ဇေဒကိမင်းကြီးနန်းစံ တစ်ဆယ့်တစ်နှစ်၊ စတုတ္ထလ၊ ကိုးရက်နေ့တွင် မြို့ထဲသို့ ထိုးဖောက်ဝင်ရောက်ကြ၏။
ယေဇကျေလ 26:1 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဆယ့်တစ်နှစ်မြောက်၊ ပထမလတွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၍ Common Language Bible ငါတို့ပြည်နှင်ဒဏ်ခံသောတစ်ဆယ့်တစ်နှစ် မြောက်၊ ပထမလ၊ လဆန်းတစ်ရက်နေ့၌ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၏။- Garrad Bible တစ် ဖန်၊ ဆယ့် တစ် နှစ်၊ လ ဆန်း နေ့ တွင်၊ ငါ သို့ ရောက် လာ သော ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ကား၊ Judson Bible သက္ကရာဇ်ဆယ်တစ်ခု၊ ပထမတစ်ရက်နေ့တွင်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ |
ဇေဒကိမင်းကြီးနန်းစံ တစ်ဆယ့်တစ်နှစ်၊ စတုတ္ထလ၊ ကိုးရက်နေ့တွင် မြို့ထဲသို့ ထိုးဖောက်ဝင်ရောက်ကြ၏။
သတ္တမနှစ်၊ ပဉ္စမလ၊ ဆယ်ရက်နေ့၌ အစ္စရေးတို့၏သက်ကြီးဝါကြီးအချို့တို့သည် ထာဝရဘုရားထံ မေးလျှောက်ရန် ရောက်လာပြီး ငါရှေ့၌ထိုင်နေကြစဉ်
ငါသည် အမျက်ပြင်းစွာထွက်၍ သူတို့ကို အကြီးအကျယ်လက်တုံ့ပြန်မည်။ ထိုသို့ သူတို့ကို လက်တုံ့ပြန်မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
“အချင်းလူသား၊ တိုင်ရာမြို့က ဂျေရုဆလင်မြို့ကိုဆန့်ကျင်၍ ‘အဟား၊ လူမျိုးတကာတို့၏တံခါးကြီး ကျိုးပဲ့လေပြီ။ ဟင်းလင်းပွင့်လေပြီ။ ထိုမြို့သည် လူဆိတ်ညံရာဖြစ်လေပြီ။ ငါ့အလိုပြည့်စုံလေပြီ’ဟု ဆို၏။
သင်ကျိုးပဲ့သွားသောနေ့တွင်ပင် သင်၏စည်းစိမ်များ၊ ကုန်စည်စလယ်များ၊ သင်္ဘောသားများ၊ မာလိန်မှူးများ၊ အပျက်အစီးပြုပြင်ဖာထေးပေးသူများ၊ ဖောက်သည်များ၊ စစ်သူရဲများနှင့်တကွ သင်၌ရှိသောလူအပေါင်းတို့သည် သမုဒ္ဒရာအောက်သို့ နစ်မြုပ်သွားကြလေပြီ။
ဒသမနှစ်၊ ဒသမလ၊ တစ်ဆယ့်နှစ်ရက်တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၍
အနှစ်နှစ်ဆယ့်ခုနစ်နှစ်မြောက်၊ ပထမလ၊ ပထမနေ့တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၍
တစ်ဆယ့်တစ်နှစ်မြောက်၊ ပထမလ၊ ခုနစ်ရက်နေ့တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၍
ဆဋ္ဌမနှစ်၊ ဆဋ္ဌမလ၊ ငါးရက်နေ့တွင် ငါသည် အိမ်၌ထိုင်နေ၍ ယုဒလူသက်ကြီးဝါကြီးတို့သည်လည်း ငါ့ရှေ့၌ထိုင်နေကြစဉ် ဘုရားရှင်ထာဝရဘုရား၏လက်တော်သည် ငါ့အပေါ် သက်ရောက်လာ၏။
ဧဖရိမ်ကို ငါတွေ့စဉ်က တိုင်ရာမြို့ကဲ့သို့ စားကျက်မြေ၌ပေါက်သောအပင်နှင့်တူ၏။ သို့သော် ဧဖရိမ်သည် သူ့သားသမီးတို့ကို လူသတ်သမားထံ ခေါ်ထုတ်လာရတော့မည်။”
တစ်ဖန် ထာဝရဘုရားက “တိုင်ရာမြို့သည် အပြစ်သုံးလေးမျိုးမက ကျူးလွန်သောကြောင့် ငါအပြစ်မပေးဘဲမနေ။ အကြောင်းမူကား သူတို့သည် ညီအစ်ကိုချင်းဖွဲ့သောပဋိညာဉ်ကို မအောက်မေ့ဘဲ ပြည်သူတစ်ရပ်လုံးကို ဧဒုံပြည်သို့ အပ်လိုက်လေပြီ။
ထိုမြို့နှင့်နယ်နိမိတ်ထိစပ်သောဟာမတ်မြို့အပေါ်သို့လည်း သက်ရောက်၏။ တိုင်ရာမြို့နှင့် ဆီဒုန်မြို့တို့သည် အလွန်ဉာဏ်ပညာရှိသောကြောင့် ထိုမြို့တို့အပေါ်သို့ သက်ရောက်လေ၏။