သင်သည် မရောင့်ရဲနိုင်ဘဲ အဆီးရီးယားပြည်သားတို့နှင့်လည်း ဖောက်ပြန်မှားယွင်းသေး၏။ ထိုသို့ သူတို့နှင့်ဖောက်ပြန်မှားယွင်းသည့်တိုင် သင်သည် အားရကျေနပ်ခြင်းမရှိ။
ယေဇကျေလ 23:12 - မြန်မာ့စံမီသမ္မာကျမ်း သူသည် အဆီးရီးယားအမျိုးသား ဘုရင်ခံများ၊ မင်းအရာရှိများ၊ စစ်ဝတ်တန်ဆာဝတ်ဆင်ထားသည့်စစ်သူရဲများ၊ မြင်းစီးသူရဲများ စသည့် ခန့်ညားချောမောသော လုလင်ပျိုအပေါင်းတို့ကို တပ်မက်၏။ Common Language Bible သူသည်လည်းတောက်ပြောင်သောဆင်တူဝတ် စုံများကို ဝတ်ဆင်ထားသည့်အာရှုရိမှူးမတ် အရာရှိများနှင့်မြင်းတပ်ဗိုလ်များအတွက် ရာဂစိတ်မွှန်၍နေ၏။ သူတို့အားလုံးသည် ရုပ်ရည်ချော၍ပျိုရွယ်သူများဖြစ်သတည်း။- Garrad Bible ပြည် နီး ချင်း အာ ရှု ရိ လူ မျိုး၊ မြင်း စီး သူ ရဲ၊ နှစ် သက် ဖွယ် လူ ပျို၊ ဆန်း ကြယ် စွာ ဝတ် သော မြို့ ဝန် မြို့ စား တို့ ကို တပ် မက် သည် နှင့်၊ Judson Bible တင့်တယ်သော အဝတ်ကိုဝတ်သော မိမိအိမ်နီးချင်း အာရှုရိအမျိုးသားဗိုလ်မင်း၊ ဝန်မင်း၊ ချစ်ဖွယ်သောလူပျို၊ မြင်းစီးသူရဲတို့ကို တပ်မက်၏။ |
သင်သည် မရောင့်ရဲနိုင်ဘဲ အဆီးရီးယားပြည်သားတို့နှင့်လည်း ဖောက်ပြန်မှားယွင်းသေး၏။ ထိုသို့ သူတို့နှင့်ဖောက်ပြန်မှားယွင်းသည့်တိုင် သင်သည် အားရကျေနပ်ခြင်းမရှိ။
သူသည် ကိုယ့်ကိုယ်ကိုယ်ညစ်ညူးစေသည်ကို ငါမြင်၏။ သူတို့နှစ်ယောက်စလုံး အကျင့်တူ၏။
ဘေဘီလုံပြည်ရှိ ခါလဒဲလူမျိုးများမှစ၍၊ ပေကုပ်လူမျိုး၊ ရှောလူမျိုး၊ ကောလူမျိုးတို့နှင့်တကွ သူတို့နှင့်အတူနေထိုင်သော အဆီးရီးယားလူမျိုးများ စသည့် ခန့်ညားသောမင်းအရာရှိလုလင်ပျိုများ၊ စစ်ဗိုလ်များ၊ နာမည်ကျော်ကြားသောတပ်မှူးများ၊ မြင်းစီးသူရဲများအားလုံးတို့ကို ငါခေါ်လာမည်။
သူသည် သူ့ချစ်သူတို့နောက်သို့လိုက်သော်လည်း မီမည်မဟုတ်။ သူတို့ကိုရှာသော်လည်း တွေ့မည်မဟုတ်။ ထိုအခါ သူက ‘ယခင်ယောက်ျားထံ ပြန်သွားမည်၊ သူသည် အခြားသူတို့ထက် ပိုကောင်း၏’ဟု ဆိုလိမ့်မည်။