ထာဝရဘုရားသည် တရားစီရင်တော်မူခြင်းအားဖြင့် မိမိအကြောင်းကိုထင်ရှားစေတော်မူပြီ။ ဆိုးယုတ်သောသူသည် မိမိလက်ဖြင့်ပြုလုပ်ထားသောအရာ၌ ကျော့မိလေပြီ။(ဟိဂ္ဂယွန်။စေလာ)
ယေဇကျေလ 20:38 - မြန်မာ့စံမီသမ္မာကျမ်း ငါ့ကို ပုန်ကန်သောသူ၊ ပြစ်မှားသောသူတို့ကို ငါသုတ်သင်ပစ်မည်။ သူတို့ကို တည်းခိုနေထိုင်ရသောပြည်မှထုတ်ဆောင်လာမည်ဖြစ်သော်လည်း အစ္စရေးပြည်ထဲသို့ သူတို့ဝင်ရမည်မဟုတ်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိရမည်’ဟု မိန့်တော်မူ၏။ Common Language Bible သင်တို့အနက်ပုန်ကန်သူများနှင့်တော်လှန် သူများကိုဖယ်ရှားပစ်မည်။ သူတို့ကိုမိမိ တို့ယခုနေထိုင်ရာပြည်များမှထွက်သွား စေမည်။ သို့ရာတွင်ဣသရေလပြည်သို့ပြန် လာခွင့်ပြုမည်မဟုတ်။ ထိုအခါငါသည် ထာဝရဘုရားဖြစ်တော်မူကြောင်း သင်တို့ သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ Garrad Bible ငါ့ အား ပုန် ကန် သူ၊ လွန် ကျူး သူ တို့ ကို၊ တည်း ခို ရာ ပြည် မှ ထုတ် ဆောင် သော် လည်း၊ သင် တို့ ဘောင် က ချွတ် ပစ် လျက်၊ ဣ သ ရေ လ ပြည် ထဲ သို့ ဝင် ခွင့် မ ပေး သည့် အ လျောက်၊ ထာ ဝ ရ ဘု ရား ငါ ဖြစ် သည် ကို၊ သင် တို့ သိ ရ ကြ လ တ္တံ့ ဟု မိန့် တော် မူ ကြောင်း၊ Judson Bible ငါ့ကိုပုန်ကန်၍ ပြစ်မှားသောသူတို့ကို သင်တို့ထဲကနုတ်ပယ်မည်။ သူတို့သည် တည်းနေသောပြည်မှ ထွက်သွားရသော်လည်း၊ ဣသရေလပြည်သို့ မဝင်ကြရ။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။ |
ထာဝရဘုရားသည် တရားစီရင်တော်မူခြင်းအားဖြင့် မိမိအကြောင်းကိုထင်ရှားစေတော်မူပြီ။ ဆိုးယုတ်သောသူသည် မိမိလက်ဖြင့်ပြုလုပ်ထားသောအရာ၌ ကျော့မိလေပြီ။(ဟိဂ္ဂယွန်။စေလာ)
ထို့ကြောင့် “သူတို့သည် ငါ၏ငြိမ်ဝပ်ရာချမ်းသာထဲသို့ ဝင်ရကြမည်မဟုတ်”ဟု အမျက်တော်ဖြင့် ငါကျိန်ဆို၏။
ထာဝရဘုရားက နဟေလံအမျိုး ရှေမာယသည် ငါ့ကို ပုန်ကန်ပြောဆိုသောကြောင့် ကြည့်ရှုလော့။ ငါသည် သူနှင့်သူ၏သားစဉ်မြေးဆက်တို့ကို ဒဏ်ခတ်မည်။ ဤလူမျိုးထဲတွင် သူ၏သားစဉ်မြေးဆက်တစ်ယောက်မျှ အသက်ရှင်နေထိုင်ရမည်မဟုတ်ဟု မိန့်တော်မူ၏။ တစ်ဖန် ထာဝရဘုရားက ငါ့လူမျိုးတော်အတွက် ငါပြုပေးသောကောင်းကျိုးချမ်းသာကို သူတို့ခံစားရမည်မဟုတ်”ဟု မိန့်ဆို၏။
အီဂျစ်ပြည်သို့သွားရောက်နေထိုင်သောယုဒအမျိုးအကြွင်းအကျန်တို့တွင် လွတ်မြောက်သောသူ၊ အသက်ရှင်ကျန်ရစ်သောသူ တစ်ယောက်မျှရှိမည်မဟုတ်။ ယုဒပြည်သို့ ပြန်လာနေထိုင်လိုသော်လည်း ပြန်လာခွင့်ရမည်မဟုတ်။ လွတ်မြောက်သောသူသာ ပြန်လာရလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
သို့သော် စက်ဆုပ်ရွံရှာဖွယ်ရာများနောက်သို့လိုက်လိုသော စိတ်ဆန္ဒပြင်းပြသောသူတို့ကိုမူ သူတို့ပြုကျင့်သည့်အတိုင်း သူတို့ခေါင်းပေါ်သို့ပြန်ရောက်စေမည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆိုလေ၏။
