ထိုမီးကို ငါထာဝရဘုရားရှို့ကြောင်း လူအပေါင်းတို့ သိရကြလိမ့်မည်။ ထိုမီးသည် ငြိမ်းလိမ့်မည်မဟုတ်ဟု မိန့်တော်မူသည်’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်ဆို၏။
ထိုမီးကိုငါထာဝရဘုရားမွှေးတော်မူကြောင်း ယင်းကိုအဘယ်သူမျှမငြိမ်းမသတ်နိုင် ကြောင်းလူအပေါင်းတို့သိရှိကြလိမ့်မည်'' ဟုမြွက်ဆိုတော်မူကြောင်းဆင့်ဆိုလော့ဟု မိန့်တော်မူ၏။
မ ငြိမ်း နိုင် အောင် ထို မီး ကို ငါ ထာ ဝ ရ ဘု ရား မွေး ခဲ့ ကြောင်း၊ လူ အ ပေါင်း တို့ သိ မြင် ရ ကြ လ တ္တံ့ ဟု၊ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် ကို ဆင့် ဆို လော့ ဟူ သော ဗျာ ဒိတ် တော် ရောက် လာ သော်၊
ထိုမီးကို ငါထာဝရဘုရားညှိကြောင်းကို၊ သတ္တဝါအပေါင်းတို့သည် သိရကြလိမ့်မည်။ ထိုမီးသည်မငြိမ်းရဟု မိန့်တော်မူ၏။
အို ထာဝရဘုရား၊ ကိုယ်တော်သည် လက်တော်ကိုမြှောက်သော်လည်း သူတို့မမြင်။ ကိုယ်တော်၏လူမျိုးတော်အတွက် ကိုယ်တော်စိတ်အားထက်သန်တော်မူသည်ကို သူတို့တွေ့မြင်၍ ရှက်ကြောက်ကြပါစေ။ ကိုယ်တော်၏ရန်သူတို့ကို လောင်ကျွမ်းမည့်မီးသည် သူတို့ကိုလောင်ကျွမ်းပါစေ။
သင်တို့သည် ဥပုသ်နေ့၌ ဂျေရုဆလင်မြို့တံခါးကိုဖြတ်၍ ဝန်ထုပ်ကိုမသယ်ဆောင်ရ။ ဥပုသ်နေ့ကိုသန့်ရှင်းအောင်စောင့်ထိန်းရမည်ဟူသော ငါ့စကားကို နားမထောင်လျှင် ငါသည် မြို့တံခါးကိုမီးရှို့၍ ဂျေရုဆလင်မြို့၏ခံတပ်များကို လောင်ကျွမ်းစေမည်။ ထိုမီးသည် ငြိမ်းလိမ့်မည်မဟုတ်ဟု မိန့်တော်မူပြီ’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
ထာဝရဘုရားက “အို ဒါဝိဒ်အမျိုးအနွယ်တို့၊ နံနက်တိုင်း တရားသဖြင့်စစ်ကြောစီရင်ကြလော့။ နှိပ်စက်ခံရသူကို နှိပ်စက်သောသူ၏လက်မှ ကယ်နုတ်လော့။ သို့မဟုတ်လျှင် သင်တို့၏ဆိုးညစ်သောလုပ်ရပ်ကြောင့် ငါ့အမျက်သည် မည်သူမျှမငြှိမ်းနိုင်အောင် မီးကဲ့သို့တောက်လောင်လိမ့်မည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရားက “ငါသည် သင်တို့လုပ်ဆောင်မှုအကျိုးအပြစ်အလျောက် သင်တို့ကို ဒဏ်ခတ်မည်။ သင်တို့တောကိုမီးရှို့သဖြင့် သင်တို့နေရာပတ်ပတ်လည်ကို လောင်ကျွမ်းလိမ့်မည်”ဟု မိန့်တော်မူ၏။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ ငါ့အမျက်ဒေါသသည် ဤအရပ်နှင့်တကွ လူ၊ တိရစ္ဆာန်၊ ကွင်းပြင်ရှိသစ်ပင်၊ မြေအသီးအနှံတို့အပေါ် သွန်ချမည်။ ငါ၏ဒေါသသည် မငြိမ်းဘဲတောက်လောင်လိမ့်မည်”ဟု မိန့်တော်မူ၏။
အကိုင်းတစ်ကိုင်းမှ မီးထွက်လာ၍ အသီးတို့ကို လောင်ကျွမ်းလေ၏။ ထို့ကြောင့် ရာဇလှံတံအဖြစ် အသုံးပြုနိုင်သည့် သန်မာသောအကိုင်းအခက်တစ်ခုမျှမရှိတော့ပေဟု သီဆိုလော့။ ဤသည်ကား ငိုကြွေးမြည်တမ်းစရာ ငိုချင်းတစ်ပုဒ်ပေတည်း’ဟူ၍ မြွက်ဆိုလော့”ဟု မိန့်ဆို၏။
သင်သည် လောင်စာဖြစ်မည်။ ဤပြည်တွင် သင်အသတ်ခံရမည်။ သင့်ကို အောက်မေ့တော့မည်မဟုတ်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။