ဂျေရုဆလင်မြို့၌ ဟေဇကိ၏သား၊ ယုဒဘုရင်မနာရှေပြုခဲ့သောအမှုကြောင့် ငါသည် သူတို့အား မြေကြီးပေါ်ရှိတိုင်းနိုင်ငံအားလုံးအတွက် ထိတ်လန့်စရာဖြစ်စေမည်။
ယေဇကျေလ 23:46 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားရှင်ထာဝရဘုရားက ‘သူတို့ထံသို့ လူအလုံးအရင်းကို ချီလာစေပြီး သူတို့ကို ထိတ်လန့်စေမည်၊ လုယူဖျက်ဆီးစေမည်။ Common Language Bible အရှင်ထာဝရဘုရားက``သူတို့အားကြောက်လန့် တုန်လှုပ်စေရန်နှင့်လုယက်စေရန် ရုန်းရင်းဆန် ခတ်ပြုသည့်လူအုပ်ကိုခေါ်ခဲ့လော့။- Garrad Bible ငါ အ ရှင် ထာ ဝ ရ ဘု ရား က၊ ငါ သည် ပ ရိ သတ် ကို ခေါ်၍၊ ထိတ် လန့် ခံ၊ လု ယက် ခံ ထား သော ထို သူ တို့ ကို၊ Judson Bible အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုမိန်းမရှိရာသို့ လူအလုံးအရင်းကို ငါချီစေ၍၊ လုယက်သိမ်းသွားစေခြင်းငှာ အခွင့်ပေးမည်။ |
ဂျေရုဆလင်မြို့၌ ဟေဇကိ၏သား၊ ယုဒဘုရင်မနာရှေပြုခဲ့သောအမှုကြောင့် ငါသည် သူတို့အား မြေကြီးပေါ်ရှိတိုင်းနိုင်ငံအားလုံးအတွက် ထိတ်လန့်စရာဖြစ်စေမည်။
အို ကွင်းပြင်ရှိငါ့တောင်၊ ပြည်တစ်ပြည်လုံးရှိ အပြစ်များကြောင့် သင်၏ဥစ္စာပစ္စည်း၊ သင်၏ဘဏ္ဍာအလုံးစုံတို့နှင့် သင်အထွတ်အမြတ်ထားရာကုန်းမြင့်တို့ကို လုယူဖျက်ဆီးရာအဖြစ် ငါပေးလိုက်မည်။
မြေကြီးပေါ်ရှိတိုင်းနိုင်ငံအားလုံးအတွက် ရွံရှာစရာ၊ ထိတ်လန့်စရာဖြစ်စေမည်။ ငါနှင်ထုတ်၍ သူတို့ရောက်လေရာအရပ်ရပ်တို့၌ ကဲ့ရဲ့စရာ၊ ပုံခိုင်းစရာ၊ ပြောင်လှောင်စရာ၊ ကျိန်ဆဲစရာ ဖြစ်စေမည်။
ကြည့်ရှုလော့။ မြောက်အရပ်မှ လူမျိုးအပေါင်းတို့နှင့်တကွ ငါ့အစေအပါး ဘေဘီလုံဘုရင်နေဗုခဒ်နေဇာကို ဆင့်ခေါ်ပြီး ဤပြည်နှင့်ပြည်သူပြည်သားများမှစ၍ ပတ်ပတ်လည်ရှိတိုင်းနိုင်ငံအားလုံးကို ဝင်ရောက်တိုက်ခိုက်ရန် ငါစေလွှတ်မည်။ ငါသည် သူတို့ကို လုံးလုံးဖျက်ဆီးမည်။ ထိတ်လန့်စရာ၊ ကဲ့ရဲ့ပြစ်တင်စရာ၊ ထာဝရပျက်စီးရာ ဖြစ်စေမည်’ဟု မိန့်တော်မူ၏။
သူတို့ကို ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေးတို့ဖြင့် လိုက်လံညှဉ်းဆဲမည်။ မြေကြီးပေါ်ရှိတိုင်းနိုင်ငံအားလုံးတို့အတွက် ရွံရှာစရာဖြစ်စေမည်။ ငါနှင်ထုတ်၍သူတို့ရောက်လေရာအရပ်ရပ်တို့၌ ကျိန်ဆဲစရာ၊ ထိတ်လန့်စရာ၊ လှောင်ပြောင်စရာ၊ ကဲ့ရဲ့စရာ ဖြစ်စေမည်ဟူ၍ မိန့်တော်မူ၏။
ထို့ကြောင့် ထာဝရဘုရားက ‘သင်တို့သည် ကိုယ့်ညီအစ်ကိုချင်း၊ ကိုယ့်အိမ်နီးချင်းအတွက် လွတ်မြောက်ခွင့်ကြေညာရာ၌ ငါ့စကားကို နားမထောင်ကြ’ဟု မိန့်တော်မူ၏။ ထာဝရဘုရားက ‘ကြည့်ရှုလော့။ ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေးတို့ဖြင့် သင်တို့အတွက် လွတ်မြောက်ခွင့်ကို ငါကြေညာမည်။ မြေကြီးပေါ်ရှိ တိုင်းနိုင်ငံအားလုံးက သင်တို့ကို ကြောက်လန့်စရာအဖြစ် မြင်ကြလိမ့်မည်’ဟု မိန့်တော်မူ၏။
သူတို့သည် လူအုပ်ကြီးကိုခေါ်လာ၍ သင့်ကို ခဲနှင့်ပေါက်သတ်မည်။ ဓားဖြင့် အပိုင်းပိုင်းခုတ်ဖြတ်မည်။
ထာဝရဘုရားသည် သင့်ရန်သူတို့ရှေ့၌ သင့်ကိုရှုံးနိမ့်စေတော်မူမည်။ သင်သည် လမ်းတစ်လမ်းတည်းဖြင့် သူတို့ထံသို့လာသော်လည်း သူတို့ထံမှ လမ်းခုနစ်လမ်းဖြင့် ထွက်ပြေးရမည်။ မြေကြီးပေါ်ရှိတိုင်းနိုင်ငံအားလုံးအတွက် သင်သည် ထိတ်လန့်စရာဖြစ်မည်။