ သူတို့နှစ်ဦး ခြောက်သွေ့သောမြေပေါ်တွင် လမ်းလျှောက်ကူးသွားကြ၏။
ယေဇကျေလ 27:24 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် လှပသောအဝတ်အစားများ၊ အပြာရောင်အထည်အလိပ်များ၊ ဇာပန်းထိုးထည်များ၊ ရောင်စုံကော်ဇောများ၊ ခိုင်ခံ့သောကျစ်ကြိုးများကို သင်၏ဈေးထဲတွင် လာရောက်ရောင်းဝယ်ဖောက်ကားကြ၏။ Common Language Bible သူတို့ကလှပသောအဝတ်တန်ဆာ၊ မရမ်း စေ့ရောင်အထည်အလိပ်၊ ပန်းထိုးထည်၊ အရောင် တောက်ပသောကော်ဇောနှင့်ခိုင်ခံ့အောင်ကျစ် ထားသောကြိုးအမျိုးမျိုးတို့ကိုရောင်းချ ကြ၏။- Judson Bible ထူးဆန်းသော ဥစ္စာ၊ ပြာသောအထည်၊ ခြယ်လှယ်သောအထည်၊ အဖိုးထိုက်သော အဝတ်တန်ဆာပါ၍၊ ကြိုးနှင့်ပတ်ရစ်သော အာရဇ်သေတ္တာတို့ကို သင်၏ကုန်ထဲသို့ သွင်းကြ၏။ |
ထို့နောက် ဧလိယသည် မိမိအဝတ်ကိုယူ၍ လိပ်ပြီးမှ ဂျော်ဒန်မြစ်ရေကို ရိုက်လေ၏။ ထိုအခါ ရေသည် ထက်ခြမ်းကွဲသွား၍ သူတို့နှစ်ဦး ခြောက်သွေ့သောမြေပေါ်တွင် လမ်းလျှောက်ကူးသွားကြ၏။
ဟာရန်မြို့၊ ကန္နေမြို့၊ ဧဒင်မြို့မှကုန်သည်များ၊ ရှေဘပြည်၊ အဆီးရီးယားပြည်၊ ခိလမဒ်ပြည်မှကုန်သည်များသည် သင်နှင့်ကုန်သွယ်ကြ၏။
တာရှုသင်္ဘောတို့သည် သင့်ကို ကုန်စည်ကူးသန်းပေး၏။ သင်သည် ကြွယ်ဝပြည့်စုံပြီး ပင်လယ်ပြင်တွင် အလွန်ဂုဏ်ကျက်သရေရှိ၏။