Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 23:27 - Common Language Bible

27 ငါ​သည်​သင်​၏​ရာ​ဂ​စိတ်​ကို​လည်း​ကောင်း၊ အီ​ဂျစ် ပြည်​တွင်​သင်​ငယ်​ရွယ်​စဉ်​အ​ခါ​မှ​စ​၍ ပြု​ကျင့် ခဲ့​သော​ဆိုး​ညစ်​ယုတ်​မာ​မှု​ကို​လည်း​ကောင်း ရပ်​စဲ​စေ​မည်။ သင်​သည်​နောင်​အ​ဘယ်​အ​ခါ​၌ မျှ​ရုပ်​တု​များ​ကို​မျှော်​ကြည့်​ရ​တော့​မည်​မ ဟုတ်။ အီ​ဂျစ်​ပြည်​အ​ကြောင်း​ကို​လည်း​စဉ်း စား​ရ​တော့​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

27 အိ ဂျစ် ပြည် တွင် ပြု ခဲ့ သော ပြည့် တန် ဆာ လုပ် ခြင်း များ ကို၊ ငါ ပြတ် စေ သ ဖြင့်၊ အိ ဂျစ် ပြည် ကို မ လွမ်း၊ ပြည် သား တို့ ကို လည်း မ မြော် ဘဲ နေ ရ လိမ့် မည် ဟု မိန့် ဆို ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

27 ထို​သို့​သင်​သည် နောက်​တစ်​ဖန် မျှော်​မ​ကြည့်၊ အဲ​ဂု​တ္တု​ပြည်​ကို မ​အောက်​မေ့​စေ​ခြင်း​ငှာ၊ သင်​ပြု​သောအ​ဓ​မ္မအမှုနှင့် အဲ​ဂု​တ္တု​ပြည်​မှပါသောအ​ဓမ္မမေ​ထုန်​ကို​ငါ​ငြိမ်း​စေ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

27 အီဂျစ်​ပြည်​၌​သင်​ပြု​ခဲ့​သော ဖောက်ပြန်မှားယွင်းမှု​၊ ညစ်ညမ်းမှု​တို့​ကို ငါ​အဆုံးသတ်​စေ​မည်​ဖြစ်၍ သင်​သည် အီဂျစ်​ပြည်​ကို အမှတ်ရ​တော့​မည်​မ​ဟုတ်​၊ မျှော်ကြည့်​တော့​မည်​မ​ဟုတ်’​ဟု မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 23:27
9 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည်​သင်​၏​အိမ်​များ​ကို​မီး​ရှို့​ကြ ပြီး​လျှင် သင်​အ​ပြစ်​ဒဏ်​ခံ​ရ​ပုံ​ကို​မြောက် မြား​စွာ​သော​အ​မျိုး​သ​မီး​တို့​အား​ပြ​ကြ လိမ့်​မည်။ သင်​၏​ပြည့်​တန်​ဆာ​အ​လုပ်​နှင့် ချစ်​သူ​တို့​အား လက်​ဆောင်​ပေး​ကမ်း​မှု​ကို ငါ​ရပ်​စဲ​စေ​မည်။-


သူ​သည်​အီ​ဂျစ်​ပြည်​တွင်​သူ​ငယ်​မ​အ​ရွယ် မှ​စ​၍​ပြု​ကျင့်​ခဲ့​သည့်​အ​တိုင်း ယ​ခု​လည်း ပြု​ကျင့်​ကာ​ပို​မို​ဆိုး​ရွား​သော​ပြည့်​တန် ဆာ​ဖြစ်​လာ​၏။-


သူ​တို့​သည်​ငယ်​ရွယ်​စဉ်​အ​ခါ​က အီ​ဂျစ် ပြည်​၌​နေ​ထိုင်​စဉ် ရင်​သား​ကို​ပွတ်​နယ်​ခံ​ရ လျက်​အ​ပျို​ရည်​ပျက်​၍​ပြည့်​တန်​ဆာ​များ ဖြစ်​သွား​ကြ​၏။-


ထို​အ​ခါ​ငါ​သည်​ဤ​ပြည်​တွင်​ရှိ​သည့် ရုပ်​တု​တို့​၏​နာ​မည်​နာ​မ​များ​ကို သုတ်​သင် ပယ်​ရှင်း​မည်​ဖြစ်​၍​ယင်း​တို့​ကို​နောက်​တစ် ဖန်​အ​ဘယ်​သူ​မျှ​အ​မှတ်​ရ​ကြ​တော့​မည် မ​ဟုတ်။ မိ​မိ​ကိုယ်​ကို​ပ​ရော​ဖက်​ဖြစ်​သည် ဟု​ဆို​သော​သူ​မှန်​သ​မျှ​ကို ငါ​ဖျောက်​ဖျက် ပစ်​မည်။ ရုပ်​တု​ဝတ်​ပြု​ကိုး​ကွယ်​လို​သည့် ဆန္ဒ​ကို​လည်း​ဖယ်​ရှား​ပစ်​မည်။-


သင်​၏​လူ​တို့​ကို​ငါ​သည်​အ​တိုင်း​တိုင်း​အ​ပြည် ပြည်​နှင့်​လူ​မျိုး​တ​ကာ​တို့​ထံ​သို့​ပျံ့​လွင့်​သွား စေ​လျက်​သင်​၏​ဆိုး​ညစ်​မှု​များ​ကို​ရပ်​စဲ​ပစ် မည်။-


ရုပ်​တု​ကိုး​ကွယ်​ရာ​ယဇ်​ပလ္လင်​ကျောက်​ရှိ​သ​မျှ သည် မြေ​ဖြူ​ကျောက်​ကဲ့​သို့​ထု​ထောင်း​ချေ​မှုန်း ခြင်း​ကို​ခံ​ရ​၍ အာ​ရှ​ရ​တံ​ခွန်​တိုင်​များ​နှင့် နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ရာ​ပလ္လင်​များ​မ​ကျန် မ​ရှိ​တော့​သည့်​အ​ချိန်​ကာ​လ​မ​ကျ​ရောက် မီ ဣ​သ​ရေ​လ​အ​မျိုး​သား​များ​သည် မိ​မိ​တို့ ၏​အ​ပြစ်​များ​မှ​ဖြေ​လွှတ်​ဖယ်​ရှား​လိမ့်​မည် မ​ဟုတ်။


ထို​နောက်​အိုး​လွတ်​ကို​နီ​ရဲ​လာ​အောင် မီး​ကျီး ခဲ​များ​အ​ပေါ်​တွင်​တင်​ထား​လော့။ ထို​အ​ခါ ချေး​ကို​မီး​စား​သ​ဖြင့် အိုး​သည်​ဘာ​သာ​ရေး ထုံး​နည်း​နှင့်​အ​ညီ​သန့်​စင်​လာ​လိမ့်​မည်။-


ယဇ်​ပု​ရော​ဟိတ်​များ​သည်​လု​ယက်​ရန်​ချုံ ခို​စောင့်​သော​ဋ္ဌား​ပြ​ဂိုဏ်း​ကဲ့​သို့​ကျင့်​ကြံ ကြ​သည်။ သူ​တို့​သည်​ရှေ​ခင်​မြို့​သို့​သွား ရာ​လမ်း​၌​ပင်​လျှင်​လူ​ကို​သတ်​ကြ​၏။ သူ တို့​သည်​ဤ​ကဲ့​သို့​ဆိုး​ရွား​သော​ရာ​ဇ​ဝတ် မှု​များ​ကို​ကူး​လွန်​ကြ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