သို့သော် သူသည်ကွယ်ပျောက်သွား၏။ ကြည့်ရှုလော့။ သူမရှိတော့ပေ။ သူ့ကို ငါရှာသော်လည်း မတွေ့ရတော့ပေ။
ယေဇကျေလ 26:21 - မြန်မာ့စံမီသမ္မာကျမ်း ‘သင်သည် ထိတ်လန့်ဖွယ်အဆုံးသတ်ရမည်။ သင်ရှိရတော့မည်မဟုတ်။ သင့်ကို ရှာသော်လည်း တွေ့ရတော့မည်မဟုတ်’ဟူ၍ ဘုရားရှင်ထာဝရဘုရားမိန့်တော်မူသည်”ဟု မိန့်ဆိုလေ၏။ Common Language Bible ငါသည်သင့်ကိုကြောက်လန့်ဖွယ်ရာဇာတ် သိမ်းခန်းရောက်ရပေတော့အံ့။ လူတို့သည် ရှာသော်လည်းသင့်ကိုတွေ့ရတော့မည်မ ဟုတ်'' ဟုမိန့်တော်မူ၏။ ဤကားအရှင် ထာဝရဘုရားမိန့်တော်မူသောစကား ဖြစ်၏။ Garrad Bible ထို သို့ ထိန့် လန့် ဖွယ် အ ဖြစ် ငါ ထား သော သင် သည်၊ တည် ရှိ ရ တော့ မည် မ ဟုတ်။ ရှာ သော် လည်း သင့် ကို တွေ့ ရ တော့ မည် မ ဟုတ် ဟု၊ ငါ အ ရှင် ထာ ဝ ရ ဘု ရား မိန့် ဆို သည် ဟူ၍ တည်း။ Judson Bible သင်မူကား၊ ကြောက်မက်ဖွယ်သောအရာဖြစ်၍၊ နောက်တစ်ဖန် အဘယ်သူမျှ ရှာ၍မတွေ့နိုင်အောင်၊ ပျောက်ကုန်ရာသို့ ရောက်လိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။ |
သို့သော် သူသည်ကွယ်ပျောက်သွား၏။ ကြည့်ရှုလော့။ သူမရှိတော့ပေ။ သူ့ကို ငါရှာသော်လည်း မတွေ့ရတော့ပေ။
အကြောင်းမှာ ထာဝရဘုရားက ‘ကြည့်ရှုလော့။ ငါသည် သင့်ကို သင်ကိုယ်တိုင်အတွက်သော်လည်းကောင်း၊ သင်၏အပေါင်းအဖော်အားလုံးအတွက်သော်လည်းကောင်း ကြောက်လန့်စရာဖြစ်စေမည်။ သင်၏အပေါင်းအဖော်များသည် ရန်သူ၏ဓားဖြင့်လဲကျသေဆုံးကြသည်ကို သင်မြင်တွေ့ရမည်။ ယုဒအမျိုးအားလုံးကို ဘေဘီလုံဘုရင်၏လက်သို့ ငါအပ်မည်။ ထိုဘုရင်သည် သူတို့ကို ဘေဘီလုံမြို့သို့ ဖမ်းခေါ်သွားပြီး ဓားဖြင့်ကွပ်မျက်မည်။
‘ငါသည် ထိုမြို့ပေါ်သို့ ဘေးအန္တရာယ်ကျရောက်စေမည်ဖြစ်၍ ထိုစာလိပ်ကဲ့သို့ ဘေဘီလုံမြို့သည် နစ်မြုပ်ရလိမ့်မည်။ ပြန်ပေါ်လာတော့မည်မဟုတ်။ သူတို့သည် အားအင်ကုန်ခန်းကြလိမ့်မည်’ဟူ၍ သင်ဆိုရမည်”ဟု မှာကြားလေ၏။ ဤတွင် ယေရမိစကား ပြီးဆုံးသတည်း။
တိုင်းတစ်ပါးမှကုန်သည်တို့သည် သင့်ကို ဟားတိုက်ကြလိမ့်မည်။ သင်သည်လည်း ထိတ်လန့်ဖွယ်ဖြစ်ရပ်များနှင့်ကြုံရပြီးမှ လုံးဝပျောက်ကွယ်သွားလေပြီ’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
သင်နှင့်သိကျွမ်းခဲ့သောလူမျိုးအပေါင်းတို့သည် သင့်ကိုအံ့အားသင့်ကြလေပြီ။ သင်သည်လည်း ထိတ်လန့်ဖွယ်ဖြစ်ရပ်များနှင့်ကြုံရပြီးမှ လုံးဝပျောက်ကွယ်သွားလေပြီ’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
သူသည် သူ့ခံတပ်ပြည်သို့ပြန်လာမည်ဖြစ်သော်လည်း ခလုတ်တိုက်၍လဲကျသေဆုံးသွားလိမ့်မည်။ သူ့ကို တွေ့ရတော့မည်မဟုတ်။
ထို့နောက် ခွန်အားကြီးသောကောင်းကင်တမန်တစ်ပါးသည် ကြီးမားသည့်ကြိတ်ဆုံကဲ့သို့သောကျောက်တုံးတစ်တုံးကိုချီယူ၍ ပင်လယ်ထဲသို့ပစ်ချကာ “ဘေဘီလုံမြို့ကြီးသည် ဤကဲ့သို့ ကြမ်းတမ်းစွာပစ်ချခြင်းကိုခံရ၍ လုံးဝတွေ့ရတော့မည်မဟုတ်။