အဖျက်သမားတို့သည် တောကန္တာရရှိတောင်ကတုံးများပေါ်သို့ တက်လာကြပြီ။ ထာဝရဘုရား၏ဓားတော်သည် မြေကြီးစွန်းတစ်ဘက်မှ အခြားမြေကြီးစွန်းတစ်ဘက်တိုင်အောင် ဝါးမျိုလိမ့်မည်။ မည်သူမျှ ငြိမ်းချမ်းစွာနေရမည်မဟုတ်။
ယေဇကျေလ 21:4 - မြန်မာ့စံမီသမ္မာကျမ်း ငါ့ဓားကို ဓားအိမ်ထဲမှ ဆွဲထုတ်၍ သင့်အထဲမှ လူဆိုးလူကောင်းမကျန် ငါသုတ်သင်မည်ဖြစ်သောကြောင့် တောင်အရပ်မှမြောက်အရပ်တိုင်အောင် လူအားလုံး သုတ်သင်ခံရလိမ့်မည်။ Common Language Bible ယင်းသို့လူဆိုးလူကောင်းမရွေးသုတ်သင် ပစ်ရန် ငါသည်မြောက်အရပ်မှနေ၍တောင် အရပ်သို့တိုင်အောင် ရှိသမျှသောလူတို့ ကိုဋ္ဌားတော်ဖြင့်စီရင်မည်ဖြစ်ကြောင်း၊- Garrad Bible မ သူ တော် ကို၊ သူ တော် ကောင်း ပါ၊ ငါ ပယ် ရှား အံ့ သည် နှင့် အ ညီ၊ တောင် ပိုင်း က၊ မြောက် ပိုင်း အ ထိ၊ လူ အ ပေါင်း တို့ ဆန့် ကျင် ဘက်၊ ဓား တော် ထွက် သ ဖြင့်၊ Judson Bible ထိုသို့သင်၌ တရားသောသူ၊ မတရားသော သူတို့ကို ပယ်ဖြတ်စရာအကြောင်း ရှိသောကြောင့်၊ ငါ့ဓားသည် တောင်ဘက်မှသည် မြောက်ဘက်သို့တိုင်အောင်၊ ခပ်သိမ်းသောသတ္တဝါတို့ကို ရန်ဘက်ပြု၍ မိမိအိမ်မှ ထွက်ရလိမ့်မည်။ |
အဖျက်သမားတို့သည် တောကန္တာရရှိတောင်ကတုံးများပေါ်သို့ တက်လာကြပြီ။ ထာဝရဘုရား၏ဓားတော်သည် မြေကြီးစွန်းတစ်ဘက်မှ အခြားမြေကြီးစွန်းတစ်ဘက်တိုင်အောင် ဝါးမျိုလိမ့်မည်။ မည်သူမျှ ငြိမ်းချမ်းစွာနေရမည်မဟုတ်။
ထို့နောက် ထိုသူတို့အား “အစ္စရေးလူမျိုးတို့၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘သင်တို့ထံ ငါစေလွှတ်သောဓားကြောင့် သောက်၍ မူးကြ၊ အန်ကြ၊ လဲကြ။ သင်တို့ ပြန်ထနိုင်မည်မဟုတ်’ဟူ၍ မိန့်တော်မူသည်”ဟု သင်ဆင့်ဆိုရမည်။
“သို့မဟုတ် တိုင်းပြည်တွင် ဓားဘေးကျရောက်စေ”ဟု ငါအမိန့်ပေးသဖြင့် ဓားဘေးကျရောက်၍ လူနှင့်တိရစ္ဆာန်တို့ကို သုတ်သင်ပယ်ရှင်းပစ်မည်ဆိုပါစို့။
“အချင်းလူသား၊ တောင်ဘက်သို့ မျက်နှာမူပြီး တောင်ဘက်အရပ်ကို ဆန့်ကျင်ဟောပြောလော့။ တောင်ဘက်ရှိတောအုပ်ကို ဆန့်ကျင်၍ ပရောဖက်ပြုလော့။
တောင်ဘက်ရှိတောအုပ်အား ‘ထာဝရဘုရား၏စကားကို နားထောင်လော့။ ဘုရားရှင်ထာဝရဘုရားက ကြည့်ရှုလော့။ သင့်ကို မီးရှို့သဖြင့် သင်၌ရှိသောစိမ်းလန်းသောအပင်၊ ခြောက်သွေ့သောအပင် ရှိသမျှတို့ကို မီးလောင်ကျွမ်းလိမ့်မည်။ တောက်လောင်သောမီးသည် မငြိမ်းဘဲ တောင်ဘက်မှ မြောက်ဘက်တိုင်အောင် မြေတစ်ပြင်လုံးကို လောင်လိမ့်မည်။
ဓားကိုပြောင်လက်အောင်၊ ထက်အောင် သွေးပြီး သတ်ပွဲကြီးဖြစ်တော့မည်ကို ငါတို့ဝမ်းသာရမည်လော။ ငါ့သား၏ရာဇလှံတံသည်လည်း အခြားသစ်ပင်များနည်းတူ သုတ်သင်ပယ်ရှင်းခံရတော့မည်။
“အချင်းလူသား၊ ပရောဖက်ပြု၍ ဤသို့ဆင့်ဆိုလော့။ ဘုရားရှင်က ‘ဓားတစ်လက်ရှိ၏။ ထိုဓားကိုထက်အောင်၊ ပြောင်လက်အောင် သွေးထားလေပြီ။
“အချင်းလူသား၊ အစ္စရေးပြည်အား ဘုရားရှင်ထာဝရဘုရားက ‘သူ၏နိဂုံးချုပ်ချိန်သည် ရောက်လာပြီ။ ပြည်တစ်ပြည်လုံး နိဂုံးချုပ်ချိန်ရောက်လေပြီ။