အီဂျစ်ပြည်၌သင်ပြုခဲ့သော ဖောက်ပြန်မှားယွင်းမှု၊ ညစ်ညမ်းမှုတို့ကို ငါအဆုံးသတ်စေမည်ဖြစ်၍ သင်သည် အီဂျစ်ပြည်ကို အမှတ်ရတော့မည်မဟုတ်၊ မျှော်ကြည့်တော့မည်မဟုတ်’ဟု မိန့်တော်မူ၏။
ငါသည်သင်၏ရာဂစိတ်ကိုလည်းကောင်း၊ အီဂျစ် ပြည်တွင်သင်ငယ်ရွယ်စဉ်အခါမှစ၍ ပြုကျင့် ခဲ့သောဆိုးညစ်ယုတ်မာမှုကိုလည်းကောင်း ရပ်စဲစေမည်။ သင်သည်နောင်အဘယ်အခါ၌ မျှရုပ်တုများကိုမျှော်ကြည့်ရတော့မည်မ ဟုတ်။ အီဂျစ်ပြည်အကြောင်းကိုလည်းစဉ်း စားရတော့မည်မဟုတ်'' ဟုမိန့်တော်မူ၏။
အိ ဂျစ် ပြည် တွင် ပြု ခဲ့ သော ပြည့် တန် ဆာ လုပ် ခြင်း များ ကို၊ ငါ ပြတ် စေ သ ဖြင့်၊ အိ ဂျစ် ပြည် ကို မ လွမ်း၊ ပြည် သား တို့ ကို လည်း မ မြော် ဘဲ နေ ရ လိမ့် မည် ဟု မိန့် ဆို ၏။
ထိုသို့သင်သည် နောက်တစ်ဖန် မျှော်မကြည့်၊ အဲဂုတ္တုပြည်ကို မအောက်မေ့စေခြင်းငှာ၊ သင်ပြုသောအဓမ္မအမှုနှင့် အဲဂုတ္တုပြည်မှပါသောအဓမ္မမေထုန်ကိုငါငြိမ်းစေမည်။
ဤနည်းဖြင့် ကိုယ်တော်သည် ယာကုပ်အမျိုး၏အပြစ်ကို ဖြေလွှတ်တော်မူ၏။ ယဇ်ပလ္လင်ကျောက်ရှိသမျှတို့ကို ထုံးကျောက်ကဲ့သို့ အစိတ်စိတ်အမွှာမွှာကျိုးပဲ့စေ၍ အာရှရနတ်ဘုရားမတံခွန်တိုင်များ၊ နံ့သာပေါင်းပူဇော်ရာယဇ်ပလ္လင်များကို ဖြိုလှဲခြင်းသည် သူ၏အပြစ်ကိုဖယ်ရှားသည့်အကြောင်းရင်း ဖြစ်၏။
သင့်အိမ်ကို မီးရှို့ပစ်မည်။ မိန်းမအများရှေ့တွင် ဒဏ်ခတ်မည်။ ဤသို့ဖြင့် သင်အဖိုးအခပေးပြီး ဖောက်ပြန်မှားယွင်းသောအမှုပြုခြင်းမှ ငါရပ်တန့်စေမည်။
သင့်ကို လူမျိုးတကာတို့အလယ်သို့ ကွဲလွင့်စေမည်။ အရပ်ရပ်သို့ ပျံ့နှံ့စေမည်။ သင်၏အညစ်အကြေးကို သင့်ထံမှ အကုန်အစင်ဖယ်ရှားပစ်မည်။
သို့သော် သူသည် အပျိုဖြန်းဘဝက အီဂျစ်ပြည်၌ ပြည့်တန်ဆာပြုခဲ့သည်ကို သတိရလျက် အထပ်ထပ်ဖောက်ပြန်မှားယွင်း၏။
သူတို့သည် အီဂျစ်ပြည်တွင် အပျိုဖြန်းဘဝကတည်းက ပြည့်တန်ဆာအလုပ်ကို လုပ်ကြ၏။ သူတို့၏သားမြတ်ကို အပွတ်သပ်ခံပြီး သူတို့၏အပျိုရည်ကို ပျက်စီးစေကြ၏။
‘အိုးပူလာ၍ ကြေးနီများနီရဲလာစေရန်၊ အိုးထဲရှိအညစ်အကြေးများ အရည်ပျော်လာပြီး ချေးတို့လောင်ကျွမ်းသွားစေရန် အိုးလွတ်တစ်လုံးကို မီးကျီးခဲပေါ်တင်လော့။
လူကိုချောင်းမြောင်းတိုက်ခိုက်သောဓားပြကဲ့သို့ ယဇ်ပုရောဟိတ်အုပ်စုသည် ရှေခင်မြို့လမ်းတွင် လူကိုသတ်၏။ သူတို့သည် ရှက်ဖွယ်အမှုကို ပြုကြ၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ထိုနေ့ရက်တွင် ထိုပြည်မှ ရုပ်တုတို့၏အမည်များကို ပြန်လည်အမှတ်ရခြင်း မရှိလေအောင် ငါ ပယ်ဖျက်ပစ်မည်။ ထိုနည်းတူ ထိုပြည်မှ ပရောဖက်များနှင့် ဝိညာဉ်ဆိုးများကိုလည်း ဖယ်ရှားပစ်မည်။