ထာဝရဘုရားသည် ပင်လယ်ပြင်ပေါ် လက်တော်ကိုဆန့်တော်မူပြီ။ တိုင်းနိုင်ငံတို့ကို ထိတ်လန့်တုန်လှုပ်စေတော်မူပြီ။ ခါနာန်ပြည်၏ခံတပ်များကိုဖျက်ဆီးရန် မိန့်တော်မူပြီ။
ယေဇကျေလ 26:4 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် တိုင်ရာမြို့ရိုးကို ဖျက်ဆီး၍ ရဲတိုက်များကို ဖြိုချကြလိမ့်မည်။ အကျိုးအပဲ့များကို ရှင်းထုတ်ပြီး သူ့ကို ကျောက်တလင်းပြင်ကဲ့သို့ ငါဖြစ်စေမည်။ Common Language Bible သင်၏မြို့ရိုးတို့ကိုဖျက်ဆီး၍ပြအိုးတို့ ကိုဖြိုချကြလိမ့်မည်။ ထိုအခါငါသည် ထိုမြေမှုန့်တို့ကိုလွင့်စေ၍ ကျောက်သား ပကတိကိုသာလျှင်ကျန်ရှိစေမည်။- Garrad Bible သင့် မြို့ ရိုး ကို ဖောက် ဖျက် လျက်၊ ရဲ တိုက် များ ကို ဖြို လှဲ ကြ လိမ့် မည်။ ငါ လည်း၊ ပြောင် သော ကျောက် ကျန် သည့် တိုင် အောင်၊ Judson Bible သူတို့သည် တုရုမြို့ရိုးကိုဖျက်၍ ပြအိုးတို့ကို ဖြိုချကြလိမ့်မည်။ မြေမှုန့်ကို ငါခြစ်ခွာ၍ ရှင်းလင်းသောကျောက်ကဲ့သို့ ဖြစ်စေမည်။ |
ထာဝရဘုရားသည် ပင်လယ်ပြင်ပေါ် လက်တော်ကိုဆန့်တော်မူပြီ။ တိုင်းနိုင်ငံတို့ကို ထိတ်လန့်တုန်လှုပ်စေတော်မူပြီ။ ခါနာန်ပြည်၏ခံတပ်များကိုဖျက်ဆီးရန် မိန့်တော်မူပြီ။
“စပျစ်စိုက်ခင်းသို့သွား၍ ဖျက်ဆီးကြလော့။ သို့သော်လည်း အကုန်အစင်မဖျက်ဆီးနှင့်။ အခက်အလက်များသည် ထာဝရဘုရားနှင့် မဆိုင်သောကြောင့် ဖယ်ပစ်လော့။
သင်၏ဥစ္စာပစ္စည်းများကိုလုယူမည်။ ကုန်ပစ္စည်းများကို သိမ်းယူမည်။ မြို့ရိုးတို့ကိုဖြိုဖျက်လိမ့်မည်။ အိမ်ကြီးအိမ်ကောင်းများကို ဖြိုဖျက်ပြီး ကျောက်များ၊ သစ်သားများကို အမှုန့်ပါမကျန် ပင်လယ်ထဲသို့ပစ်ချကြလိမ့်မည်’ဟု မိန့်တော်မူ၏။
တုံးမောင်းများဖြင့် မြို့ရိုးကို ရိုက်ချိုးလိမ့်မည်။ ဓားလက်နက်များဖြင့် ရဲတိုက်ကိုဖြိုဖျက်လိမ့်မည်။
ထို့ကြောင့် ငါသည် တိုင်ရာမြို့ရိုးအပေါ် မီးကိုလွှတ်၍ ခံတပ်တို့ကိုပါ လောင်ကျွမ်းစေမည်”ဟု မိန့်တော်မူ၏။
တိုင်ရာမြို့သည် ခံတပ်ကိုတည်၍ ငွေတို့ကိုမြေမှုန့်ကဲ့သို့လည်းကောင်း၊ ရွှေတို့ကိုလမ်းပေါ်မှရွှံ့ကဲ့သို့လည်းကောင်း စုပုံထားကြ၏။