ပြီးလျှင် ငါ့လက်ကို သင့်အပေါ်သို့ ပြန်ရောက်စေမည်။ သင်၌ကပ်နေသောချော်ကို ပြာရည်ဖြင့်ချွတ်ပစ်၍ သင်၌ရောနေသောခဲကို ငါအကုန်ဖယ်ရှားမည်။
ယေဇကျေလ 22:20 - မြန်မာ့စံမီသမ္မာကျမ်း လူတို့သည် ငွေ၊ ကြေးနီ၊ သံ၊ ခဲ၊ သံဖြူတို့ကို မီးပြင်းဖိုထဲသို့ထည့်ပြီး မီးမှုတ်အရည်ကြိုသကဲ့သို့ သင်တို့ကိုစုပြီး ငါ့အမျက်ဒေါသမီးထဲထည့်၍ သင်တို့ကို အရည်ကြိုမည်။ Judson Bible ငွေ၊ ကြေးနီ၊ ကြေးဖြူ၊ သံ၊ ခဲတို့ကို မီးမှုတ်၍ အရည်ကျိုခြင်းငှာ မိုက်ထဲ၌စုထားသကဲ့သို့၊ ထိုအတူ ငါသည် ပြင်းစွာအမျက်ထွက်လျက်၊ သင်တို့ကို ထိုမြို့ထဲ၌ စုထား၍ အရည်ကျိုမည်။ |
ပြီးလျှင် ငါ့လက်ကို သင့်အပေါ်သို့ ပြန်ရောက်စေမည်။ သင်၌ကပ်နေသောချော်ကို ပြာရည်ဖြင့်ချွတ်ပစ်၍ သင်၌ရောနေသောခဲကို ငါအကုန်ဖယ်ရှားမည်။
ကြည့်ရှုလော့။ မီးခဲကို မီးတောက်အောင်မှုတ်ပြီး လက်နက်ကိုထုတ်လုပ်တတ်သော ပန်းပဲဆရာကို ငါကိုယ်တော်တိုင်ဖန်ဆင်း၏။ ဖျက်ဆီးတတ်သော အဖျက်သမားကိုလည်း ငါကိုယ်တော်တိုင်ဖန်ဆင်း၏။
ပျက်စီးခြင်းတစ်ခုပြီးတစ်ခု လိုက်လာပြီ။ တစ်ပြည်လုံး ဖျက်ဆီးခြင်းခံရပြီ။ ငါ့တဲတို့သည် ရုတ်တရက်ဖျက်ဆီးခြင်းခံရပြီ။ ငါ့ရွက်ထည်တို့သည် တစ်ခဏချင်းတွင် ဖျက်ဆီးခြင်းခံရပြီ။
ထာဝရဘုရားက “ငါသည် သူတို့ကို အကုန်အစင်ဖျက်ဆီးမည်။ စပျစ်ပင်၌ စပျစ်သီးမကျန်။ သဖန်းပင်၌ သဖန်းသီးမကျန်။ အရွက်လည်း ညှိုးနွမ်းသွားလိမ့်မည်။ သူတို့အား ငါပေးသောအရာများကို သူတို့လက်လွတ်ဆုံးရှုံးရလိမ့်မည်”ဟု မိန့်တော်မူ၏။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘သင်တို့အားလုံး ချော်ဖြစ်သွားသောကြောင့် ကြည့်ရှုလော့။ ငါသည် သင်တို့ကို ဂျေရုဆလင်မြို့အလယ်မှာ စုဝေးစေမည်။
သင်တို့ကိုစုထားပြီး သင်တို့အပေါ် ငါ့အမျက်မီးမှုတ်ခြင်းဖြင့် သင်တို့အရည်ပျော်ရလိမ့်မည်။
ထို့ကြောင့် ငါ့အမျက်ဒေါသကို သူတို့အပေါ် သွန်ချမည်။ ငါ့အမျက်မီးဖြင့် သူတို့ကို လောင်ကျွမ်းစေမည်။ သူတို့ပြုကျင့်ခဲ့သည့်အတိုင်း သူတို့ခေါင်းပေါ်သို့ ပြန်ရောက်စေမည်”ဟု ဘုရားရှင်ထာဝရဘုရား မိန့်ဆို၏။
သင်ပြုသောညစ်ညမ်းမှုများကြောင့် သင့်ကိုအညစ်အကြေးများ ကပ်နေလေပြီ။ ငါသည် သင့်ကိုစင်ကြယ်အောင်လုပ်သော်လည်း သင်မစင်ကြယ်နိုင်။ သင့်အပေါ်ကျရောက်သော ငါ့အမျက်ဒေါသမပြေမချင်း သင်စင်ကြယ်ခွင့်ရမည်မဟုတ်။
ထိုပြည်တွင် လူ့အသက်ကို သတ်ကြ၏။ ရုပ်တုများဖြင့် ပြည်ကိုညစ်ညူးစေကြ၏။ ထို့ကြောင့် သူတို့အပေါ်တွင် အမျက်တော်ကို သွန်ချမည်။
သူတို့သည် လူမျိုးခြားတို့ထံမှ ချစ်သူများငှားရမ်းသော်လည်း သူတို့ကို ငါပြန်လည်စုစည်းမည်။ ဘုရင်နှင့် အကြီးအကဲတို့ တင်သောဝန်ကို လေးလံစွာထမ်းရသောကြောင့် သူတို့သည် ယုတ်လျော့စပြုလိမ့်မည်။