ယွာဘနှင့်သူ၏အပေါင်းပါတို့သည် လာ၍ ရှေဘတည်းခိုနေသောအာဗေလဗက်မာခါမြို့ကိုဝိုင်းထားကြ၏။ ထို့နောက် မြို့တံတိုင်းအပြင်ဘက်တွင် မြေကတုတ်ဖို့၍ မြို့ရိုးကို ဖြိုချဖျက်ဆီးကြ၏။
ယေဇကျေလ 26:8 - မြန်မာ့စံမီသမ္မာကျမ်း သူသည် ကမ်းရိုးတန်းမြို့ရွာတို့ကို ဓားဖြင့်လုပ်ကြံလိမ့်မည်။ ခံတပ်များဆောက်၍ မြေကတုတ်များဖို့လိမ့်မည်။ ဒိုင်းလွှားကြီးကိုအကာအကွယ်ယူလျက် တိုက်ခိုက်လိမ့်မည်။ Common Language Bible ပြည်ပရှိမြို့များတွင်နေထိုင်ကြသူတို့ သည်စစ်ပွဲတွင်ကျဆုံးကြလိမ့်မည်။ ရန်သူ များသည်ကတုပ်ကျင်းများကိုတူး၍မြေ ကတုပ်များကိုဖို့ကာဒိုင်းလွှားများကို ကာလျက်သင့်အားတိုက်ခိုက်လိမ့်မည်။- Garrad Bible ကမ်း ခြေ ရှိ ဇ န ပုဒ် များ ကို ဓား ဖြင့် လုပ် ကြံ ပြီး လျှင်၊ သင့် ရင် ဆိုင် ရင် တား တည် ခြင်း၊ က တုတ် လှန် ခြင်း၊ ဒိုင်း ရှည် မြှောက် ကာ ခြင်း များ ကို ပြု လျက်၊ မြို့ ရိုး ကို သစ် မောင်း နှင့် နှက်၍၊ Judson Bible သူသည် လယ်ပြင်၌ရှိသော သင်၏သားသမီးတို့ကို ဓားနှင့်သတ်လိမ့်မည်။ သင့်တစ်ဖက်၌ ရဲတိုက်ကိုတည်၍ မြေရိုးကိုဖို့ပြီးလျှင်၊ ဒိုင်းလွှားတို့ကို ချီကာလိမ့်မည်။ |
ယွာဘနှင့်သူ၏အပေါင်းပါတို့သည် လာ၍ ရှေဘတည်းခိုနေသောအာဗေလဗက်မာခါမြို့ကိုဝိုင်းထားကြ၏။ ထို့နောက် မြို့တံတိုင်းအပြင်ဘက်တွင် မြေကတုတ်ဖို့၍ မြို့ရိုးကို ဖြိုချဖျက်ဆီးကြ၏။
ကြည့်ရှုတော်မူပါ။ မြို့ကိုသိမ်းယူရန် မြေကတုတ်ကို တည်ဆောက်ကြပြီ။ ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေးတို့ကြောင့် ဤမြို့သည် တိုက်ခိုက်လာသောခါလဒဲတပ်၏လက်သို့ ရောက်ရလိမ့်မည်။ ကြည့်ရှုတော်မူပါ။ မိန့်တော်မူသည့်အတိုင်း ဖြစ်လာသည်ကို ကိုယ်တော်မြင်တော်မူပါ၏။
ဇေဒကိမင်းကြီးနန်းစံကိုးနှစ်၊ ဒသမလ၊ ဆယ်ရက်နေ့တွင် ဘေဘီလုံဘုရင် နေဗုခဒ်နေဇာမင်းကြီးသည် မိမိစစ်သည်အပေါင်းတို့နှင့်တကွ ဂျေရုဆလင်မြို့သို့ စစ်ချီလာ၍ မြို့ပြင်၌ စခန်းချကြ၏။ မြို့ပတ်ပတ်လည်၌ မြေကတုတ်ကိုဆောက်ကြ၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ဂျေရုဆလင်မြို့ကိုတိုက်ခိုက်ရန် သစ်ပင်ကိုခုတ်လှဲ၍ မြေကတုတ်ဖို့ကြလော့။ ဤမြို့သည် ဒဏ်ခတ်ခံရမည့်မြို့ဖြစ်၏။ မြို့ထဲတွင် ဖိနှိပ်ချုပ်ချယ်မှုဖြင့် ပြည့်၏။
ဂျေရုဆလင်မြို့သို့သွား၍ တုံးမောင်းကိုချထားရန်၊ သတ်မိန့်ပေးရန်၊ စစ်ငြာသံပေးရန်၊ တုံးမောင်းကိုချထားပြီး မြို့တံခါးကို ဖြိုဖျက်ရန်၊ မြေကတုတ်များနှင့် ခံတပ်များကို တည်ဆောက်ရန် သူ၏လက်ယာလက်ထဲသို့ မဲကျ၏။
ဘုရားရှင်ထာဝရဘုရားက ‘ကမ်းရိုးတန်းမြို့ရွာတို့သည် ဓားဖြင့် လုပ်ကြံခံရမည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်’ဟု မိန့်တော်မူ၏။
တုံးမောင်းများဖြင့် မြို့ရိုးကို ရိုက်ချိုးလိမ့်မည်။ ဓားလက်နက်များဖြင့် ရဲတိုက်ကိုဖြိုဖျက်လိမ့်မည်။
သူတို့သည် ရှင်ဘုရင်များကို ပြောင်လှောင်ကြ၏။ အုပ်ချုပ်သူတို့ကို သရော်ကြ၏။ ခံတပ်ရှိသမျှကို ဟားတိုက်ရယ်မောကြ၏။ မြေဖို့ပြီး ခံတပ်များကို တိုက်ခိုက်သိမ်းယူကြ၏။
အကြောင်းမူကား သင်၏ရန်သူတို့သည် ကတုတ်တည်၍ သင့်ကိုဝိုင်းရံလျက် အဘက်ဘက်မှ သင့်ကိုပိတ်ဆို့ထားကာ