တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၍
ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ ထံသို့ရောက်လာ၏။ ကိုယ်တော်က``အချင်းလူ သား၊ အခါတစ်ပါးကညီအစ်မနှစ်ယောက် ရှိ၏။-
တစ် ဖန်၊ ငါ သို့ ရောက် လာ သော ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ကား၊
တစ်ဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
“သင်က ‘ငါသည် မညစ်ညူး၊ ဗာလဘုရားတို့နောက်သို့မလိုက်’ဟု မည်သို့ဆိုနိုင်သနည်း။ ချိုင့်ဝှမ်းထဲ၌ သင်ပြုခဲ့သောအမှုကို ကြည့်လော့။ သင်ပြုခဲ့သောအရာကို သိမှတ်လော့။ သင်သည် လမ်းပေါ်၌ဟိုဟိုသည်သည်ပြေးလွှားသည့် လျင်မြန်သောကုလားအုတ်မပါတကား။
သင်သည် အဝတ်အစားအချို့ကိုယူပြီး အထွတ်အမြတ်ထားရာနေရာတို့ကို ရောင်စုံခြယ်လျက် မလုပ်သင့်၊ မလုပ်ထိုက်သော ဖောက်ပြန်မှားယွင်းခြင်းကိုပြု၏။
“အချင်းလူသား၊ သင့်ကို အစ္စရေးအမျိုးသားတို့ထံ၊ ငါ့ကိုဆန့်ကျင်ပုန်ကန်နေသော ပုန်ကန်တတ်သောလူမျိုးတို့ထံ စေလွှတ်မည်။ သူတို့နှင့် သူတို့ဘိုးဘေးတို့သည် ယနေ့တိုင်အောင် ငါ့ကိုပုန်ကန်လျက်ရှိ၏။
“အချင်းလူသား၊ လူသတ်သောမြို့ကို သင်စီရင်လော့၊ စီရင်လော့။ ထိုမြို့၌ပြုသမျှသော စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကို ဖော်ပြလော့။
ထို့ကြောင့် ငါ့အမျက်ဒေါသကို သူတို့အပေါ် သွန်ချမည်။ ငါ့အမျက်မီးဖြင့် သူတို့ကို လောင်ကျွမ်းစေမည်။ သူတို့ပြုကျင့်ခဲ့သည့်အတိုင်း သူတို့ခေါင်းပေါ်သို့ ပြန်ရောက်စေမည်”ဟု ဘုရားရှင်ထာဝရဘုရား မိန့်ဆို၏။
“အချင်းလူသား၊ တစ်မိတည်းဖွားသော ညီအစ်မနှစ်ယောက်ရှိ၏။
ဦးစွာဟောရှေအားဖြင့် ထာဝရဘုရားမိန့်ဆိုရာတွင် ထာဝရဘုရားက ဟောရှေအား “သင်သွား၍ ပြည့်တန်ဆာမိန်းမတစ်ဦးနှင့်စုံဖက်ပြီးလျှင် ပြည့်တန်ဆာသားသမီးတို့ကို မွေးဖွားလော့။ အကြောင်းမူကား ပြည်သည် အထပ်ထပ်ဖောက်ပြန်မှားယွင်းလျက် ထာဝရဘုရားထံမှ လမ်းလွဲသွားပြီ”ဟု မိန့်တော်မူ၏။
ငါ့လူမျိုးတော်သည် သစ်သားရုပ်တုကို မေးမြန်းတတ်၏။ တောင်ဝှေးသည်လည်း သူတို့ကို ပြောပြတတ်၏။ ပြည့်တန်ဆာပြုလိုစိတ်ကြောင့် လမ်းလွဲ၍ ဘုရားသခင်ကိုစွန့်ပယ်ကာ ပြည့်တန်ဆာလုပ်ကြ၏။
ထို့နောက် ခဲနှင့်လုပ်ထားသောအဖုံးကို ဖွင့်လိုက်သောအခါ မိန်းမတစ်ယောက် ဧဖာထဲတွင် ထိုင်နေသည်ကို တွေ့ရ၏။