တစ်ဖန် ဘုရားရှင်ထာဝရဘုရားက ‘မဟုတ်မမှန်သောနိမိတ်ကိုမြင်၍ ဂမ္ဘီရအတတ်ဖြင့် လိမ်ညာပြောဆိုသော ပရောဖက်တို့ကို ငါဆန့်ကျင်မည်။ သူတို့သည် ငါ့လူမျိုးတော်အစုအဝေးထဲတွင် မနေရ။ အစ္စရေးအမျိုးအနွယ်စာရင်းတွင် သူတို့မပါဝင်ရ။ အစ္စရေးပြည်သို့ ပြန်လာရမည်မဟုတ်။ သို့မှ ငါသည် ဘုရားရှင်ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိကြလိမ့်မည်။
ငါသည် သူတို့ထံမှ မျက်နှာလွှဲမည်။ သူတို့သည် မီးဘေးတစ်ခုမှလွတ်မြောက်လျှင်လည်း နောက်မီးဘေးတစ်ခုက သူတို့ကိုလောင်ကျွမ်းနေဦးမည်။ ထိုသို့ ငါမျက်နှာလွှဲထားသောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိကြလိမ့်မည်’ဟု မိန့်တော်မူ၏။
ပြည်တကာတို့ထက် သာယာဝပြောသောပြည်ဖြစ်၍ ‘နို့နှင့်ပျားရည်စီးသောပြည်’ ဖြစ်သည့် သူတို့အားငါပေးသောပြည်သို့ သူတို့ကို မပို့ဆောင်တော့ဟု တောကန္တာရတွင် ငါကျိန်ဆိုခဲ့၏။
သူတို့သည် ရုပ်တုများနောက်သို့ စိတ်ပါသွားကြသောကြောင့် ငါ့စီရင်ထုံးဖွဲ့ချက်တို့ကို စွန့်ပယ်၍ ငါ့ပြဋ္ဌာန်းချက်တို့ကို မလိုက်လျှောက်၊ ဥပုသ်နေ့ကိုလည်း ညစ်ညူးစေကြ၏။
ငါသည် အမျက်တော်ကိုသွန်ချ၍ လက်ရုံးတော်ကိုဆန့်လျက် တန်ခိုးကြီးသောလက်တော်ဖြင့် သင်တို့ကို လူမျိုးတကာတို့ထံမှ ထုတ်ဆောင်လာမည်၊ သင်တို့ကွဲလွင့်ရာအရပ်ရပ်တို့မှ ပြန်လည်စုစည်းမည်။
သူတို့သည် သင်ပြုခဲ့သောညစ်ညမ်းမှုအပြစ်ကို ပြန်ခံစေမည်။ ရုပ်တုနောက်လိုက်သည့်အပြစ်တို့ကို သင်ပြန်ခံရမည်။ သို့မှ ငါသည် ဘုရားရှင်ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
သင်တို့တွင် လူတို့ လဲကျသေဆုံးကြလိမ့်မည်။ ထိုအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိကြလိမ့်မည်။
ကိုယ်တော်သည် ငွေကိုချွတ်၍သန့်စင်စေသောသူကဲ့သို့ ထိုင်တော်မူလျက် လေဝိသားမြေးတို့ကို သန့်စင်စေတော်မူမည်။ သူတို့ကို ရွှေငွေကဲ့သို့ သန့်စင်စေ၍ သူတို့သည်လည်း ထာဝရဘုရားထံ ဖြောင့်မတ်ခြင်းပူဇော်သက္ကာကို ဆက်သရကြလိမ့်မည်။
လက်တော်၌လည်း ဆန်ကောကိုကိုင်ထားလျက် မိမိ၏ကောက်နယ်တလင်းကို အကုန်အစင်ရှင်းလင်းပြီး မိမိ၏ဂျုံဆန်ကို ကျီ၌စုသိမ်း၍ အဖျင်းကိုကား မငြိမ်းနိုင်သောမီးဖြင့်ရှို့တော်မူလိမ့်မည်”ဟု ဆိုလေ၏။
သို့သော် ဘုရားသခင်သည် သူတို့ထဲမှ အများစုကို နှစ်သက်တော်မမူခဲ့ပေ။ ထို့ကြောင့် သူတို့သည် တောကန္တာရ၌ သေကျေပျက်စီးခဲ့ကြရ၏။
ယုံကြည်သောငါတို့မူကား ငြိမ်ဝပ်ရာချမ်းသာထဲသို့ ဝင်ရကြ၏။ ဤသည်ကား “အမျက်တော်အားဖြင့် ငါတိုင်တည်ပြောဆိုသကဲ့သို့ သူတို့သည် ငါ၏ငြိမ်ဝပ်ရာချမ်းသာထဲသို့ ဝင်ရကြမည်မဟုတ်”ဟု မိန့်တော်မူသည့်အတိုင်းဖြစ်၏။ သို့ရာတွင် အမှုတော်များသည် ကမ္ဘာတည်ကတည်းက ပြီးမြောက်ပြီဖြစ်၏။
သို့ဖြစ်၍ ထိုငြိမ်ဝပ်ရာချမ်းသာထဲသို့ဝင်ရသောအခွင့်သည် အချို့သောသူတို့အတွက်ရှိသေး၏။ ကောင်းမြတ်သောသတင်းကို ရှေးဦးစွာကြားရသောသူတို့သည် မနာခံမှုကြောင့် မဝင်ခဲ့ရကြချေ။
သင်တို့သည် ဤအရာအားလုံးကိုသိကြပြီဖြစ်သော်လည်း သင်တို့ကို ငါသတိပေးနှိုးဆော်လိုသည်မှာ ထာဝရဘုရားသည် လူမျိုးတော်ကို အီဂျစ်ပြည်မှ အပြီးအပိုင်ကယ်လွှတ်တော်မူပြီးနောက် မယုံကြည်သောသူတို့ကို တစ်ဖန်ဖျက်ဆီးတော်မူ၏။