ဘုရားရှင်ထာဝရဘုရားက ‘ကမ်းရိုးတန်းမြို့ရွာတို့သည် ဓားဖြင့် လုပ်ကြံခံရမည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်’ဟု မိန့်တော်မူ၏။
ပြည်မရှိမြို့များမှလူတို့ကိုလည်းဋ္ဌား ဘေးသင့်စေကြလိမ့်မည်။ ထိုအခါငါသည် ထာဝရဘုရားဖြစ်တော်မူကြောင်း တုရုမြို့ သားတို့သိရှိကြလိမ့်မည်'' ဟူ၍တည်း။
ကမ်း ခြေ ရှိ ဇ န ပုဒ် များ လည်း၊ ဓား ဖြင့် လုပ် ကြံ ခံ ၍၊ အ ရှင် ထာ ဝ ရ ဘု ရား ငါ ဖြစ် သည် ကို၊ သိ ရ ကြ လ တ္တံ့ ဟု မိန့် ဆို၏။
လယ်ပြင်၌ရှိသော သမီးတို့သည် ဓားဖြင့်သေ၍၊ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
ထို့ကြောင့် ထာဝရဘုရားက “ကြည့်ရှုလော့။ ငါသည် အမ္မုန်အမျိုးသားတို့နေရာ ရဗ္ဗာမြို့၌ စစ်ပွဲသံကြားရသောအချိန် ရောက်စေမည်။ ထိုမြို့သည် အပျက်အစီးပုံကြီးဖြစ်၍ မြို့ငယ်တို့သည်လည်း မီးလောင်သွားလိမ့်မည်။ အစ္စရေးလူမျိုးတို့သည်လည်း မိမိအား သိမ်းပိုက်ခဲ့သူကို ပြန်၍သိမ်းပိုက်လိမ့်မည်”ဟု မိန့်တော်မူ၏။
သင့်အစ်မရှမာရိသည် သမီးတို့နှင့်အတူ သင်၏မြောက်ဘက်တွင် နေထိုင်၏။ သင့်ညီမသောဒုံသည် သမီးတို့နှင့်အတူ သင်၏တောင်ဘက်တွင် နေထိုင်၏။
အသက်ရှင်တော်မူသော ငါဘုရားရှင်ထာဝရဘုရားက ‘သင်၏ညီမသောဒုံနှင့်သူ့သမီးတို့သည် သင်နှင့်သင်၏သမီးတို့ပြုသကဲ့သို့ မပြုကြ။
‘ဖမ်းခေါ်သွားခြင်းခံရသော သောဒုံနှင့်သူ၏သမီးပျိုများ၊ ရှမာရိနှင့်သူ၏သမီးပျိုများကို ဖမ်းခေါ်သွားခြင်းခံရသော သင်၏လူတို့နှင့်အတူ ပြန်ခေါ်လာမည်။
မောဘပြည်ကိုလည်း ဒဏ်ခတ်မည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်’ဟု မိန့်တော်မူ၏။
‘ငါ့လူမျိုးတော်အစ္စရေးတို့၏လက်ချက်ဖြင့် ဧဒုံပြည်ကို လက်တုံ့ပြန်မည်။ သူတို့သည် ငါ့အမျက်ဒေါသအလျောက် ဧဒုံပြည်ကို ပြုကြလိမ့်မည်။ ထိုအခါမှ ငါလက်တုံ့ပြန်ကြောင်းကို သူတို့သိကြလိမ့်မည်’ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။
ငါသည် အမျက်ပြင်းစွာထွက်၍ သူတို့ကို အကြီးအကျယ်လက်တုံ့ပြန်မည်။ ထိုသို့ သူတို့ကို လက်တုံ့ပြန်မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
ရဗ္ဗာမြို့ကို ကုလားအုတ်တို့ကျက်စားရာ၊ အမ္မုန်ပြည်ကို သိုးများနားနေရာ ဖြစ်စေမည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိကြလိမ့်မည်’ဟု မိန့်တော်မူ၏။
ငါသည် လက်ကိုဆန့်၍ သင်တို့ကို ဆန့်ကျင်မည်။ သင်တို့ကို လုယက်ပစ္စည်းအဖြစ် လူမျိုးခြားတို့လက်သို့အပ်မည်။ လူမျိုးတကာတို့ထဲမှ ဖယ်ရှားပစ်မည်။ အတိုင်းတိုင်းအပြည်ပြည်ထဲမှ ဖျောက်ဖျက်ပစ်မည်။ သုတ်သင်ပယ်ရှင်းပစ်မည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိရလိမ့်မည်’ဟု မိန့်တော်မူ၏။
သူသည် ကမ်းရိုးတန်းမြို့ရွာတို့ကို ဓားဖြင့်လုပ်ကြံလိမ့်မည်။ ခံတပ်များဆောက်၍ မြေကတုတ်များဖို့လိမ့်မည်။ ဒိုင်းလွှားကြီးကိုအကာအကွယ်ယူလျက် တိုက်ခိုက်လိမ့်မည်။