“ငါ့ကိုသိသောသူတို့ထဲတွင် ရာဟပ်နှင့်ဘေဘီလုံကို ငါမှတ်သားထားမည်။ ဖိလိတ္တိပြည်၊ တိုင်ရာပြည်နှင့် အီသီယိုးပီးယားပြည်တို့ကိုလည်း ကြည့်ရှုလော့။ ဤသူသည် ထိုအရပ်၌ မွေးဖွား၏။”
ယေဇကျေလ 27:1 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၍ Common Language Bible ထာဝရဘုရားငါ့အားမိန့်တော်မူသည်ကား၊- Garrad Bible တစ် ဖန်၊ ငါ သို့ ရောက် လာ သော ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ကား၊ Judson Bible တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊ |
“ငါ့ကိုသိသောသူတို့ထဲတွင် ရာဟပ်နှင့်ဘေဘီလုံကို ငါမှတ်သားထားမည်။ ဖိလိတ္တိပြည်၊ တိုင်ရာပြည်နှင့် အီသီယိုးပီးယားပြည်တို့ကိုလည်း ကြည့်ရှုလော့။ ဤသူသည် ထိုအရပ်၌ မွေးဖွား၏။”
“အချင်းလူသား၊ တိုင်ရာမြို့က ဂျေရုဆလင်မြို့ကိုဆန့်ကျင်၍ ‘အဟား၊ လူမျိုးတကာတို့၏တံခါးကြီး ကျိုးပဲ့လေပြီ။ ဟင်းလင်းပွင့်လေပြီ။ ထိုမြို့သည် လူဆိတ်ညံရာဖြစ်လေပြီ။ ငါ့အလိုပြည့်စုံလေပြီ’ဟု ဆို၏။
‘သင်သည် ထိတ်လန့်ဖွယ်အဆုံးသတ်ရမည်။ သင်ရှိရတော့မည်မဟုတ်။ သင့်ကို ရှာသော်လည်း တွေ့ရတော့မည်မဟုတ်’ဟူ၍ ဘုရားရှင်ထာဝရဘုရားမိန့်တော်မူသည်”ဟု မိန့်ဆိုလေ၏။
တစ်ဖန် ထာဝရဘုရားက “တိုင်ရာမြို့သည် အပြစ်သုံးလေးမျိုးမက ကျူးလွန်သောကြောင့် ငါအပြစ်မပေးဘဲမနေ။ အကြောင်းမူကား သူတို့သည် ညီအစ်ကိုချင်းဖွဲ့သောပဋိညာဉ်ကို မအောက်မေ့ဘဲ ပြည်သူတစ်ရပ်လုံးကို ဧဒုံပြည်သို့ အပ်လိုက်လေပြီ။
ထိုမြို့နှင့်နယ်နိမိတ်ထိစပ်သောဟာမတ်မြို့အပေါ်သို့လည်း သက်ရောက်၏။ တိုင်ရာမြို့နှင့် ဆီဒုန်မြို့တို့သည် အလွန်ဉာဏ်ပညာရှိသောကြောင့် ထိုမြို့တို့အပေါ်သို့ သက်ရောက်လေ၏။