ယေဇကျေလ 27:16 - မြန်မာ့စံမီသမ္မာကျမ်း ဆီးရီးယားပြည်သည် ထွက်ကုန်ပစ္စည်းများပြားသောသင်နှင့် ကုန်သွယ်၍ သင်၏ကုန်ပစ္စည်းများကို မြ၊ ခရမ်းရောင်ကျောက်၊ ဇာပန်းထိုးထည်၊ ပိတ်ချော၊ သန္တာကျောက်၊ ပတ္တမြားများနှင့် လဲလှယ်ကြ၏။ Common Language Bible ရှုရိပြည်သားတို့သည်သင်ထုတ်လုပ်သည့် ကုန်ပစ္စည်းအမျိုးမျိုးကိုဝယ်ယူကာ ယင်း တို့၏တန်ဖိုးကိုမြ၊ ကျောက်နီ၊ မရမ်းစေ့ ရောင်အထည်အလိပ်၊ ပန်းထိုးထည်၊ ပိတ်ချော၊ သန္တာနှင့်ပတ္တမြားတို့ဖြင့်ပေးချေကြ၏။- Garrad Bible သင်၌ လက် ဖြစ် များ ပြား သည့် အ တွက်၊ ရှု ရိ ပြည် သည် ဆီး ကျောက်၊ အ မောင်း ထည်၊ ပန်း ထိုး ထည်၊ ပိတ် ချော ထည်၊ သ န္တာ ကျောက် နှင့် ပ တ္တ မြား ကုန် များ ကို ထပ် လဲ ကုန် သွယ် သူ ဖြစ် ၏။ Judson Bible သင်လုပ်သော ဥစ္စာများသောကြောင့် ရှုရိပြည်သည် သင်နှင့်ကုန်သွယ်၍၊ နပက်ကျောက်၊ ပြာသောအထည်၊ ခြယ်လှယ်သောအဝတ်၊ ပိတ်ချော၊ သန္တာ၊ ကျောက်နီတို့ကို သင့်ဝိုင်း၌ သွင်းကြ၏။ |
ထိုသို့ ဣဇက်သည် ယာကုပ်ကိုလွှတ်လိုက်သဖြင့် သူသည် ပါဒန်အာရံပြည်ရှိ အာရံလူမျိုးဗေသွေလ၏သား လာဗန်ထံသို့ထွက်ခွာသွားလေ၏။ လာဗန်သည် ယာကုပ်နှင့်ဧသောတို့၏မိခင်ရေဗက္ကာ၏အစ်ကိုဖြစ်၏။
သူတို့အား ဒါဝိဒ်မင်းကြီးစက်ဆုပ်ရွံရှာသွားကြောင်းကို အမ္မုန်အမျိုးသားတို့သိသောအခါ အမ္မုန်အမျိုးသားတို့သည် လူလွှတ်၍ ဗက်ရဟောဘမြို့နှင့် ဇောဘမြို့မှဆီးရီးယားလူမျိုး ခြေလျင်တပ်သား အယောက်နှစ်သောင်း၊ မာခါဘုရင်ထံမှ လူတစ်ထောင်၊ တောဘမြို့မှ လူတစ်သောင်းနှစ်ထောင်တို့ကိုငှားရမ်းလေ၏။
အကျွန်ုပ်သည် ဆီးရီးယားပြည်၊ ဂေရှုရမြို့တွင်နေစဉ်က ‘ထာဝရဘုရားသည် အကျွန်ုပ်ကို ဂျေရုဆလင်မြို့သို့ အမှန်တကယ်ပြန်လည်ပို့ဆောင်တော်မူလျှင် ထာဝရဘုရားကို အကျွန်ုပ်ဝတ်ပြုပါမည်’ဟု ကျွန်တော်မျိုးကတိသစ္စာပြုခဲ့ပါပြီ”ဟု လျှောက်၏။
ဒါဝိဒ်မင်းကြီးသည် ဇောဘဘုရင်ဟာဒဒေဇာမင်းကြီးကို စစ်ကူလာသော ဒမတ်စကပ်မြို့သား ဆီးရီးယားလူမျိုးတို့ထဲမှ ဆီးရီးယားလူမျိုး နှစ်သောင်းနှစ်ထောင်ကိုသုတ်သင်ပစ်ပြီး
သင့်အား ဇာပန်းထိုးထည်ကို ဝတ်ဆင်ပေး၏။ သားရေဖိနပ်ကို စီးပေး၏။ ပိတ်ချောထည် ဆင်ယင်ပေး၏။ ပိုးထည် ခြုံပေး၏။
ဤသို့ဖြင့် သင်သည် ရွှေငွေကို ဆင်ယင်ရ၏။ ပိတ်ချောထည်၊ ပိုးထည်၊ ဇာပန်းထိုးထည်တို့ကို ဝတ်ဆင်ရ၏။ အကောင်းဆုံးဂျုံမှုန့်၊ ပျားရည်၊ သံလွင်ဆီတို့ကိုစားသုံးရ၏။ သင်သည် လှသွေးကြွယ်ပြီး ဘုရင်မတစ်ဆူသဖွယ် ဖြစ်လာ၏။
ဇာပန်းထိုးထားသော သင်၏အဝတ်ကိုယူပြီး ထိုရုပ်တုတို့အား ခြုံပေး၏။ ငါ၏သံလွင်ဆီနှင့် နံ့သာပေါင်းတို့ကိုလည်း သူတို့ရှေ့၌ပူဇော်၏။
ယခုမှာ ဆီးရီးယားသမီးပျိုနှင့် သူ့ဝန်းကျင်ရှိလူများ သင့်ကိုကဲ့ရဲ့သောအချိန်ရောက်လေပြီ။ သင့်ဝန်းကျင်ရှိ ဖိလိတ္တိသမီးပျိုများ သင့်ကိုမထီမဲ့မြင်ပြုသောအချိန်ရောက်လေပြီ။
ဘုရားသခင်၏ဥယျာဉ်တော်ဧဒင်ထဲတွင် သင်နေရ၏။ သင့်ကို ပတ္တမြား၊ ဥဿဖရား၊ စိန်၊ ကျောက်မျက်ရွဲ၊ မဟူရာကြောင်ဝင်၊ နဂါးသွဲ့၊ နီလာ၊ မြ၊ ဂေါ်မုတ်နီ စသော အဖိုးတန်ကျောက်မျက်အမျိုးမျိုးတို့ဖြင့် ဆင်ယင်ထား၏။ သင်၏ပတ်သာနှင့် ပလွေကို ရွှေဖြင့်လုပ်ထား၏။ သင့်ကို ဖန်ဆင်းခဲ့သောနေ့တွင် ထိုသို့ ငါပြင်ဆင်ခဲ့ပြီ။
တစ်ဖန် အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြုကြပြန်၏။ သူတို့သည် ထာဝရဘုရားကို ဝတ်မပြု၊ ထာဝရဘုရားကို စွန့်ပယ်၍ ဗာလဘုရား၊ အာရှတရက်ဘုရား၊ ဆီးရီးယားဘုရား၊ ဆီဒုန်ဘုရား၊ မောဘဘုရား၊ အမ္မုန်ဘုရား၊ ဖိလိတ္တိဘုရားတို့ကို ဝတ်ပြုကြ၏။