သူတို့သည် တိုင်းနိုင်ငံများကိုလက်တုံ့ပြန်ခြင်းနှင့် လူတို့ကိုဆုံးမခြင်းအမှုတို့ကိုပြုရန်လည်းကောင်း၊
ယေဇကျေလ 25:17 - မြန်မာ့စံမီသမ္မာကျမ်း ငါသည် အမျက်ပြင်းစွာထွက်၍ သူတို့ကို အကြီးအကျယ်လက်တုံ့ပြန်မည်။ ထိုသို့ သူတို့ကို လက်တုံ့ပြန်မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။ Common Language Bible သူတို့အားပြင်းထန်စွာအပြစ်ပေး၍အ ပြည့်အဝလက်စားချေမည်။ သူတို့သည် ငါ၏အမျက်တော်ဒဏ်ကိုခံရကြလိမ့် မည်။ ထိုအခါငါသည်ထာဝရဘုရားဖြစ် တော်မူကြောင်းသူတို့သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ Garrad Bible အ မျက် တော် နှင့် ဆုံး မ၍၊ လက် စား ချေ ခြင်း ကို အ ပြင်း အ ထန် ပြု သ ဖြင့်၊ ပြု သော ငါ သည် ထာ ဝ ရ ဘု ရား ဖြစ် ကြောင်း သူ တို့ သိ ရ ကြ လ တ္တံ့ ဟု မိန့် ဆို သည် ဟူ ၍ တည်း။ Judson Bible ပြင်းစွာသော ဆုံးမခြင်းနှင့်တကွ ကြီးစွာသောအပြစ်ဒဏ်ကို ပေးမည်။ ထိုသို့ ငါ၏ချင်ရဲပြေစေခြင်းငှာဒဏ်ပေးသောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။ |
သူတို့သည် တိုင်းနိုင်ငံများကိုလက်တုံ့ပြန်ခြင်းနှင့် လူတို့ကိုဆုံးမခြင်းအမှုတို့ကိုပြုရန်လည်းကောင်း၊
ထာဝရဘုရားသည် တရားစီရင်တော်မူခြင်းအားဖြင့် မိမိအကြောင်းကိုထင်ရှားစေတော်မူပြီ။ ဆိုးယုတ်သောသူသည် မိမိလက်ဖြင့်ပြုလုပ်ထားသောအရာ၌ ကျော့မိလေပြီ။(ဟိဂ္ဂယွန်။စေလာ)
ထို့ကြောင့် ‘ထာဝရဘုရားက ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို ဤအမှုအားဖြင့် သင်သိရလိမ့်မည် ဟုမိန့်တော်မူပြီ။ ဤအမှုဟူမူကား အကျွန်ုပ်သည် နိုင်းမြစ်ရေကို အကျွန်ုပ်လက်၌ရှိသောတောင်ဝှေးဖြင့် ရိုက်သောအခါ သွေးအဖြစ်သို့ပြောင်းသွားမည်။
မောဘပြည်ကိုလည်း ဒဏ်ခတ်မည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်’ဟု မိန့်တော်မူ၏။
‘ငါ့လူမျိုးတော်အစ္စရေးတို့၏လက်ချက်ဖြင့် ဧဒုံပြည်ကို လက်တုံ့ပြန်မည်။ သူတို့သည် ငါ့အမျက်ဒေါသအလျောက် ဧဒုံပြည်ကို ပြုကြလိမ့်မည်။ ထိုအခါမှ ငါလက်တုံ့ပြန်ကြောင်းကို သူတို့သိကြလိမ့်မည်’ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။
ရဗ္ဗာမြို့ကို ကုလားအုတ်တို့ကျက်စားရာ၊ အမ္မုန်ပြည်ကို သိုးများနားနေရာ ဖြစ်စေမည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိကြလိမ့်မည်’ဟု မိန့်တော်မူ၏။
တစ်ဆယ့်တစ်နှစ်မြောက်၊ ပထမလတွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၍
ငါသည် အမျက်ဒေါသပြင်းစွာဖြင့် သင့်ကိုဆုံးမ၍ အပြစ်ဒဏ်ပေးသောအခါ သင့်ဝန်းကျင်ရှိ လူမျိုးတကာတို့တွင် သင်သည် ကဲ့ရဲ့စရာ၊ ပုတ်ခတ်စရာ၊ ခိုင်းနှိုင်းစရာ၊ လူသူကင်းမဲ့ရာ ဖြစ်လိမ့်မည်ဟု ငါထာဝရဘုရား မိန့်တော်မူပြီ။
သင်တို့တွင် လူတို့ လဲကျသေဆုံးကြလိမ့်မည်။ ထိုအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိကြလိမ့်မည်။