ကုရှ၏သားများမှာ သေဘ၊ ဟဝိလ၊ သာဘတ၊ ရာဂမ၊ သတ္တေခါ တို့ဖြစ်ကြ၏။ ရာဂမ၏သားများမှာ ရှေဘ၊ ဒေဒန် တို့ဖြစ်ကြ၏။
ယေဇကျေလ 27:20 - မြန်မာ့စံမီသမ္မာကျမ်း ဒေဒန်မြို့သားတို့သည် သင်၏ကုန်ပစ္စည်းတို့ကို မြင်းကုန်းနှီးအဆင်တန်ဆာများနှင့် လဲလှယ်ကြ၏။ Common Language Bible ဒေဒန်မြို့သားတို့သည်သင်၏ကုန်စည် များကိုမြင်းကုန်းနှီးအခင်းများနှင့် လဲလှယ်ကြ၏။- Garrad Bible ဒေ ဒန် နယ် သည်၊ ကုန်း လွှမ်း ထည် များ ကို ဖောက် ကား သူ ဖြစ် ၏။ Judson Bible ဒေဒန်မြို့သည် မြင်းစီးသူရဲသုံးစရာ ချောသောအထည်မျိုးကိုရောင်း၍ သင်နှင့်ကုန်သွယ်၏။ |
ကုရှ၏သားများမှာ သေဘ၊ ဟဝိလ၊ သာဘတ၊ ရာဂမ၊ သတ္တေခါ တို့ဖြစ်ကြ၏။ ရာဂမ၏သားများမှာ ရှေဘ၊ ဒေဒန် တို့ဖြစ်ကြ၏။
ယုတ်ရှန်သည် သားရှေဘနှင့်ဒေဒန်ကိုရ၏။ ဒေဒန်မှဆင်းသက်လာသောသူများမှာ အာရှုရိမ်လူမျိုး၊ လေတုရှိမ်လူမျိုးနှင့် လုမ်မိမ်လူမျိုး တို့ဖြစ်ကြ၏။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘ငါသည် လက်တော်ကိုဆန့်၍ ဧဒုံပြည်ရှိ လူနှင့်တိရစ္ဆာန်တို့ကို သုတ်သင်ပစ်မည်။ ဆိတ်ညံရာဖြစ်စေမည်။ တေမန်မြို့မှစ၍ ဒေဒန်မြို့တိုင်အောင် ဓားဘေးကျရောက်စေမည်’ဟု မိန့်တော်မူ၏။
ဒေဒန်အမျိုးသားတို့သည် သင်နှင့်ကုန်သွယ်ကြ၏။ ကမ်းရိုးတန်းရှိလူများစွာတို့သည် သင့်လက်စွဲကုန်သည်များဖြစ်ကြ၏။ သူတို့သည် သင့်ကို ဆင်စွယ်၊ သစ်နက်တို့နှင့် ပေးချေကြ၏။
ဥဇလအရပ်မှ ဝေဒန်ပြည်သား၊ ယာဝန်ပြည်သားတို့သည်လည်း သင်နှင့်ကုန်သွယ်ကြ၏။ သံထည်၊ ကရဝေး၊ ခါနဲများကို သင်၏ကုန်ပစ္စည်းများနှင့် လှဲလှယ်ကြ၏။
ရှေဘပြည်၊ ဒေဒန်ပြည်၊ တာရှုပြည်တို့မှ ကုန်သည်များနှင့် သူတို့၏ခြင်္သေ့ပျိုတို့က သင့်အား သင်သည် ပစ္စည်းတို့ကိုလုယူရန် လာသလော။ ရွှေငွေတို့ကို သယ်ဆောင်သွားရန်၊ တိရစ္ဆာန်များနှင့် စည်းစိမ်ဥစ္စာများကို ယူဆောင်သွားရန်၊ အမြောက်အမြားတိုက်ခိုက်လုယက်ရန်၊ ဥစ္စာဘဏ္ဍာတို့ကို တိုက်ခိုက်သိမ်းယူရန် သင်၏လူအုပ်ကြီးကို စုဝေးစေသလောဟု မေးကြလိမ့်မည်’ဟူ၍ မိန့်တော်မူ၏။